လားရှိုးခရိုင် ရဲစခန်းအနီးက နေအိမ်တအိမ်မှာ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ဖြစ်ပွား

မေ ၃၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ခရိုင်ရဲစခန်းအနီးက နေအိမ်တအိမ်မှာ မေလ ၂ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ခန့်က ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုး တက္ကသိုလ်နားက ခရိုင်ရဲစခန်းရဲ့ အနောက်ဘက်ကျမယ်။ ကျောချင်းကပ်။ ပြန်ပေးဆွဲဖို့ လုပ်နေတာကို အဲဒီ ပြန်ပေးဆွဲခံရမယ့်လူက တခါထဲ အနောက်ပေါက်ကနေ ထွက်ပြေးသွားတယ်။ ထွက်ပြေးပြီးတော့ ခရိုင်ရဲကို သွားတိုင်တယ်” လို့ ရပ်ကွက် ၁ က ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လူတစုက ဓားပြတိုက် ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲဖို့ လုပ်တဲ့ ကားနဲ့ ကားနံပါတ်တော့ ရထားပေမယ့် ပြန်ပေးဆွဲဖို့ လုပ်တဲ့လူတွေကိုတော့ မမိဘူးလို့ သူက ပြောပါတယ်။
အခင်းဖြစ်တဲ့အိမ်ဟာ အလှကုန်ရောင်းတဲ့ နေအိမ်ဖြစ်ပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ယောက်က ကားတစီးနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ပြန်ပေးဆွဲဖို့ ကြိုးပမ်းတဲ့ လူတွေ လွတ်သွားတယ်။ အိမ်ရှင်ကလည်း ကားဟွန်းဆက်တိုက် တီးပြီး ကားနဲ့မောင်း ထွက်ပြေးနိုင်ခဲ့လို့ ပြန်ပေးဆွဲခံရလုနီးနီးမှာ သီသီလေး လွတ်မြောက်ခဲ့တာလို့ သိရတယ်” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာလည်း ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတယောက်ကို အမျိုးသား နှစ်ယောက်က ကားဝယ်မယ်ဆိုပြီး လားရှိုးမြို့ ရပ်ကွက် ၁ ၊ ဗျူဟာလမ်း၊ ပန်ဝိုင်လမ်းသွယ်မှာ ချိန်းဆိုကာ ကားမောင်းစမ်းမယ်လို့ လိမ်လည် ခေါ်သွားပြီး လူကိုသတ် ကားလုယက်တာ ခံခဲ့ရပါသေးတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW