အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေအိမ်တွေဖျက်သိမ်းခံရမယ့် ဒေသခံတွေ တွေ့ဆုံ

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၆ SA(VOM) ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ညနေ ၃ နာရီဝန်းကျင်မှာ အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က နေအိမ်တွေ ဖျက်သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက ထုတ်ပြန်တဲ့ ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့…

Read More

လက်နက်ကိုင်အဖွဲ့စုံက အလင်းဝင်လာတဲ့သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုပြီး မိဘတွေဆီပြန်လည်အပ်နှံ

မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက အလင်း ဝင်လာသူ ၃၀၃ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့သြဂုတ်လ ၁ ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ AA၊ KNU၊ ရတနာပုံတော် လှန်ရေးတပ်ဖွဲ့၊ ABSDF၊ PDFs၊ PLAစတဲ့အဖွဲ့မျိုးစုံ စုစုပေါင်း ၄၅ ဖွဲ့က ၃၀၃ ယောက်ဟာ ဥပဒေဘောင်အတွင်းကိုဝင်ခဲ့တာဖြစ်ပါတယ်။ အလင်းဝင်လာသူတွေနဲ့အတူ ရိုင်ဖယ်အုပ်စုဝင် သေနတ် ၉ လက်၊ လက်လုပ်သေနတ် ၉ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ ခု ပါဝင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မေလ ၁၉…

Read More

အမရပူရမြို့နယ်အတွင်းက ဖယ်ရှားခံရမယ့် နေအိမ်တွေကိစ္စ ကော်မတီဖွဲ့စည်းပြီး အထက်အဆင့်ဆင့်တင်ပြမယ်

မန္တလေး၊ ဇူလိုင်- ၃၀- ၂၀၂၆ SA(VOM) အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာထဲက လယ်ယာမြေတွေပေါ်မှာ အခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ရောင်းချ နေအိမ်တွေဆောက် လူနေထိုင်မှုတွေရှိလို့ဆိုကာ ဖယ်ရှားပေးဖို့ အမိန့်စာထုတ်ပြန်တဲ့အပေါ် ကွင်းအမှတ် ၆၀၃ အတွင်းကကျေး ရွာနေသူတွေနဲ့ ရပ်မိရပ်ဖတွေစုပေါင်းကာ ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။ ” ပြည်သူတွေရဲ့ စိတ်ဆန္ဒပဲရှင့် တကယ်လို့ တန်ရာတန်ကြေး အပြည့်စုံရမယ်ဆိုရင်တော့ ကျမတို့ စဥ်းစားပါမယ်၊ တတ်နိုင်ရင်တော့ ကျမတို့ ကျမတို့တည်နေရာလေးကို ကျမတို့ တည်နေရာလေးအတိုင်း နေချင်ပါတယ်” လို့ ကွင်းအမှတ် ၆၀၃ က ရပ်မိ ရပ်ဖ အဖွဲ့ဝင် ဒေါ်ခင်ခင်ချော က ကျေးရွာနေသူတွေရဲ့ဆန္ဒကို မေးမြန်းပြီး VOM ကို ဖြေကြားပါတယ်။ ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊…

Read More

အမှိုက်စွန့်ပစ်မှုနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဥ် နိုင်ငံကျော်အဆိုတော်၊ အနုပညာရှင်တွေနဲ့အတူ မန္တလေးမှာ ကျင်းပ

မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း ၆၆ လမ်း ထောင့်မှာ ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့နေပြည်သူလူထုကို အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်တရပ်အဖြစ် နိုင်ငံကျော်အနုပညာရှင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သရုပ် ဖော်ပြသ စီစဥ်တင်ဆက်ခဲ့ပါတယ်။ ” အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို ပြည်သူလူထုကို အသိ ပညာပေးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ၊ အဆိုတော်တွေကို ဖိတ်တယ်ဆိုတာကလည်း ပြည်သူလူထုက ပိုပြီးတော့ စိတ်ဝင်တစားရှိလာအောင်လို့ စီစဥ်တာပါ၊ အစီအစဥ်လေးကတော့ ကျနော်တို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတွေကနေ LED ကားပြီးအပြင် ပါဖော့မန့် တခုလုပ်မယ် ပြီးရင် အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးပြီး အလှည့်ကျဆောင် ရွက်သွားမှာပါ ” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ…

Read More

ကမ္ဘာ့ အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အနေနဲ့ “B” ပိုးအခမဲ့သွေးစစ်ခြင်း၊ အသည်းရောင် “B” ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေး

မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆ SA(VOM) ကမ္ဘာ့အသည်းရောင်ရောဂါနေ့(World Hepatitis Day 2026) အထိမ်းအမှတ်အနေနဲ့ အသည်းရောဂါဆေးပညာဌာန မန္တလေးပြည်သူ့ဆေးရုံကြီးက ကြီးမှူးပြီးတော့ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မန္တလေးခန်းမမှာ အသည်းရောင် “B” ပိုး အခမဲ့သွေးစစ်ခြင်း၊ အသည်းရောင် “B” ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေးတာတွေကို ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီအခမ်းအနားမှာ အသည်းရောင်ရောဂါကို ကုသခြင်းထက် ကာကွယ်ခြင်းကလည်း ပိုပြီးထိရောက်ကြောင်းနဲ့ ဒီကနေ့ကျင်းပတဲ့ ပွဲအကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာနရဲ့လုပ်ဆောင်ချက်တွေအကြောင်း ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်လိုကုသမလဲဆိုတာ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသန္တာထွန်း ကို VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Read More

အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ် မန္တလေးမှာ ကျင်းပမယ်

မန္တလေး၊ ဇူလိုင်- ၂၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း ၆၆ လမ်းထောင့်မှာ မနက်ဖြန် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့က ပြည်သူလူထုကို အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို နိုင်ငံကျော်အနုပညာရှင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ဖော်ပြသ စီစဥ်တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို ပြည်သူ လူထုကို အသိပညာပေးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ၊ အဆိုတော်တွေကို ဖိတ်တယ်ဆိုတာကလည်း ပြည်သူလူထုက ပိုပြီးတော့ စိတ်ဝင်တစားရှိလာအောင်လို့ စီစဥ်တာပါ၊ အစီအစဥ်လေးကတော့ ကျနော်တို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတွေကနေ LED ကားကြီးအပြင် ပါဖော့မန့် တခုလုပ်မယ် ပြီးရင် အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးပြီး အလှည့်ကျဆောင်ရွက်သွားမှာပါ၊ အရင်ကတော့ အဆိုတော်တွေမပါဘူး အခုတခေါက်ကတော့ အဆိုတော်တွေပါမယ်”…

Read More

လူနာလာပို့တဲ့ လူမှုရေးအသင်းတွေ အခက်အခဲမရှိအောင် မန္တလေးဆေးရုံကြီးက ဆောင်ရွက်ပေးမယ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) လူနာစောင့် မပါရင် လူနာကိုဆေးရုံကြီးကလက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေ လျှော့ပေးဖို့လိုအပ်ဆိုတဲ့ သတင်းကို ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်မှာ VOM ကနေ သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဆေးရုံ အုပ် ဆရာဝန်ကြီး ဒေါက်တာဆန်းလွင်ဦးကို အဆက်သွယ်ရတဲ့အတွက် လူမှုရေးအသင်းတွေရဲ့အခက်အခဲကို ဆေးရုံဘက်က ဘယ်လိုဖြေရှင်းပေးနေလဲ လူနာရှင်တွေအနေနဲ့ ဆေးရုံကြီးအရေးပေါ်ဌာနရောက်ရင် ဘယ်လိုတွေကူညီပေးမလဲဆိုတာ VOM အယ်ဒီတာချုပ် ကိုနေလင်းက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လူနာလာပို့တဲ့ လူမှုရေးအသင်းသားတွေမှာ လူနာရှင်မပါရင် အခက်ခဲဖြစ်တယ်ဆိုတဲ့ ကိစ္စ ဆေးရုံဘက်က ဘာတွေဆောင်ရွက်ထားသလဲဆိုတာ စမေးကြည့်တော့ ဆေးရုံ အုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ခုလိုဖြေကြားပေးပါတယ်။ #voiceofmyanmar #vom #မန္တလေးဆေးရုံကြီး #accident #ယာဥ်တိုက်မှုလူနာ #လူမှုကူညီရေးအသင်းအခက်အခ

Read More

မန္တလေးမှာ ” ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်” ကျင်းပမယ်

မန္တလေး၊ ဇူလိုင်- ၂၁- ၂၀၂၆ SA(VOM) မန္တလေးမြို့မှာ ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ၃ ရက်နေ့အထိ Mandalay Convention Center မှာ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး) က ကြီးမှူးကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကျင်ပဖို့အတွက် အကြိုသတင်းစာရှင်းလင်းပွဲကို ဒီက နေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁(ဘီ) ကမ်းနားလမ်း မှာရှိတဲ့ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ကို မြန်မာ- တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင်းအလမ်းများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံတကာသံရုံးများ၊…

Read More

မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားမြတိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား

မန္တလေး၊ ဇူလိုင်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ရွှေတပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်က ဓားပြတိုက်တဲ့သူ သုံးဦးက ဆိုင်ထဲကိုဝင်လာပြီး ကောင်တာမှန်တွေခွဲပြီး ရွှေတွေယူသွားတာပါ အထဲကို လူသုံးယောက်ဝင်လာတာ ဆိုင်ကယ်က သုံးစီး၊ အပြင်မှာလည်းစောင့်နေကြတာ ရှိသေးတယ်၊ ရွှေဆိုင်က ဝန်ထမ်းတယောက် ခေါင်းပေါက်သွားတယ်” လို့ မီလျံနာရွှေဆိုင်က ဝန်ထမ်းတဦးကပြောပါတယ်။ ဖြစ်စဥ်မှန်ကန်ပြီး CCTV မှတ်တမ်းတွေ စစ်ဆေးနေကာ တရားခံဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေရေးတွေလုပ်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂နဲ့ ၇၃ လမ်းကြားရှိ…

Read More

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းရုံးဖွင့်ပွဲ

ဇူလိုင် ၁၂-၂၀၂၆ VOM မြန်မာတနိုင်ငံလုံးမှာ တတိယအင်အားအ​ကောင်းဆုံးပါတီတခုဖြစ်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟာ ဒီက​နေ့ ဇူလိုင် ၁၂ ရက်​​နေ့မနက်က မန္တ​လေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တ​လေးတိုင်းရုံးဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီ​နေ့ကျင်းပတဲ့ ကျားဖြူပါတီတိုင်းရုံးဖွင့်ပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ၊​ တောင်သူလယ်သမားပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ လူမှုစီးပွားဖွံ့ဖြိုး​ရေးပါတီ၊ ပြည်သူ့​ရှေ့​ဆောင်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု​လေဘာပါတီ စတဲ့ပါတီ ၇ခု​ထက်မနည်း တက်​ရောက်တာ​တွေ့ရပါတယ်။ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ဥက္ကဌ ဦးသီဟစစ်နိုင် (ခ) ဦးညို​ဇေယျက ရုံးဖွင့်ပွဲနဲ့ သူတို့ပါတီအ​ကြောင်း VOM ကို ​ပြောပြ​ပေးခဲ့ပါတယ်

Read More
✕
VOM News

FREE
VIEW