လက်နက်ကိုင်အဖွဲ့စည်းမျိုးစုံ က အလင်းဝင်လာတဲ့အဖွဲ့ဝင် ၃၇၆ ယောက်ကို လပခမှာ မိဘအုပ်ထိမ်းသူတွေဆီ အပ်နှံ

မန္တလေး၊ ဇွန်- ၁၉- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးကPDF တွေအပြင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက အလင်းဝင်လာသူ ၃၇၆ ယောက်ကို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လပခ တိုင်းမှူးအပါအဝင် တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ပြီး မိဘအုပ် ထိန်းသူတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကိုင်အဖွဲ့စည်း အသီးသီးကနေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြတဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊အမျိုးသမီး(၅)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား(၃)ဦး၊ အမရပူရမြို့နယ်မှအမျိုးသား (၄၀)ဦး၊ အမျိုးသမီး(၄)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၈)ဦး၊အမျိုသမီး (၃)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၃)ဦး၊မိုးကုတ် မြို့နယ်မှ အမျိုး သား(၂၄)ဦး၊ အမျိုး သမီး(၈)ဦး၊ စဉ့်ကူးမြို့နယ်မှအမျိုးသား (၃၇)ဦး၊ အမျိုးသမီး (၅)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား (၁)ဦး၊မတ္တရာမြို့နယ်မှ အမျိုး သား (၅၀)ဦး၊ အမျိုးသမီး (၂)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၂၂)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှအမျိုး သား(၃)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ . ပျော်ဘွယ်မြို့နယ်မှ အမျိုး သား(၁)ဦး၊ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၁)ဦး၊ အမျိုးသ မီး (၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား (၂)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၃)ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား (၇)ဦး၊ စလင်းမြို့နယ်မှအမျိုးသား(၂)ဦး၊ စေတ္တရာမြို့နယ်မှအမျိုးသား (၁)ဦး၊ ပွင့်ဖြူမြို့နယ်မှအမျိုးသား (၂)ဦး၊ သရက်မြို့နယ်မှ … အမျိုးသား(၄)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၁)ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား(၂၅)ဦး၊ အမျိုး သမီး(၁)ဦး၊ ကျောမြို့နယ်မှအမျိုးသား(၁)ဦး ပေါင်း အမျိုးသား (၃၃၈)ဦးနှင့် အမျိုးသမီး (၃၈)ဦး၊ စုစုပေါင်း (၃၇၆)ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေနဲ့အတူ ပါလာတဲ့ MA -1 အမျိုးအစား သေနတ် (၈) လက်၊ MA -2 အမျိုးအစားသေနတ် (၂)လက်၊ MA -3 အမျိုးအစား သေနတ် (၈) လက်၊ M -22 အမျိုးအစား သေနတ် (၂)လက်၊ AK-47 အမျိုးအစား သေနတ် (၁)လက်၊ MA-11 အမျိုးအစားသေနတ်(၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ ပစ္စတိုသေနတ် (၂)လက်၊လက်လုပ်သေနတ်အမျိုးအစား (၁၂) လက်၊ ကျည်အိမ် မျိုးစုံ(၃၇)ခု၊ ကျည်မျိုးစုံ (၇၄၉) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၅)ခုတို့ကို လွှဲပြောင်းအပ်နှံခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး က လက်ခံရယူပြီး ထောက်ပံ့ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ၅၁၇ ယောက်၊ မတ်လ ၁၉ ရက်နေ့ကလည်း လက်နက် ကိုင်အဖွဲ့အသီးသီးက အလင်းဝင်လာသူ ၅၀၆ ယောက်၊ မေ လ ၁၉ ရက်နေ့က ၃၁၂ ယောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်း ဝင်အခမ်းအနားကျင်းပတာ ဒီကနေ့ကျင်းပတာနဲ့ဆို အကြိမ် ၂၁ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်တာမှာစုစုပေါင်း ၂၃၉၇ ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW