ပမာဏအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၁၄ ခု သိမ်းဆည်းရမိတဲ့အ​ပေါ် ဗိုလ်ချုပ်​ဇော်မင်းထွန်းကို VOM ရဲ့​မေးမြန်းချက်

ဇန်နဝါရီ၊ ၂၄- ၂၀၂၆ Voice Of Myanmar ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့ နေရာ ၁၄ ခု ဖော်ထုတ် ဖမ်းဆီးရမှုတွေအကြောင်းကို ဒီကနေ့ ဇန်နဝါရီ လ ၂၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီးတော့ နိုင်ငံတကာမူးယစ်တိုက်ဖျက်​ရေးအဖွဲ့ဝင်​တွေ အိမ်နီးနားချင်းနိုင်ငံက သံတမန်​တွေ​ရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ဆို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ် အတွင်းမှာရှိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာ နေရာသုံးခုကို ဖော်ထုတ်ဖမ်းစီးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ကြောင်း မသင်္ကာဖွယ်ရာ ၁၄ နေရာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄…

Read More

ရွေးကောက်ပွဲ အပိုင်း ၃ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မနက် ၆ နာရီခွဲအချိန် ဆန္ဒမဲပေးနေမှု အခြေအနေ

မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆ VOICE OF MYANMAR ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မဲဆန္ဒရှင်တွေဟာ ဒီကနေ့မနက် အစောပိုင်း မဲရုံဖွင့်ချိန်မှာပဲ လာရောက်ပြီး ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။ အပိုင်း ၃ မှာ တနိုင်ငံလုံး ကျင်းပမယ့် မြို့နယ် (၆၃)မြို့နယ် မန္တလေးတိုင်းဒေသကြီးအတွင်း (၈)မြို့နယ်ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၆)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် တပါတီ ၉ ပါတီ ၊တစ်သီးပုဂ္ဂလ ၃ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၅၃၆ ဦး၊ ရှမ်းတိုင်း ရင်းသားကိုယ်စားလှယ်လောင်း ၄ ဦး တို့ ဝင်ယောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ မဲစာရင်းနံပါတ်ရှာရလွယ်အောင် တက်ပလက်တွေနဲ့ စီစဥ်ထားသလို မဲပေးစက်တွေ ချွတ်ယွင်းမှုမရှိအောင် ၊အချိန်ကြန့်ကြာမှုမရှိအောင် စီမံထားတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ…

Read More

နိုင်ငံ​တော် ယာယီသမ္မတ၊ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် မန္တလေးက မဲရုံ​တွေလိုက်လံကြည့်ရှုပြီး မီဒီယာ​မေးမြန်း​မှုတွေကို ​ဖြေဆို

မန္တ​လေး-ဇန်နဝါရီ ၂၅-၂၀၂၆ Voice Of Myanmar ရွေး​ကောက်ပွဲ တတိယပိုင်းအတွက် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မဲရုံတွေကို နိုင်ငံ​တော် ယာယီသမ္မတ၊ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ဟာ လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #VOM #​ရွေး​ကောက်ပွဲတတိယပိုင်း

Read More

မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်သို့

နေပြည်တော်၊ ဇန်နဝါရီ – ၁၆- ၂၀၂၆ VOICE OF MYANMAR နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော် မှာ တည်ရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိတဲ့ ဗုဒ္ဓဥယျာဥ်တော်ဆီကို ဘုရားဖူးတခေါက် ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ကြည်ညိုဖွယ်ကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး အပြင် ကျောက်စာစေတီ၊ စေတီငယ်တွေ အပါအဝင် သာသနာအဆောက်အဦတွေနဲ့ မုစလိန္နအိုင် တို့ တည်ရှိပြီး ၂၂၈ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ဝိနည်းပိဋကတော်၊ သုတ္တန်ပိဋကတော်၊ အဘိဓမ္မာပိဋကတော် ဆိုတဲ့ ပိဋကသုံးပုံ ကျောက်စာတွေ ထွင်းထုထားတဲ့ ကျောက်စာတိုက်တော် ၇၂၀ ရှိပြီး ကျောက်စာတိုက်တော်ရဲ့ အထွဋ်တိုင်းမှာ ပုဂံခေတ်လက်ရာအတိုင်း ရွှေစည်းခုံစေတီတော် ပုံစံတူ စေတီငယ်တွေကိုလည်း တည်ထားကိုယ်းကွယ်ထားတာ တွေ့ရပါတယ်။ ဘူမိဖဿမုဒြာဟန်နဲ့ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရာပ်ပွားတော်ကြီး ဟာ ပလ္လင်တော်အမြင့်…

Read More

ဒုတိယပိုင်း​ရွေး​ကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ ကိုယ်စားလှယ်​လောင်း​တွေ အမရပူရမှာ မဲဆွယ်စည်းရုံး

အမရပူရ-ဇန်နဝါရီ၅-၂၀၂၆ VOM အမရပူရမြို့နယ်က​နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်စောမြိုင်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးဇော်အောင်ထက် တို့ဟာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် တိုးချဲ့(၄) ရပ်ကွက်မှာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲလုပ်သလို မဲပေးစနစ်ရှင်းပြတာနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးဟောပြောတာ​​တွေကို ဒီ​နေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းက လုပ်ခဲ့ပါတယ်။ ဒီမဲဆွယ်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #အမရပူရ #ပြည်ခိုင်ဖြိုး #ဦးသိန်းထွန်းဦး #ဒေါ်စောမြိုင် #ဦးဇော်အောင်ထက်

Read More

ပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေ ​အောင်​မြေသာစံ အ​နောက်ပိုင်းမှာ မဲရဖို့စည်းရုံး

မန္တ​လေး ၊ ဒီဇင်ဘာ ၅-၂၀၂၅ Voice Of Myanmar အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ မန္တ​လေးမှာ ပြည်ခိုင်ဖြိုးပါတီ​အောင်နိုင်​ရေးအတွက် မဲဆွယ်ပွဲ​​တွေ အင်နဲ့အားနဲ့ ​နေရာစိပ်စိပ်လုပ်လာတာ​တွေ့ရပါတယ်။ ဒီ​နေ့ ဒီဝင်ဘာ ၅ရက် မနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအ​နောက်ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ အမျိုးသားလွှတ်​တော် ကိုယ်စားလှယ်​လောင်း ဦးဟိန်းမင်းဦးနဲ့ တိုင်း​ဒေသကြီး PR ကိုယ်စားလှယ်​လောင်း ဦး​ကျော်ဆန်းတို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။ ​အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက်…

Read More

ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးတဲ့ ဦးဟိန်းမင်းဦး

မန္တလေး ၊ ဒီဇင်ဘာ- ၅-၂၀၂၅ VOICE OF MYANMAR မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃ )ကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးဟိန်းမင်းဦးနဲ့ VOM အယ်ဒီတာချုပ် ဦးနေလင်းတို့ သီးသန့်မေးမြန်းခန်းမှာ ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို ပိုမိုခိုင်မာအောင် ထမ်းဆောင်ပါမယ်၊ ဘဝမှာ သသင်ကြားခဲ့တဲ့ ပညာ၊ အတွေ့အကြုံ၊ အရည်အချင်းတွေကို ပြည်သူတွေအတွက် စေတနာထားပြီး အစွမ်းကုန် စွမ်းဆောင်မယ်ဆိုတဲ့အကြောင်းနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် မဲစာရင်းတွေ စစ်ဆေးဖို့ လုပ်ဆောင်ပေးနေတဲ့ အကြောင်းတွေကို ဦးဟိန်းမင်းဦးက ပြောပါတယ်။

Read More

ဓမ္မသံတော်ဆင့်စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက်

မန္တလေး၊ နိုဝင်ဘာ- ၂၄- ၂၀၂၅ SA(VOM) မြန်မာသံတော်ဆင့် သတင်းဌာန၊ ဓမ္မသံတော်ဆင့် စာပေ ၁၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ် မိတ်ဆက်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၄ လမ်း ၃၅ လမ်းကြားက ဗြဟ္မစိုရ်အသင်း စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်ကို တက်ရောက်လာသူများနဲ့ သတင်းဌာနတွေကို စာအုပ်ဝေငှပြီး မိတ်ဆက်ခဲ့သလို ဗြဟ္မစိုရ်အသင်းစာကြည့်တိုက်ကိုလည်း စာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။ “သမိုင်းဝင် လွှတ်တော်နှင့် ရွေးကောက်ပွဲများ” စာအုပ်မိတ်ဆက် လှူဒါန်းပွဲ အခမ်းအနားမှာ မြန်မာသံတော်ဆင့် သတင်းဌာနက ထုတ်ဝေသူ ဦးကျော်စွာဝင်း/ ဓမ္မပါလမြို့သား(မောင်ရေစက်) က အဲ့ဒီစာအုပ်ကို…

Read More

မြို့က မ တဲ့ မြို့မအသင်း နှစ် ၁၀၀ ပြည့်ပြီ

မန္တလေး၊ နိုဝင်ဘာ- ၂၉- ၂၀၂၅ Voice Of Myanmar မြန်မာ့ယဥ်ကျေးမှုနဲ့ အနုပညာပမာဏ အကြီးမားဆုံးဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်း ဟာ အခု ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တာကြောင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံ ခမ်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က ရပ်မိရပ်ဖတွေနဲ့ မန္တလေးသူ မန္တလေးသားတွေအပါအဝင် မြို့က မ ကြတဲ့ အသင်းကြီးမို့ မြို့မအသင်းကြီး လို့ နာမည်တွင်ခဲ့တဲ့အကြောင်းတွေနဲ့ မြို့မအသင်းရဲ့ သမိုင်း ကြောင်းတွေကို အသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာလှခိုင် က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး…

Read More

အမရပူရမှာ တစည ပါတီ ​​ရွေး​ကောက်ပွဲ​ အောင်နိုင်​ရေးဆိုင်းဘုတ်​တွေ စိုက်ထူ

နိုဝင်ဘာ ၂၉-၂၀၂၅ Voice Of Myanmar တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေး​ကောက်ပွဲ​အောင်နိုင်​ရေးအတွက် ​လူစည်တဲ့​နေရာ​တွေမှာ မဲဆွယ်ဆိုင်းဘုတ်​တွေကို ဒီက​နေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။ အမရပူရမြို့နယ်က​နေ တစညပါတီရဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ၊ ပြည်သူ့လွှတ်​တော်အတွက် ဦး​အောင်ထွန်း၊ တိုင်း​ဒေသကြီးလွှတ်​တော်အတွက်​ဒေါ်ဝင်းဝင်း​အေးတို့က ဝင်​ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမရပူရက​နေဝင်​ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား​လှယ်​လောင်း​တွေ ပြည်သူအတွက် ဘာလုပ်​ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ​ေမးမြန်းခဲ့ပါတယ်။

Read More
VOM News

FREE
VIEW