PDF နဲ့ လက်နက်ကိုင်အဖွဲ့စုံက ၂၀၃ ယောက် လပခ မှာ အလင်းဝင်

မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက PDF တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက အလင်းဝင်လာသူ ၂၀၃ ယာက်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက ရန်အောင်မြင်ခန်းမအတွင်းမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံခဲ့ကြပြီး ဆုကြေးငွေအသီးသီးပေးအပ်ကာ အုပ် ထိန်းသူမိတွေဆီ ပြန်လည်အပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားဟာ (၅၁)ကြိမ်မြောက်ရှိပြီဖြစ်ကာလက်နက်ပါဝင်သူ (၁၈)ဦး၊ လက်နက်မဲ့(၁၈၅)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြစ်ပြီး လက်နက်အနေနဲ့ လက်နက်ငယ်မျိုးစုံ(၁၀) လက်၊ လက် လုပ်သေနတ်(၁)လက်၊ကျည်အိမ်မျိုးစုံ(၁၉)ခု၊ လက်ပစ်ဗုံး(၂၃) လုံး၊ ၄၀ မမ ဗုံးသီး(၅)လုံး၊အီနာဂါဗုံးသီး(၁) လုံး၊ ကျည်မျိုးစုံ (၄၅၉) တောင့်နှင့် စကားပြောစက်(၁)လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” အလယ်ပိုင်းတိုင်း.စစ်ဌာနချုပ်နယ်မြေအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုပေးခြင်းနဲ့ အလင်းဝင်အခမ်းအနား ပြုလုပ်ပေးနိုင်မှုအနေနဲ့ ၂၀၂၂ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ စုစုပေါင်း (၅၀)ကြိမ်ရှိခဲ့ပြီး အလင်းဝင်ရောက်လာသူကျား (၂၄၁၀)ဦး၊ မ(၂၆ ၅)ဦး၊စုစုပေါင်း (၂၆၇၅)ဦးဟာ လက်နက်/ခဲယမ်းမျိုးစုံတို့နဲ့အတူ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက် လာခဲ့ပြီးဖြစ်တယ်” လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောကြားပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းက အလင်းဝင်လာသူ အောင်မြေသာစံမြို့နယ်က အမျိုးသား(၂) ဦး ၊ အမျိုးသမီး(၁)ဦး၊ ချမ်းအေးသာစံမြို့နယ်က အမျိုးသား(၁)ဦး၊ အမရပူရမြို့နယ်က အမျိုး သား(၃၆)ဦး၊ အမျိုးသမီး(၄)ဦး၊ ပြင်ဦးလွင်မြို့နယ်က အမျိုးသား (၁၅)ဦး၊ အမျိုးသမီး ၂ ဦး၊ မိတ္ထီလာမြို့နယ်ကအမျိုးသား(၁)ဦး၊ မတ္တရာမြို့နယ်က အမျိုးသား (၅)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား (၉)ဦး၊ သပိတ်ကျင်းမြို့နယ်က အမျိုးသား (၂၂)ဦး၊ အမျိုးသမီး (၃)ဦး၊ မိုးကုတ်မြို့နယ်က အမျိုး သား(၂၅)ဦး၊အမျိုးသမီး(၃)ဦး၊ မြင်းခြံမြို့နယ်က အမျိုး သား(၁၀)ဦး၊ ချောက်မြို့နယ်မှ အမျိုး သား (၆) ဦး၊ ညောင်ဦးမြို့နယ်က အမျိုး သား(၁)ဦး၊ တောင်သာမြို့နယ်က အမျိုးသား (၁)ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး၊ မင်းဘူးမြို့နယ်မှ အမျိုးသား(၃) ဦး၊ ကျောက်ဆည်မြို့နယ်က အမျိုးသား(၄)ဦး၊ ပခုက္ကူမြို့နယ်က အမျိုးသား (၁၃)ဦး၊ အမျိုးသမီး(၃)ဦး၊ စေတုတ္တရာ မြို့နယ်က အမျိုးသား (၁)ဦး၊ သရက်မြို့နယ်က အမျိုးသား (၉) ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၅) ဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား (၂)ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။
(၅၁) ကြိမ်မြောက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အလင်းဝင်အင်အား ကျား (၂၅၈၅)၊ မ(၂၈၁)ဦး၊ စုစုပေါင်း (၂၈၆၆)ဦးအထိ အလင်းဝင်လာပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီအလင်းဝင်အခမ်းအနားမှာ AA လက်နက်ကိုင်အဖွဲ့ ၊ Zero ပျောက်ကျားတပ်ဖွဲ့နဲ့ MDY PDF က အလင်းဝင်လာသူ လူငယ်သုံးယောက်ကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

Related posts

VOM News

FREE
VIEW