ဇွန် ၂၂၊ ၂၀၂၆
Shy V (VOM)
ကံပိုင်တည်လမ်းနဲ့ ဖားကန့်လမ်းမှာ ဒီနေ့ ဇွန်လ၂၂ ရက်နေ့ မနက်ပိုင်း မြေပြိုပြီး လမ်းပိတ်ကာ ဖားကန့် အေးသာယာရပ်ကွက်ထဲလည်း မြေပြို အိမ်ပိပြီး လူတယောက်ပျောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆဒုံး – ကန်ပိုင်တည်လမ်း မြေပြိုတယိ။ လုကြည်နားမှာ ေမြပြိုပြ လမ်းပိတ်နေတယ်။ နည်းည်းလေး မဟုတ်ဘူး။ အများကြီးပဲ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နည်းနည်းပဲ ပြိုတာမဟုတ်ပဲ တကြောလုံးပြိုကျသွားတာကြောင့် လမ်းပြန်ပွင့်ဖို့ တပတ်၊ ၁၀ ရက်လောက်တောင် ကြာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲ နေအိမ်တလုံးပေါ် အိမ်အနောက်ဘက်ကနေ မြေပြိုပိမိသွားရာက နေအိမ်အတွင်း တေယာက်ထဲ တည်းနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားေယာက် ပျောက်ဆုံးနေတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“လူကို မတွေ့ရသေးဘူး။ ပျောက်ဆုံးနေတဲ့ အနေအထားပေါ့နော်။ ပရဟိတနဲ့ လူငယ် အဖွဲ့တွေက မြေပြိုထဲ ပါသွားတယ်လို့ ယူဆကြတယ်။ ဒါပေမယ် ရှာနေတုန်းပေါ့နော်။” လို့ သူက ပြောပါတယ်။
ဖားကန့် မြို့ပေါ်ရပ်ကွက်တွေထဲက ဥရုချောင်းရေ ဝင်ရောက်လို့ ရေလျှံတာရှိပေမယ့် ဒီနေ့ အနည်းငယ်သာ ကျဆင်းပြီး နေအိမ်တွေထဲနဲ့ လမ်းတွေပေါ်မှာ ရေဆက်လက်ရှိနေဆဲဖြစ်တဲ့အပြင် မိုးကလည်း ဆက်ရွာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ
