မြင်းခြံမှာ မိလ္လာကန်ဆယ်တဲ့ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ်ပြီးသေဆုံး

မေ ၂၂ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်၊ နယ်မြေ ၂ က နေအိမ်တခုရဲ့ မိလ္လာကန်ထဲမှာ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှု ဒီကနေ့ မေ ၂၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီကျော်လောက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မိလ္လာကန်အဟောင်းထဲကနေ မိလ္လာကန်အသစ်ထဲကို အပေါက်ဖောက်ပြီး လွှဲပြောင်းစဥ် မိလ္လာကန်အဟောင်းထဲကို ကျပြီး နှစ်ယောက်လုံးသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့ ရောက်တော့ တယောက်က အပေါ်ရောက်နေပြီ။ ဒါပေမယ့် အသက်မရှိတော့ဘူး ။ နောက်တယောက်က ၁၅ မိနစ်လောက်ကြာမှ ထပ်ဆယ်ယူနိုင်တယ်။.နှစ်ယောက်လုံး ဆုံးပါတယ်။ မိလ္လာကန်အဟောင်းကပြည့်လို့ ကန်အသစ်ထဲကို အပေါက်ဖောက်ပြီး ထည့်တာမှာ ကျပြီး ကန်အဟောင်းထဲကျပြီး အောက်ဆီဂျင်ပြတ်သေဆုံးတာလို့ သိရတယ်။ သေတဲ့သူတွေက အလုပ်သမားတွေပါ ။မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်။ ” လို့ မြေပြင်ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့တဲ့ အဖြူရောင်လက်များ လူမှုကူညီရေး အသင်းဝင်တယောက်က ပြောပါတယ်။
အောက်ဆီဂျင်ပြတ် သေဆုံးတဲ့အမျိုးသားတွေက အသက် ၄၀ အရွယ်ဝန်းကျင်တွေဖြစ်ပြီး အဲဒီ အမှတ် ၄ ရပ်ကွက်နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ မြင်းခြံဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
မြင်းခြံမှာ အရင်ကလည်း ခုလိုပဲမိလ္လာကန်အတွင်း ဆင်းရာကနေ အောက်ဆီဂျင်ပြတ် သေဆုံးတဲ့ ဖြစ်စဥ်ရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ ကလည်း ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး ၊ မြို့ရှောင်လမ်းဘေးမှာ ရပ်ထားတဲ့ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ကို ရှင်းလင်းတဲ့ အမျိုးသားနှစ်​ကေ် အောက်ဆီဂျင်ပြတ် သေဆုံးမှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလတုန်းကလည်း မွန်ပြည်၊ မော်လမြိုင်မြို့မှာ ရေတွင်းထဲ ဂွေဆင်းချတဲ့ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့သိရ ပါတယ်။
ဓာတ်ပုံ – မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW