ဆူးငှက် နှစ်ချုပ် ကုန်ကျန်ကောက်ချိန် ——————————– နှစ်တစ်နှစ်၏ မတ်လ နောက်ဆုံးပတ် ရောက်သည်နှင့် အလုပ်ရုံ၏ နှစ်ချုပ်စာရင်း ရေးဆွဲရသည်။ သတ်မှတ်ထားသည့် စီမံကိန်းလျုထားချက်ကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်မှုကိုလည်း အစီရင်ခံစာ ရေးရသည်။ စာရင်းပိုင်းနှင့် ပတ်သက်၍ တာဝန်ခံစာရေးကြီး ကိုဌေးအောင်က တာဝန်ယူသည်။ သူသည် ဖိနပ်အလုပ်သမား တစ်ဦးမျှသာ ဖြစ်သော်လည်း လုပ်သားစုပေါင်းအဖြစ် စတင်ဖွဲ့စည်း ကတည်းက ပါဝင်ကာ စာရင်းကိုင်ခဲ့သည်။ သူက ဝမ်းကွဲမျှ အစ်ကိုတော်စပ်သော်လည်း ကျွန်တော့်ကို ငယ်စဉ်ကတည်းက ညီအရင်းတစ်ယောက်လို စောင့်ရှောက်သည်။ ထိုစဉ်ကာလ သူက လူပျိုကြီးတစ်ယောက်ဖြစ်ရုံမက သဘောလည်း ကောင်းသူမို့ ကျန်ညီအစ်ကို မောင်နှမများကိုလည်း စောင့်ရှောက်သည်။ မိဘများက သူပါလျှင် မည်သည့်နေရာမဆို စိတ်ချလို့ ကျွန်တော်တို့ကလည်း သွားချင်သည့် နေရာရှိလျှင် သူ့ကိုပဲ ခေါင်းခွေ့ကြသည်။ တကယ်တော့ သူက အလုပ်ရုံ၏ အသက်ပဲ ဖြစ်ပါ၏။…
Read MoreDay: June 15, 2026
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ဓားသွားပေါ် ကနေရတဲ့ ပြဇာတ်
MT(VOM) မြန်မာနဲ့ တရုတ် ဆိုတာ “ပထဝီဝင်ရဲ့ထောင်ချောက်” ထဲမှာ အတူတူ ပိတ်မိနေကြတဲ့ အိမ်နီးနားချင်းတွေပါ။ “ပထဝီဝင်ဆိုတာ နိုင်ငံတွေရဲ့ ကံကြမ္မာပဲ” ဆိုသလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေတဲ့ တရုတ်တံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးစ ခေတ်ကနေ ဒီနေ့အထိ တိုင်းပြည် အပြောင်းအလဲတွေ၊ အစိုးရအဆက်ဆက်ရဲ့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားခဲ့ကြတဲ့ ခရီးစဉ်တွေကို ပြန်ကြည့်ရင် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးစဉ်တွေ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး အကျိုးစီးပွားတွေ ပေါ်အခြေခံတဲ့ ခရီးစဉ်တွေ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဖော်ရွေသော နဂါး နဲ့ ဦးနု၊ ဗိုလ်နေဝင်းတို့ရဲ့ နယ်စပ်စာချုပ် ခရီးစဉ်များ မြန်မာပြည်ဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)…
Read More