Voice Of Myanmar  ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

ဇန်နဝါရီ ၁၅-၂၀၂၁ ၁. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ တိုင်းရင်းသားပါတီ ၄ ခုနဲ့တွေ့တဲ့သတင်း အကျဉ်းချုပ်   ၂- ပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်လိုက်တဲ့သတင်း   ၃- ကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်း   ၄- ကော့သောင်းမှာ ဂက်စ်အိုးတင်လာတဲ့ ၁၀ ဘီးကားမှောက် ‌နေအိမ် ၃ လုံးနဲ့ လူတစ်ဦး မီးလောင်သေဆုံးတဲ့ သတင်း   ၅- တ.စ.ည ပါတီရဲ့ တတိယမြောက်ဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်တဲ့ နာရေးသတင်း   ၆- ဒီသတင်းကတော့ ထိုင်းရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကျမတို့နိုင်ငံက မြန်မာအမျိုးသမီးတဦးကို ရဲအရာရှိက မုဒိမ်းမှုကျူးလွန်တဲ့ သတင်း   ၇- ကချင်ပြည်နယ်က တန် ၅…

Read More

ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ရှောင်အိမ်ထောင်စု ၃၅ စု နေရပ်ပြန်အခြေချဖို့ဆောင်ရွက်

မြစ်ကြီးနား-ဇန်နဝါရီ ၁၅-၂၀၂၁ ရန်အောင်ထွန်း(VOM) ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်းက အိမ်ထောင်စု ၃၀ ကျော် ဒဘတ်ယန်ကျေးရွာမှာ ပြန်လာနေထိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ကချင်ပြည်နယ် စစ်ရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေးမှူ ၃ ဦးခါးလီက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ ပြောပါတယ်။ ပြန်လည်အခြေချနေထိုင်သူတွေအတွက် နေအိမ်တည်ဆောက်ရေး ဆောင်ရွက်ပြီးစီးတဲ့ အခါ ကေအိုင်အေဘက်က အိမ်ထောင်စု ၊ လူဦးရေးစာရင်းနဲ့တကွ စေလွှတ်ပေးမှာဖြစ်လို့ သွားကြိုရမယ့်လို့ ဆိုပါတယ်။ ဒဘတ်ယန်ကျေးရွာက နေအိမ်တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီလကုန်မှာ ပြီးစီးမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က စစ်ရှောင်တွေနေရပ်ပြန်အခြေချ နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅ သန်း ကူညီတဲ့အထဲက လက်ရှိမှာ ၂ သန်းခွဲနဲ့ အိမ်အလုံးပေါင်း ၅၁၂ အိမ် တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိ အိမ်အလုံး ၃၀၀ ဝန်းကျင်…

Read More

NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေရဲ့ ပြောပြချက်

တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီရုံးခွဲမှာ တိုင်းရင်းသားဒေသခံပါတီတွေကို ပါတီတွေကို ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းအထိ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုကို ကျေနပ်အားရမှု ရှိတယ်လို့ ပြောကြားလာသလို တိုင်းရင်းသားပါတီတွေရဲ့ တွေ့ဆုံပွဲအပြီး ဖြေကြားချက်တွေကို VOM သတင်းထောက် နေနန်းနွယ်က ရိုက်ကူး တင်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းဆွေးနွေးပွဲကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းနောင့်၊ ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် တို့က ပါတီတွေ့ဆုံပွဲအပြီးမှာ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ #VOM #voiceofmyanmar #NLD #SNLD #ရှမ်းပြည်နယ် #တောင်ကြီး #တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံ

Read More

ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီး NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သတင်းစာရှင်းလင်း

တောင်ကြီး-၁၅ ဇန်နဝါရီ -၂၀၂၁ နေနန်းနွယ် ( VOM) NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ဗဟိုကော်မတီဝင်ဒေါက်တာအောင်မိုးညို၊ နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆမ် တို့ဟာ သူတို့ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။ #voiceofmyanmar #VOM #တောင်ကြီးတွေ့ဆုံပွဲအပြီးသတင်းစာရှင်းလင်း

Read More

SNLD နဲ့ NLD ပါတီတွေ့ဆုံမှုအပြီး ဆွေးနွေးပွဲခဲ့တာတွေနဲ့ ပတ်သက်လို့ ဦးစိုင်းကျော် ညွန့်ဖြေကြားချက်

တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဘယ်လိုတွေတောင်းဆိုခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး SNLD ပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က မီဒီယာတွေကို ဖြေကြားခဲ့တဲ့ ရုပ်သံသတင်းဖြစ်ပါတယ်။ #VOM #voiceofmyanmar #NLD #SNLD

Read More

ယာဉ်တိုက်မှုကြောင့် အသိတရားတွေ ထပ်တိုးသွားတယ်ဆိုတဲ့ ဦးကျော်သူ

Entertainment- ဇန်နဝါရီ- ၁၅- ၂၀၂၁ မျက်ပြေ(VOM) နိုင်ငံကျော် အနုပညာရှင် ဦးကျော်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာရေးကူညီမှု အသင်းကားမောင်းနေရင်း ကားငါးစီးဆင့်တိုက်ခံလိုက်ရပြီးနောက်မှာ အသိတရားတစ်ခုရလိုက်တယ်ဆိုတာနဲ့ ကျော်သူ နာမှုကူညီရေးအသင်းဥက္ကဋ္ဌ (အကယ်ဒမီ)ဦးကျော်သူနဲ့ အင်တာဗျုးမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကျော်သူ #နာမှုကူညီရေးအသင်း #ယာဉ်တိုက်မှု #Entertainment

Read More

VOM ရဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု – NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ကယန်းလူမျိုးရေးရာဝန်ကြီးနေရာအရွေးချယ်ခံထားရတဲ့ ဦးခွန်းတင်နုတို့ တောင်ကြီးမြို့မှာ တွေ့ဆုံ – ရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး – လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန် – မိုးကုတ်အနောက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်တူးသမားတွေကို ဆက်ကြေးလာကောက် – ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်အချို့ ကိုဗစ်ပိုးတွေ့လို့ ရဲစခန်းကို အသွားအလာကန့်သတ် – တစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁ လောင်းတွေ့ – ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးကွက် ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ် – တက္ကသိုလ်ဝင်တန်းဖြေထားပြီးသူတွေ အမှတ်စာရင်း အွန်လိုင်းကကြည့်နိုင်တော့မယ် – ကိုဗစ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲလို့ ကူးစက်မှုမြန်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ် VOM…

Read More

ကယန်းအမျိုးသားပါတီက တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေကို NLD နဲ့ တွေ့ဆုံပွဲမှာတင်ပြ

တောင်ကြီး၊ ဇန်နဝါရီ- ၁၄-၂၀၂၁ နေနန်းနွယ် (VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ နဲ့ ကယန်းအမျိုးသားပါတီ တွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေရဲ့ လွဲမှားနေတဲ့ မှတ်ပုံတင်ကိစ္စတွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ အခန်းကဏ္ဍ၊ ဘတ်ဂျက်တွေတိုးမြင့်သုံးစွဲဖို့ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ကယန်းလူမျိုးရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံထားရတဲ့ ကယန်းအမျိုးသားပါတီက ဦးခွန်းတင်နုက ပြောပါတယ်။ “ကျွန်တော်တို့ပါတီဘက်က တင်ပြစရာရှိတာ တင်ပြပါတယ်၊ အဓိကကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီနဲ့ NLD တို့ မဟာမိတ်ဖြစ်တယ်ဆိုတဲ့ဟာပေါ့၊ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ NLD တို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ဆိုတဲ့ သဘောတူညီချက်တွေကို ပြန်ပြီးတော့မှ အမှတ်ရဖို့အတွက် တင်ပြခဲ့ခြင်း ဖြစ်ပါတယ်” လို့ ကယန်းအမျိုးသားပါတီက ယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းတင်နုက ပြောပါတယ်။ မနက်ဖြန် ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့တွေ့ဖို့ရှိသလို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့လည်းတွေ့ဆုံမယ်လို့သိရပါတယ်။ ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ဟာ…

Read More

တိုင်းရင်းသားပါတီတွေက ပြည်နယ်အစိုးရအဆင့်မှာသာမက ပြည်ထောင်စုအစိုးရအဆင့်ပါ နေရာပေးဖို့တောင်းဆို

တောင်ကြီး၊ ဇန်နဝါရီ- ၁၃-၂၀၂၁ နေနန်းနွယ် (VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ တွေ့ဆုံပွဲမှာ တိုင်းရင်းသားညီအကိုတွေကို ပြည်နယ်အစိုးရအဆင့်မှသာမက ပြည်ထောင်စုအဆင့်အထိပါနေရာပေးဖို့ တောင်းဆိုတဲ့ တဲ့အချက်တွေအပြင် တချို့တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှု ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက တွေ့ခဲ့တဲ့အခြေအနေတွေကို ပြောပြပါတယ်။ ရှမ်းပြည်နယ်က ဒေသခံပါတီတွေဖြစ်တဲ့ PNO ပါတီနှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) တို့နဲ့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အင်တုံခါးနော်စံတို့ဟာ ဒီကနေ့ တောင်ကြီးမြို့က NLD ပါတီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ PNO ပါတီ ဉက္ကဌ ဦးခွန်စံလွင်က “အားလုံးအဆင်ပြေပါတယ် တိုင်းပြည်အတွက်ပဲ အားလုံးအဆင်ပြေအောင်ပြောရတာပေါ့” လို့ တွေ့ဆုံပွဲအပြီးမှာ ပြောပါတယ်။ တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) ဒုဥက္ကဋ္ဌ…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ – ကိုဗစ်ကာလ ထိုင်းရောက် မြန်မာ‌အချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ – ရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ – တရုတ်လုပ်ငန်းရှင်ပြန်သွားလို့ တစ်သျှူးငှက်ပျောအလုပ်သမားတွေ လုပ်အားခမရ – အလောင်းတော်ကဿပ ဘုရားဖူးကား တောင်အဆင်းလမ်းမှာ တိမ်းမှောက်လို့ လူ ၂ ဦးသေ ၁၅ ယောက် ဒဏ်ရာရ – တောင်ကြီးမြို့မှာ လူအားလုံး ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ် – USDP ရဲ့ရှင်းလင်းပွဲတွေ မှန်ကန်မှုမရှိခဲ့ရင် UECအနေနဲ့ တရားစွဲနိုင် – ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့မှာ တွေ့ဆုံ – ထားဝယ်အထူးစီးပွားရေးဇုန်မှာ ထိုင်းကုမ္ပဏီ(ITD)ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို မြန်မာဖယ်ရှား VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့…

Read More
VOM News

FREE
VIEW