PDF နဲ့ လက်နက်ကိုင်အဖွဲ့စုံက ၂၀၃ ယောက် လပခ မှာ အလင်းဝင်

မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက PDF တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက အလင်းဝင်လာသူ ၂၀၃ ယာက်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက ရန်အောင်မြင်ခန်းမအတွင်းမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံခဲ့ကြပြီး ဆုကြေးငွေအသီးသီးပေးအပ်ကာ အုပ် ထိန်းသူမိတွေဆီ ပြန်လည်အပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားဟာ (၅၁)ကြိမ်မြောက်ရှိပြီဖြစ်ကာလက်နက်ပါဝင်သူ (၁၈)ဦး၊ လက်နက်မဲ့(၁၈၅)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြစ်ပြီး လက်နက်အနေနဲ့ လက်နက်ငယ်မျိုးစုံ(၁၀) လက်၊ လက် လုပ်သေနတ်(၁)လက်၊ကျည်အိမ်မျိုးစုံ(၁၉)ခု၊ လက်ပစ်ဗုံး(၂၃) လုံး၊ ၄၀ မမ ဗုံးသီး(၅)လုံး၊အီနာဂါဗုံးသီး(၁) လုံး၊ ကျည်မျိုးစုံ (၄၅၉) တောင့်နှင့် စကားပြောစက်(၁)လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အလယ်ပိုင်းတိုင်း.စစ်ဌာနချုပ်နယ်မြေအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုပေးခြင်းနဲ့ အလင်းဝင်အခမ်းအနား ပြုလုပ်ပေးနိုင်မှုအနေနဲ့ ၂၀၂၂ခုနှစ်၊…

Read More

တံတားဦးမြို့နယ်မှာ ပြန်လည်ဖော်ထုတ်တဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ

မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတာဦးမြို့နယ်အတွင်းက ပန်းယျကျေးရွာ မြေတော်ရွာ၊ တဘက်ဆွဲရွာနဲ့ ရွာကုန်းကျေးရွာ တို့ပူးပေါင်းပြီး မဟာရွှေတောင်တော် မြတ်စွာဘုရားပွဲတော်၊ မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို မနေ့ စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အသင်းတွေ ယှဥ်ပြိုင်ခဲ့ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ” ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဥ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၊ တံတားဦးနဲ့ စဥ့်ကိုင်မြို့က ဒေသခံတွေအတွက် စည်းလုံးမှုနဲ့ ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုက်ကြည် က ပြောပါတယ်။ ဒီပြိုင်ပွဲမှာ မြေတော်ကျေးရွာက လှေနှစ်စင်းနဲ့ ပြိုင်ပွဲဝင် လှေလှော်အသင်း ၈ သင်းက…

Read More

ဗန်း​မော်​ဒေသ ​အေးချမ်းဖို့ KIA ​နောက်ဆုတ်​ပေးပြီးနိုင်ငံ​ရေးနည်းနဲ့​ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်​အေးချမ်း​ရေးနဲ့ ပြန်လည်တည်​ဆောက်​ရေး အားစိုက်​ပေးဖို့ ရှမ်းနီပါတီ​မေတ္တာရပ်ခံ

စက်တင်ဘာ – ၅ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်း​မော်​ဒေသမှာအ​ခြေစိုက်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်က ဗန်း​မော်​ဒေသ ​အေးချမ်းဖို့ KIA ​နောက်ဆုတ်​ပေးပြီးနိုင်ငံ​ရေးနည်းနဲ့​ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်​အေးချမ်း​ရေးနဲ့ ပြန်လည်တည်​ဆောက်​ရေး အားစိုက်​ပေးဖို့ ရှမ်းနီပါတီ​မေတ္တာရပ်ခံလိုက်ပါတယ်။ လတ်တ​လောဖြစ်​နေတဲ့ ဗန်း​မော်​ဒေသကတိုက်ပွဲ​တွေနဲ့ ​ဗန်း​မော်နဲ့​ရွှေကူကြား အစိုရသင်္ဘော​တွေ တိုက်ခိုက်ခံရတဲ့ အ​ခြေအ​နေ​တွေကို သိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင်

Read More

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာထဲမှာ​ရောက်​နေတဲ့ လူ​နေအိမ်နှစ်​ထောင်​ကျော်ကို ချန်ထား​စေချင်ရင်ထားခဲ့မယ် သို့​ပေမယ့်

မန္တလေး- သြဂုတ်- ၂၇-၂၀၂၆ VOM မန္တ​လေးမြို့​ ဧရာဝတီမြစ်​ဘေးမှာ တည်​ဆောက်​နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ဧရိယာထဲမှာ လယ်ယာ​မြေအကွက်ရိုက်​ရောင်းတာကို ဝယ်ယူအိမ်​ဆောက်ထားတဲ့ အိမ်​ခြေ နှစ်​ထောင်​ကျော်ဟာ ​နေထိုင်ခွင့်မရှိလို့ဆိုပြီး ဖယ်ရှားခံရမယ့်အ​ရေးကြုံ​နေပါတယ်။ အမရပူရမြို့​ဘေးအကွက်ရိုက်​နေထိုင်ကြတဲ့သူ​တွေထဲမှာ တချို့က နှစ် ၂၀​ကျော် ​နေထိုင်တဲ့ရွာခံတချို့ရှိ​နေတယ်ဆိုတာ​ကြောင့် ဒီလိုရွာခံ​တွေနစ်နာမှု ဘယ်လိုစီစဥ်​ပေးမလဲဆိုတာသိနိုင်ဖို့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းကို Voice Of Myanmar(VOM)ရဲ့ အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဘယ်ရွာမှမဖျက်ကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူ​တွေဆီက​နေ အမှန်တကယ်ဝယ်ယူမိသူတွေ အိမ်​ဆောက်ထားရင် မူလ​မြေတန်ဖိုးကို ​မြေ​ရောင်းထားသူ​တွေဆီကပြန်​တောင်းဖို့နဲ့ အ​ဆောက်အဦ​တွေရဲ့ ကုန်ကျထားတာကို​တော့ ကုမ္ပဏီက​နေ ဘဏ်တိုးပါ​ပေါင်းပြီး စိုက်ထုတ်ကူညီမယ်” လို့ ဖြေကြားခဲ့တာအပါအဝင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကြောင်းနဲ့ နစ်နာမှုရှိသူတွေအတွက် ကုမ္ပဏီဘက်က ဘာကူညီပေးနိုင်မလဲဆိုတာတွေ မေးမြန်းထားတာကိုတင်ပြလိုက်ပါတယ်။ သတင်းအကျဉ်းချုပ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက…

Read More

တနှစ် တကြိမ်ပဲ ဆုံတွေ့ခွင့်ရတဲ့ အိုးပုတ်ပွဲတော်

မန္တ​လေး -သြဂုတ် ၂၁-၂၀၂၆ ​KKA (VOM) ​မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ တနှစ်မှာ တကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ဒီနေ့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်နေပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တယ်ဆိုပေမယ့် ပွဲတော်မစခင် ၁၉ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ ​ဒီအိုးပုတ်ပွဲတော်ကို မြန်မာရက်နဲ့ သတ်မှတ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ပွဲတော်ဟာ ညနေပိုင်းမှာပဲ စည်ကားခဲ့ပြီး အခုအခါမှာတော့ မနက်ပိုင်းကတည်းက စည်ကားနေတာပဲ ဖြစ်ပါတယ်။ ​”အိုးပုတ်တွေက လှတယ်။ တစုတစည်း တွေ့ရတော့ ပျော်ပါတယ်။ ကျင်းပတဲ့ နှစ်တိုင်း လာဖြစ်ပါတယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ခံစားရတယ်” လို့ လာရောက်လည်ပတ်နေတဲ့ မန္တလေးမြို့ခံ ကိုညီညီလွင်က VOM ကို ပြောပါတယ်။…

Read More

သီပေါနဲ့ ရှမ်းမြောက်မြို့နယ်တချို့ ရေကြီး၊ မြေပြို၊ တံတားပျက်စီး

ဩဂုတ် ၁၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ မိုးမိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ်တွေမှာ တောင်ကျရေနဲ့ မိုးရေကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု​တွေ တံတားတွေ ပျက်စီးနေပြီး စပါးခင်းနဲ့ စိုက်ပျိုးမြေတွေ ရေမြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးမှာ ရေကြီးရေလျှံမှုကြောင့် နမိတ်ချောင်းတံတား ပျက်စီးသွားပြီး ရေစီးလည်း အတော်ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မိုးမိတ် မြစ်ဆုံမှာ ရေကြီးလို့ တံတားပါကျိုးတယ်။ ရေစီးကလည်း ကြမ်းတယ်။ မိုးမိတ်နားက မြစ်ဆုံရွာ၊ နမိတ်ချောင်းတံတားပါ။ ကင်းချောင်းဘက်လည်း ရေတော်တော်ကြီးတယ်” လို့ ဆိုပါတယ်။ အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေ အလွန်များပြားလာတာကြောင့် မြစ်ချောင်းအခြေအနေတွေ ပြောင်းလဲလာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နယ်…

Read More

မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ပါတီ ၆ ခုက ပါတီဝင်တွေ လာရောက်လေ့လာ

မန္တလေး၊ သြဂုတ် – ၁၀- ၂၀၂၆ SA(VOM) ပါတီ ၆ ခု က ပါတီ၀င်အင်အား ၁၀၀ ဝန်းကျင်ဟာ ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့မှာကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ်စမနေ့) အခမ်းအနားကို လာရောက်လေ့လာခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ၊ ဒီမိုကရက်တစ် အင်အာစု လေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ပြည့်သူ့ရှေ့ ဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေး ပါတီတွေကပါတီ၀င် အယောက် ၁၀၀ ဝန်းကျင်က လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လေ့လာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မန္တလေးတိုင်းရုံး အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မန္တလေးတိုင်းဥက္ကဋ္ဌ ဦးညိုဇေယျ နဲ့ ပါတီထောင်ဖို့ လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ဦးသိန်းဇော်တို့ကို VOM က တွေ့ဆုံမေးမြန်းထားပါတယ်။

Read More

မြေဂရန် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာ ငွေကုန် ကြေးကျများပြီး အချိန်ကြာမြင့်နေမှုအပေါ် ဘယ်လိုဆောင်ရွက်ပေးမလဲ

မန္တလေး၊ သြဂုတ်- ၁၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ မြေဂရန်သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေမှာ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်မှုတွေအပေါ် အမြန်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိနဲ့ သတ်မှတ်နှုန်းထား ဘယ်လောက်ကုန်ကျသလဲ ဆိုတာတွေကို ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်းက လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း မေးမြန်းခဲ့တဲ့ မေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ VOM က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်

Read More

ဗန်းမော်မြို့ကနေ မန္တလေးကိုစစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက် ရှမ်းနီအဖွဲ့တွေက ထောက်ပံ့ကူညီ

မန္တလေး-ဩဂုတ် ၉-၂၀၂၆ VOM ကချင်ပြည်နယ် ဗန်းမော်မြို့ဝန်းကျင်က တိုက်ပွဲတွေကြောင့် မန္တလေးမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၄၀ ကျော်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNUC/SNA ၊ ရှမ်းနီလူမှုရေးအသင်း နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီ တို့က ဝိုင်းဝန်းပြီးထောက်ပံ့လှူတန်းတဲ့ပွဲကို မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်းမှာ ဩဂုတ် ၉ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဗန်းမော် ရှမ်းနီစစ်ရှောင် အိမ်ထောင်စု ၃၄၀ အတွက် တအိမ်ထောင် ငွေကျပ်တသိန်းခွဲ၊ ဆန်တအိတ် ၊ ဆီတဗူး၊ ဆား တပိဿာ၊ အချိုမူန့် တပိဿာ ထောက်ပံ့လှူတန်းခဲ့ကြပါတယ်။ ဗန်းမောင်စစ်ရှောင်တွေရဲ့ နေထိုင်ရတဲ့အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ နန်းနီနီထွန်း၊ ဒီလှူတန်းမှုကို ဦးဆောင်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ပြောရေးဆို ခွင့်ရှိသူ စိုင်းဆေကောင်းဆိုင်၀် ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီက နန်းထားထားမေ နဲ့ ရှမ်းနီလူမှုရေးအသင်းက ဒေါ်ခင်မေဌေးတို့ရဲ့…

Read More

“တရားမဝင်အကွက်ရိုက် ရောင်းချမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဂရန်တွေချပေးလိုက်မယ်ဆိုရင် ကုမ္ပဏီဘက်က ကန့်ကွက်ခွင့်မရှိပါဘူး” ဆိုတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ တွေ့ဆုံခြင်း

မန္တလေး- သြဂုတ်- ၆-၂၀၂၆ VOM သြဂုတ်လ ၅ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင်က အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က စီမံကိန်းလယ်ယာမြေပေါ်ဆောက်လုပ်ထားတဲ့ နေအိမ်ဖျက် သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ အဲလိုတွေ့ဆုံပြီးတဲ့နောက်မှာ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ Voice Of Myanmar အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူမိသူတွေ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနဲ့…

Read More
✕
VOM News

FREE
VIEW