မေ ၃၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ခရိုင်ရဲစခန်းအနီးက နေအိမ်တအိမ်မှာ မေလ ၂ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ခန့်က ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး တက္ကသိုလ်နားက ခရိုင်ရဲစခန်းရဲ့ အနောက်ဘက်ကျမယ်။ ကျောချင်းကပ်။ ပြန်ပေးဆွဲဖို့ လုပ်နေတာကို အဲဒီ ပြန်ပေးဆွဲခံရမယ့်လူက တခါထဲ အနောက်ပေါက်ကနေ ထွက်ပြေးသွားတယ်။ ထွက်ပြေးပြီးတော့ ခရိုင်ရဲကို သွားတိုင်တယ်” လို့ ရပ်ကွက် ၁ က ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လူတစုက ဓားပြတိုက် ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲဖို့ လုပ်တဲ့ ကားနဲ့ ကားနံပါတ်တော့ ရထားပေမယ့် ပြန်ပေးဆွဲဖို့ လုပ်တဲ့လူတွေကိုတော့ မမိဘူးလို့ သူက ပြောပါတယ်။ အခင်းဖြစ်တဲ့အိမ်ဟာ…
Read MoreDay: May 3, 2026
မော်လူးမြို့ ၇ မိုင်အကွာအထိ အစိုးရစစ်ကြောင်း ရောက်ရှိနေ
မေ ၃ – ၂၀၂၆ SN (VOM) အစိုးရတပ်တွေဟာ စစ်ကိုင်းတိုင်း (အထက်ပိုင်း) ရှိ အင်းတော်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် အဲဒီမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်တဲ့ မော်လူးမြို့ကို ဆက်လက် ထိုးစစ်ဆင်နေတာမှာ လက်ရှိမှာတော့ မြို့ရဲ့ ၇ မိုင်အကွာလောက်အထိ စစ်ကြောင်း ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မေ ၂ ရက်၊ မနက်ပိုင်းကစပြီး အင်းတော်၊ နဘားလမ်းဆုံဘက်ကနေ မော်လူးမြို့ဘက်ကို မြေပြင်စစ်ကြောင်းအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ “မော်လူးမှာတော့ ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ မြို့ထဲမှာ လူမရှိသလောက် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကတည်းက စပြီး ရှောင်ကုန်ကြတာပေါ့။ မိုးညှင်းဘက်က စစ်ကြောင်းလည်း မော်လူးထဲဝင်မယ်၊ အင်းတော်ဘက်ကလာတဲ့ စစ်ကြောင်းလည်း လာမယ်ဆို…
Read Moreသူတို့အိမ် အခန်း (၁၀၁)
ဆူးငှက် သီချင်းရေးပြီး ကျောင်းမတက်ဖြစ်တော့ ထင်တဲ့အတိုင်းပါပဲ။ ဂီတပဒေသာအတွက် တီးလုံးတိုက်နေကြပြီ၊ အကတိုက်နေကြပြီ ဆိုတာ ကြားရပြီးနောက် သုံးလေးရက်တွင်း ကျွန်တော့်ကို လှည့်ပတ်ရှာနေပြီ ဆိုတာလည်း ဆက်တိုက် ကြားလာရပြီ။ အိမ်ကို သွားရှာတော့ ကျောင်းသွားတယ်တဲ့။ ကျောင်းမှာလည်း မရှိဘူး။ ကျွန်တော်တို့ ထိုင်နေကျ ချိုကြီးကဖေး သွားရှာတော့လည်း အဲဒီဆိုင်က မအေးမာက အဲဒီအုပ်စု မလာတာ နှစ်ပတ်လောက်ရှိပြီလို့ ဖြေသတဲ့။ နောက်ဆုံး ကျွန်တော့်ကို သူငယ်ချင်းက ဘယ်လို သတင်းအနံ့ ရသွားလဲ မသိ။ ကျောက်သွေးတန်း ရွှေမောင်းတိုက်ကို လာရှာသည်။ ဘယ်လိုမှ မရှောင်နိုင်ဘဲ တွေ့တာနဲ့ ပြာပြာသလဲ နှုတ်ဆက်သည်။ ကျွန်တော့်သီချင်းကို အဖွင့်သီချင်းအဖြစ် ရွေးထားလို့ သီချင်းတိုက်နေပြီ ဆိုတာ ပြော၏။ ထို့နောက် သူ့ဆိုင်ကယ်နှင့် သီချင်းတိုက်သည့် နန်းရှေ့ပန်တျာကျောင်းသို့ ကျွန်တော့်ကို အမြန် ခေါ်သွားသည်။သူ့ခမျာ ကျွန်တော့်ကို တွေ့တာ…
Read Moreနှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူ မီးသတ်တပ်ဖွဲ့တွေ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပခုက္ကူ မေ ၃-၂၀၂၆ PLN(VOM) ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့မှာ ကျရောက်မယ့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီနေ့ မေလ (၃) ရက်နေ့မှာ ပခုက္ကူခရိုင် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်တွေဟာ သီဟိုဠ်ရှင်ဘုရားကြီး နဲ့ ဘိုးဘွားရိပ်သာတွေမှာ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြတာတွေ့ရပါတယ်။
Read Moreနေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ထိခိုက်ဒဏ်ရာရ
မေ ၂ ၊ ၂၀၂၆ CC (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ” တောထဲကနေ ဝါးခုတ်ပြီး ကားတက်လာတာ။ကားကတက်လာတော့ လမ်းကွေ့ဖြစ်တဲ့အချိန်မှာ မြေကျွံပြီးတော့ ကားကချောက်ထဲတိမ်းမှောက်သွားတာ။ လမ်းဘေးမြေသားက ကျွံပြီးနိမ့်ကျသွားတာ။ အခင်းဖြစ်တဲ့နေရာမှာ ကျား ၉ ၊ မ ၇ သေဆုံးရှိတယ်။ ကျန်တာက တော့ဆေးရုံကထွက်လာမှသိရတယ်။ ဒဏ်ရာရက ၁၅ ကနေ ၂၀ လောက်ရှိမယ်။ကားက ဝိတ်လည်းများတယ်။ ဝါးကလည်းပါတယ်။ မတော်တဆ မြေကျွံတာကြောင့်ပေါ့ ။”…
Read Moreကသာတိုက်ပွဲအကြား ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေဆိုခွင့်ပြုပေးနေ
မေ ၂ ၊ ၂၀၂၆ CKC (VOM) စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နောက်ဆုံး အတန်းတင် ကျောင်းတွင်းစစ်စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို ဒီနေ့ မေ ၂ ရက်ကစပြီး စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် ပြုနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စာမေးပွဲ ဖြေဆိုလိုတဲ့ ကျောင်းသူကျောင်းသားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျောင်းအပ်လက်ခံခဲ့ပြီးနောက် ဒီကနေ့မှာ အ.ထ.က ၁ ကျောင်းမှာ စာမေးပွဲ စတင်ဖြေဆိုနေကြတာ ဖြစ်ကြောင်း ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ သိရပါတယ် ။ ” ကျောင်းတွင်းစစ် ဖြေရမယ့် ကျောင်းသားအကုန်လုံးကို စာမေးပွဲ ပြန်ကျင်းပပေးတာပါ။ ပြီးခဲ့တဲ့ စာမေးပွဲမှာ မဖြေလိုက်ရသူတွေ အကုန်ဖြေလို့ရတာမျိုးပါ။ တချို့ကျလည်း မလာနိုင်ဘူး ။ အဓိက ကလေးတွေ ပညာရေးတနှစ်နောက်မကျအောင်…
Read Moreနမ့်ခမ်းမှာ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရား ပုံမှန်လည်ပတ်နေဆဲ
မေ ၂၊ ၂၀၂၆ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့မှာ လက်ရှိ အထိ TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရား ပုံမှန်လည်ပတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ခမ်းမှာပဲ။ မြို့ထဲမှာ ပုံမှန် ပါပဲ။ ဘာမှ ထူးခြားတာ မရှိပါဘူး” လို့ နမ့်ခမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ TNLA တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်တယ်ဆိုတာ ကောလဟလပါလို့ သူက ပြောပါတယ်။ ဒါ့အပြင် ကွတ်ခိုင်မှာ တရုတ်အလံထောင်ထားတယ်ဆိုတာ ကိုးကန့် MNDAA အလံကို ဆိုလိုတာ ဖြစ်ကြောင်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ “ကွတ်ခိုင်က အလံက ကိုးကန့် MNDAA တွေရဲ့…
Read Moreတောင်သာမှာ ကျောင်းထိုင်ဆရာတော် တပါး သတ်ခံရ
မေ ၂ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ တောင်သာမြို့ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာမှာရှိတဲ့ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဉူးစန္ဒာဝရကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က လာရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ မေ ၂ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ မဟာဝါဠုကာရာမ ကျောင်းတိုက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင်အမျိုးသားတွေရောက်လာပြီး ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ် ။ ” ဆရာတော်ကို ကျောင်းဝန်းအပြင်ဘက်ထိ ခေါ်သွားပြီး အပြင်ဘက်ရောက်မှ ပစ်သတ်သွားတာလို့ သိရတယ်။ ပစ်သွားတဲ့သူတွေ မမိပါဘူး ။ ဆရာတော်ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အသတ်ခံရတဲ့ ဆရာတော် ဉူးစန္ဒာဝရဟာ သက်တော် ၄၈နှစ်၊ ဝါတော်…
Read Moreချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ၁၉ ယောက် သေဆုံး
မေ ၂ – ၂၀၂၆ SN(VOM) အစိုးရတပ်ဟာ ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် သုံးရက်အတွင်း ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မေ ၁ ရက်၊ မွန်းလွဲ ၃ နာရီကျော်ဝန်းကျင်က ဖလမ်းမြို့နယ်ရှိ ခေါပွီးချစ်ပ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ခုနစ်ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဘော်လီဘောကွင်းထဲကိုကျပြီး ပေါက်ကွဲမှုဖြစ်တာပါ။ ဒါကြောင့် ထိခိုက်သေဆုံး နည်းနည်းများသွားတာ။ နေအိမ် ၁၀ လုံးလောက်လည်း ထိခိုက် ပျက်စီးသွားတယ်။ အစိုးရတပ်က ဖလမ်းကိုသိမ်းပြီးနောက်ပိုင်း ဒီချင်းဒေသမှာ လေကြောင်း တိုက်ခိုက်တာတွေ ပိုပြီး စိပ်လာတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။ ခေါပွီးချစ်ပ်ကျေးရွာဟာ နေအိမ် ၃၀ ဝန်းကျင်သာရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး…
Read Moreမန္တလေးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး တမြို့တည်းသာကျန်တဲ့ ငါန်းဇွန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ တွေ့ဆုံပွဲပြုလုပ်
ငါန်းဇွန်၊ မေ – ၂- ၂၀၂၆ Voice Of Myanmar စစ်အုပ်ချုပ်ရေး တမြို့တည်းကျန်ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက ငါန်းဇွန်မြို့မှာ လွှတ်တော်ကိုယ်စာလှယ်တွေအပြင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနားကို မေလ ၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က ငါန်းဇွန်မြို့ လောကနတ်ခန်းမမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ လူထုနဲ့ တဦးချင်း မိတ်ဆက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းက မြို့နယ်ရဲ့ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အချက်အလက်တွေနဲ့ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း မြို့နယ်အတွင်းမှာအကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူနှင့် ဦးစိုးမြတ်အောင်တို့က လွှတ်တော်မှာ တက်ရောက်ခဲ့တဲ့ အတွေ့အကြုံ၊ လွှတ်တော်တက်စဉ် ငါန်းဇွန်မြို့နယ်အတွက် တင်ပြခဲ့တဲ့ မေးခွန်းများ၊ လွှတ်…
Read More