ဇွန် ၁၅ ၊၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကြိုးတံတားအနီး၊ ကင်းချောင်းထဲမှာ ဒီကနေ့ ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က စက်လှေမှောက်လို့ ရှစ်ယောက်သေဆုံးပြီး နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
အဆိုပါ စက်လှေက ရသေ့တောင်မြို့နယ် ၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးဝယ်သွားတဲ့ စက်လှေဖြစ်ပြီး စက်လှေပေါ်မှာ လူ ၃၅ ယောက်လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်လှေတိမ်းမှောက်မှုမှာသေဆုံးသူတွေက အမျိုးသမီးငါးယောက်နဲ့ အမျိုးသားသုံးယောက်တို့ဖြစ်ပြီး ပျောက်ဆုံးနေတာက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်ကြောင်း ၊ အသက်ရှင်လျက်ကယ်နိုင်သူ ၂၅ ယောက်ရှိခဲ့ တယ်လို့ သိရပါတယ် ။
” ပျောက်တဲ့နှစ်ယောက်ကို ရှာနေကြတုန်းပဲ။ မတွေ့သေးဘူး ။ အသက်ရှင်လျက်ကယ်နိုင်တဲ့သူတွေထဲက သုံးယောက်က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေရှိလို့ ဆေးရုံကို ပို့လိုက်ကြတယ်။စက်လှေက ကျောက်ဆောင်နဲ့တိုက်မိပြီး မှောက်တာလို့သိရတယ်။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ်။
မေ ၁၂ ရက် ညနေပိုင်းကလည်း မင်းပြားမြို့နယ်မှာ စက်လှေမှောက်လို့ အမျိုးသား ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းကလည်း မင်းပြားမြို့နယ်မှာ စက်လှေမှောက်လို့ အမျိုးသားတယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း
