မန္တလေး၊ နိုဝင်ဘာ- ၉- ၂၀၂၆
Voice Of Myanmar
ရိုးသားပြီး ကြိုးစားတဲ့ ခြိမ့်ကေကို ကို အောင်မြင်တဲ့ ဇာတ်မင်း သားဖြစ်တဲ့အထိ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတယ်လို့ လမင်းဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း ကန်ထရိုက်တာ၊ ဇာတ်မင်းသား ဦးဇော်သစ် က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ လက် ကောင်းကျေးရွာမှာ ကပြခဲ့တဲ့ မျိုးဆက်သွေးဇာတ်မှာ ဒေသခံတွေက ခြိမ့်ကေကို ကို ပါဝင်ကပြဖို့ တောင်းဆိုခဲ့တာကြောင့် ကန်ထရိုက် ဦးဇော်သစ်က ခြိမ့်ကေကို ကို ဆက်သွယ်ပြီး ဇာတ်ပွဲ ဒုတိယညမှာ ကပြဖို့ ပြုလုပ်ခဲ့တာမှာ ဝေဖန်သုံးသပ်မှုတွေအပေါ် လမင်းဇာတ်သဘင် ဝန်ဆောင်မှုလုပ်ငန်းက ဦးဇော်သစ်က အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။
