စက်တင်ဘာ ၇ ၊ ၂၀၂၆ GG (VOM) နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူအမျိုးသားကို သတ်ပြီး ကားကိုလုယက်ကာ အလောင်းကို အမြန်လမ်းမှာစွန့်ပစ်မှု မနေ့က စက်တင်ဘာ ၆ ရက်နေ့ ဖြစ်ပွားခဲ့ပြီး တရားခံကို ညတွင်းချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို မနေ့ကညနေ ၅ နာရီခွဲလောက်က အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ” သေနတ်နဲ့ပစ်သတ်သွားတာ။ တရားခံကို ညကဖမ်းမိတယ်။ အသေးစိတ်တော့ နေ့လယ်လောက်မှသိရမယ်။အလောင်းကို နေပြည်တော်ကနေ မန္တလေးဘက်အသွား အမြန်လမ်းဘေးနဲ့ ပေ ၃၀၀ ကျော်လောက်မှာ ပက်လက်အနေနဲ့ တွေ့ရတာ။မျက်လုံးဖူးယောင်နဲ့ ခေါင်းပေါက်ပြဲဒဏ်ရာလည်းတွေ့ရတယ်။” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ် ။…
Read MoreDay: September 8, 2026
PDF နဲ့ လက်နက်ကိုင်အဖွဲ့စုံက ၂၀၃ ယောက် လပခ မှာ အလင်းဝင်
မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက PDF တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက အလင်းဝင်လာသူ ၂၀၃ ယာက်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက ရန်အောင်မြင်ခန်းမအတွင်းမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံခဲ့ကြပြီး ဆုကြေးငွေအသီးသီးပေးအပ်ကာ အုပ် ထိန်းသူမိတွေဆီ ပြန်လည်အပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားဟာ (၅၁)ကြိမ်မြောက်ရှိပြီဖြစ်ကာလက်နက်ပါဝင်သူ (၁၈)ဦး၊ လက်နက်မဲ့(၁၈၅)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြစ်ပြီး လက်နက်အနေနဲ့ လက်နက်ငယ်မျိုးစုံ(၁၀) လက်၊ လက် လုပ်သေနတ်(၁)လက်၊ကျည်အိမ်မျိုးစုံ(၁၉)ခု၊ လက်ပစ်ဗုံး(၂၃) လုံး၊ ၄၀ မမ ဗုံးသီး(၅)လုံး၊အီနာဂါဗုံးသီး(၁) လုံး၊ ကျည်မျိုးစုံ (၄၅၉) တောင့်နှင့် စကားပြောစက်(၁)လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အလယ်ပိုင်းတိုင်း.စစ်ဌာနချုပ်နယ်မြေအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုပေးခြင်းနဲ့ အလင်းဝင်အခမ်းအနား ပြုလုပ်ပေးနိုင်မှုအနေနဲ့ ၂၀၂၂ခုနှစ်၊…
Read Moreတံတားဦးမြို့နယ်မှာ ပြန်လည်ဖော်ထုတ်တဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ
မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတာဦးမြို့နယ်အတွင်းက ပန်းယျကျေးရွာ မြေတော်ရွာ၊ တဘက်ဆွဲရွာနဲ့ ရွာကုန်းကျေးရွာ တို့ပူးပေါင်းပြီး မဟာရွှေတောင်တော် မြတ်စွာဘုရားပွဲတော်၊ မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို မနေ့ စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အသင်းတွေ ယှဥ်ပြိုင်ခဲ့ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ” ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဥ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၊ တံတားဦးနဲ့ စဥ့်ကိုင်မြို့က ဒေသခံတွေအတွက် စည်းလုံးမှုနဲ့ ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုက်ကြည် က ပြောပါတယ်။ ဒီပြိုင်ပွဲမှာ မြေတော်ကျေးရွာက လှေနှစ်စင်းနဲ့ ပြိုင်ပွဲဝင် လှေလှော်အသင်း ၈ သင်းက…
Read Moreတရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းကို မန္တလေးမှာ ဖမ်းဆီးရမိ
မန္တလေး၊ စက်တင်ဘာ – ၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉၄၀ လမ်း ကြားက နေအိမ်တစ်ခုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ဆောင်နေတဲ့ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းကို စက်တင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉၄၀ လမ်း ကြားက နေအိမ်တစ်ခုကို အွန်လိုင်းငွေလိမ်လည်မှု လုပ်ဆောင်နေတဲ့ သတင်းအရ မဟာအောင်မြေမြို့နယ်ရဲတပ် ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တာမှာ တရုတ်နိုင်ငံသား ၂ ယောက်၊ မလေးရှားနိုင်ငံသား ၁ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ပါဝင်တဲ့အဖွဲ့ကို ဖုန်းအလုံးရေ ၈၀ ဝန်းကျင်၊ Desktopကွန်ပြုတာ ၂၈လုံး၊…
Read More