မော်ဒယ်​လောကရဲ့ နည်းပြဆရာ ဂျွန်လွင် ​ငွေလိမ်ခံရမှု ကျူးလွန်သူလွတ်​မြောက်​နေ

ဇွန် ၂၀-၂၀၂၆
NW(VOM)
ပြီးခဲ့တဲ့ မေလအတွင်းက ဖြစ်ပွားခဲ့တဲ့ အွန်လိုင်းမှ တဆင့် ကျပ်သိန်းပေါင်း တထောင်ကျော် လိမ်လည်ခံရမှုမှာ ကျူးလွန်သူတဦး လွတ်မြောက်နေဆဲဖြစ်‌တယ်လို့ ငွေကြေးလိမ်လည်ခံရသူ Stars & Morden Int’l မှ ဂျွန်လွင်က ဒီနေ့ ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်ခံရမှုမှာ ပါဝင်ပတ်သက်ကျူးလွန်သူ သုံးဦးအနက် အဓိကတရားခံဖြစ်သူ မဖြူသက်သက်ခိုင်နဲ့ Kpay ဆိုင်​တွေမှာ ငွေထုတ်ယူ ပေးသူ နှစ်ဦးကိုသာ ဖမ်းဆီးရမိထားပြီး ကျန်တဦးဖြစ်သည့် မဖြူသက်သက်ခိုင်ရဲ့ ရည်းစားဖြစ်သူ မောင်လှိုင်မြင့်မိုရ်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
“ ကောင်မလေးကတော့အခု အင်းစိန်ထောင်မှာပေါ့နော်။ဘယ်လိုတွေဖြစ်လည်းတော့ ကျွန်တော်လည်းမသိဘူး။ စခန်းကလည်း ဘာမှမပြောလာသေးဘူး။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကပဲ ဆက်လက်ပြီးဆောင်ရွက်နေတယ်။ အခုက လိမ်တဲ့ကောင်မလေးကို မိသွားပြီ ငွေသွားထုတ်တဲ့ကောင်လေးကို မိသွားပြီ။သူ့ရဲ့ကောင်လေးဖြစ်တဲ့ လှိုင်မြင့်မိုရ်ကိုပဲ မမိသေးတာ။ ကောင်မလေးကလည်း လှိုင်မြင့်မိုရ် ယူပြီး ပြေးသွားပါတယ်လို့ လိမ်နေတဲ့အတွက်ကြောင့် အမှန်ကတော့ ကျွန်တော်ထင်တာတော့ မဖြစ်နိုင်ဘူး‌​ေပါ့။ သူကမရှိပါဘူး။ မသိပါဘူး။ မရှိဘူး။မသိဘူးဆိုတော့ ရဲတွေကလည်း စစ်နေတာပဲ မပေါ်ဘူး။ ဘယ်လိုနည်းနဲ့ စစ်လို့မပေါ်တာလည်း ကျွန်တော်လည်း မသိဘူး။
ပိုက်ဆံပြန်ရဖို့က အမှန်အတိုင်းပြောရင် ကျွန်တော်လည်း မသိဘူးလေ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတော့ တရားရုံးကို တင်မယ်တဲ့ ။ တရားရုံးက ချပေးမယ့်အမိန့်တွေတော့ ရှိမှာပေါ့။ ကျွန်တော်တို့လည်း ဘယ်လိုဖြစ်မလဲ မသိတော့ဘူး” လို့ ဂျွန်လွင်က ပြောပါတယ်။
ကျူးလွန်သူ မဖြူသက်သက်ခိုင်ဟာ Thidar Myint အမည်ရှိ Facebook account အတုဖြင့် အိမ်ဝယ်ရန် စရံချလိုကြောင်း စတင်ပြောဆိုပြီး ငွေသားနှင့် Bankingလဲလှယ်ရန် လိမ်လည်ခဲ့တာဖြစ်ပြီးလိမ်လည်ခံရသူဦးတင်အောင်လွင်(ခ) ဂျွန်လွင်မှ ကျူးလွန်သူ မဖြူသက်သက်ခိုင်အား ငွေသားနှင့် လဲလှယ်ရန် ဘဏ်အကောင့်မှတဆင့် ကျပ် သိန်းလေးရာတကြိမ်၊ကျပ်သိန်းငါးရာတစ်ကြိမ်နှင့် ကျပ်သိန်း၂၅၀ တကြိမ်စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၅၀ကို လွဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကျူးလွန်သူမဖြူသက်သက်ခိုင်ကို ၁၁-၅-၂၆ရက်တွင် ပါရမီဟိုတယ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဗဟန်းမြို့မရဲစခန်းက (ပ)၁၄၂/၂၀၂၆ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဂ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW