နေပြည်တော်၊ ဇွန်- ၁၅ – ၂၀၂၆
KKL(VOM)
နိုင်ငံဘတ်ဂျက်ကို ပညာရေးဝန်ကြီးဌာနက ဒုတိယအများဆုံး သုံးခဲ့ပေမယ့် ဆရာခန့်အပ်ဖို့ပျက်ကွက်ခဲ့တယ်လို့ ကရင်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ယုဇနဝါက ဆွေးနွေးပါတယ်။
ဒီကနေ့ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ဦးအောင်ချစ်လွင် တင်သွင်းတဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာဆရာမ လိုအပ်ချက်ကိစ္စအပေါ် နိုင်ငံတော်က အချိန်မီဆောင်ရွက်ပေးဖို့ နိုင်ငံတော်ကို တိုက်တွန်းခဲ့တာကို ဒီကနေ့ သူ့ရဲ့ပါဝင်ဆွေးနွေးမှုမှာ ထည့်ပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဆိုကို ကိုယ်စားလှယ် ၁၁ ယောက် ဆွးနွေးခဲ့ကြရာမှာ ပညာရေးဝန်ကြီးဌာနအတွက် မူဝါဒ၊ ဘဏ္ဍာရေး၊ ရာထူးတိုး အလုပ်ခွင်မျှတမှု အကျိုးခံစားခွင့် လုံခြုံရေးထောက်ပံပေးမှု လစ်လပ် မှု ပြန်လည်ခန့်အပ်မှု စတဲ့အကြောင်းအရာတွေကို ဆွေးနွးခဲ့ကြတာဖြစ်ပါတယ်။
ပညာရေးဒုဝန်ကြီးကတော့ ဆရာ ဆရာမ များခန့်အပ်တဲ့နေရာမှာ နိုင်ငံတော်က ရင်းနီးမြှုပ်နှံမှုအနေနဲ့ အရည်အချင်းရှိတဲ့ သူများဖြစ်အောင် ရေရှည်ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပြီးတော့ လက်ရှိအခြခံပပညာသင်ရိုးက နိုင်ငံတကာအဆင့်မီ သင်ရိုးဖြစ်လို့ အရည်အသွေးပြည့်တဲ့ ဆရာများဖြစ်ဖို့လိုအပ်ပြီးတော့ အဲ့ဒီခန့်အပ်မှုကနေ အရည်အချင်းရှိတဲ့ ကျောင်းသားကျောင်းသူတွေပေါ်ပေါက်လာမှုနဲ့အတူ နိုင်ငံဖွံဖြိုးတိုးတက်မှုတွေ ဖြစ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။
အဲ့ဒီအဖြေနဲ့ပတ်သက်လို့ အဆိုရှင်က အရင်က ဆွဲခန့်ဆရာဆရာမများကို အသုံးပြုရတယ်လို့ နားလည်ထားတဲ့အကြောင်းနဲ့ အခု လက်ရှိ ရှင်းလင်းခဲ့တဲ့အပေါ် နိုင်ငံတကာ သင်ရိုးဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ဆရာဆရာမများခန့်ထားမှ ရနိုင်မယ်ဆိုတာ သိရှိခဲ့တဲ့အတွက် အချိန်အတိုင်းအတာ တခုစောင့်ရမှာဖြစ်လို့ အဆိုကို မှတ်တမ်းတင်ထားဖို့ အဆိုရှင်က တင်ပြခဲ့တာဖြစ်ပါတယ်။
