သူတို့အိမ် အခန်း (၂၁၃)

ဆူးငှက်     စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာ ———————————————- တကယ်တော့ အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူဖို့ဆောင် ပြီးစီးသဖြင့် အောင်ပင်လယ်ကန် ဟု အမည်သမုတ်ခဲ့သည်။ အောင်ပင်လယ်ကန်သည် အလျားတာ သုံးထောင်၊ လယ်ပယ်သုံးသောင်း ကို သုံးသီးစား စိုက်ပျိုးနိုင်သည်ဟု ဆို၏။ မင်းရှင်စော ဆည်တော်မူခဲ့သော အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့တွင် နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိ ဘုရားအနီး ယာယီတဲနန်း၌ စံမြန်းတော်မူပြီး ထပ်မံ ဆည်ဖို့ ပြုပြင်တော်မူ ပြန်သည်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရ ရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက…

Read More

တောင်​ပေါ် ​တန့်ယန်းမှာ ​ရေလျှံ​နေ

စက်တင်ဘာ ၅-၂၀၂၆ CM(VOM) ရှမ်းမြောက်၊ တန့်ယန်းမြို့မှာ ညလုံးပေါက်မိုးရွာတာကြောင့် နမ့်ဟောင်ချောင်းရေလျှံပြီးရေချောင်းအနီးက ရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပါတယ်။ “အခုလိုရေမကြီးတာလေးငါးနှစ်ရှိပြီ။ဒီနှစ်ကျမှဘယ်လိုဖြစ်တယ်မသိဘူး။ချက်ချင်းကြီးထိုးတက်လာတာများအိမ်တောင်မြုပ်တော့မလားပဲ”လို့ရပ်ကွက်(၁၀)မှာနေထိုင်သူကပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အမြင့်ဆုံးဖြစ်တဲ့လွယ်လိန်းတောင်ခြေကနေ ဖြစ်တည်လာတဲ့နမ့်ဟောင်ချောင်းဟာတန့်ယန်းမြို့ရပ်ကွက်(၁)၊(၆)(၃)(၈)(၉)နဲ့ရပ်ကွက်(၁၀)တို့ကိုဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီးအခုလိုမိုးကြီးပြီးချောင်းရေလျှံတဲ့အခါချောင်းအနီးမှာနေထိုင်သူတွေ ရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတာဖြစ်တယ်။ “ရေကမနက်စောစောကနေစကြီးတာပဲ၊အဆိုးဆုံးကရပ်ကွက်(၁၀)ချောင်းဘေးကပ်လျက်ကအိမ်တွေပဲ။ကလေးတွေနဲ့လူကြီးရွယ်အိုတွေရှိတဲ့အိမ် ငါးခြောက်အိမ်လောက်ကိုတော့ကျွန်တော်တို့အဖွဲ့ကရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။ရေဆက်တက်လာရင်ထမင်းထုပ်တွေပါဝေဖို့စောင့်ကြည့်ပေးနေပါတယ်”လို့ မွတ်စလင်သာရေးနာရေးအသင်းကအဖွဲ့ဝင်တ​ယောက်ကပြောပါတယ်။ တန့်ယန်းမြို့ဟာ ပင်လယ်ရေမျက်နှာပြင်(၃၁၁၆)ပေအမြင့်ရှိပြီးမြို့အနေအထားကဒယ်အိုးပုံစံဖြစ်နေပါတယ်။တောင်တွေပတ်လည်ဝန်းရံထားလို့မိုးကြီးလာတဲ့အခါတောင်ကျရေတွေကနေတဆင့် ရေကြီးရေလျှံမှုတွေမကြာခဏဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

Read More

တရုတ်ဘက် ဖမ်းဆီးခံရလို့ ကချင်နယ်စပ်ဘက် ပြန်ပို့ခံရတဲ့သူတွေ KIAရဲ့ စစ်သားစုဆောင်းခံရ

စက်တင်ဘာ ၅၊ ၂၀၂၆ Shv(VOM) တရုတ်ဘက်မှာ ဖမ်းဆီးခံရလို့ ကချင်နယ်စပ်ဘက် ပြန်ပို့ခံရတဲ့သူတွေ စစ်သားစုဆောင်းခံရကြောင်း ပြန်ပို့ခံရသူတွေဆီက သိရပါတယ်။ “လွယ်ဂျယ်ဘက် ပြန်ပို့ခံရတာ။ ကျမတို့ ၉ ယောက်။ အကုန်လုံးကို KIA တပ်ထဲ ခေါ်သွားတာ” လို့ ပြန်ပို့ခံရသူ အမျိုးသမီး တယောက်က ပြောပါတယ်။ သူတို့ တပ်ထဲ ခေါ်သွား ခံရသူတွေကို ၆ လ ‌ခန့် အလုပ်လုပ်ပေးရမယ်လို့ ပြောတယ်လို့ သူက ပြောပါတယ်။ စကားမပေါက်တဲ့ သူနဲ့ ကလေး မိခင်တွေကိုပဲ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ “တရုတ်ဘက် လူသတ်မှု ဖြစ်လို့ မြန်မာ နိုင်ငံသားတွေကို လိုက်စစ်ပြီး ဖမ်းပို့နေတာလို့ ပြောတယ်။” လို့ နယ်စပ်ဒေသခံ တယောက်ကလည်း ပြောပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရပေမယ့် လတ်တလော စိုက်ခင်းတွေဘက်…

Read More
VOM News

FREE
VIEW