မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ တံတာဦးမြို့နယ်အတွင်းက ပန်းယျကျေးရွာ မြေတော်ရွာ၊ တဘက်ဆွဲရွာနဲ့ ရွာကုန်းကျေးရွာ တို့ပူးပေါင်းပြီး မဟာရွှေတောင်တော် မြတ်စွာဘုရားပွဲတော်၊ မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို မနေ့ စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အသင်းတွေ ယှဥ်ပြိုင်ခဲ့ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ” ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဥ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၊ တံတားဦးနဲ့ စဥ့်ကိုင်မြို့က ဒေသခံတွေအတွက် စည်းလုံးမှုနဲ့ ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုက်ကြည် က ပြောပါတယ်။
ဒီပြိုင်ပွဲမှာ မြေတော်ကျေးရွာက လှေနှစ်စင်းနဲ့ ပြိုင်ပွဲဝင် လှေလှော်အသင်း ၈ သင်းက အလှည့်ကျ လှေကိုပြောင်းပြီး လှော်ခတ် ပြိုင်ပွဲဝင်ကြရတာဖြစ်ပါတယ်။
ပထမဆုအနေနဲ့ ၆ သိန်း၊ ဒုတိယဆုကို ၄ သိန်း၊ တတိယဆုအတွက် ၃ သိန်း သတ်မှတ်ထားပေးမယ့် ရရှိတဲ့ ရန်ပုံငွေအပေါ်မူတည်ပြီး ဆိုကြေးငွေ ပိုလာနိုင်တယ်လို့ လှေလှော်အသင်းဥက္ကဋ္ဌ ဦးမော်ကြီး က VOM ကို ပြောပါတယ်။
