စင်းခန်း တံတားထိပ် ဗုံးကြဲဖျက်ဆီးခံရ

စက်တင်ဘာ ၆၊ ၂‌၀၂‌၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ဧရာဝတီ မြစ်ကူးတံတားဖြစ်တဲ့ စင်းခန်း တံတားထိပ်ကို ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့က လေကြောင်း ဗုံးကြဲ ဖျက်ဆီး ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တံတားထိပ်မှာ လေယာဉ် ဗုံးကျတာ။ အောက်ကနေ တက်တဲ့ လှေကားထိပ်နား အပေါက် အကြီးကြီး ပေါက်သွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
တံတား သံဘောင်တွေလည်း ကွေးသွားပြီး တံတားခြေရင်းဘက်လည်း နည်းနည်း ပျက်သွားတယ်လို့ ဆိုပါတယ်။
“တောက အဖွဲ့တွေ ‌ေအာက်မှာ ရှိတယ်ထင်လို့ ကြဲလိုက်တာထင်တယ်။ မြေကြီးထဲလည်း ထိထားတဲ့ နေရာ နက်တယ်” လို့ နောက်ထပ် အမျိုးသား တယောက်ကလည်း ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့မှာလည်း စင်းခန်းရွာထဲ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်တယ်လို့ သူက ပြောပါတယ်။’
အစိုးရတပ်ဘက်ကတော့ မန္တလေး ဂေါဝိန်ဆိပ် ကနေ စစ်ကူ ရေယာဉ် တချို့ အထက်ဘက် ထပ်မံ ဆန်တက်လာကြောင်းလည်း သိရတယ် ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း အစိုးရတပ်ရဲ့ စစ်ကူရေယာဉ် တချို့ ဗန်းမော်ဘက် ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Photoး AI

Related posts

Leave a Comment

VOM News

FREE
VIEW