မေးမြန်းတဲ့ကိုယ်စားလှယ်နဲ့ အသီးအပွင့်ကိုခံစားမယ့်ပြည်သူအတွက် တိကျတဲ့ဖြေကြားမှုဖြစ်ဖို့ ဒေါက်တာ နန္ဒာလှမြင့်ထောက်ပြ

နေပြည်တော်၊ ဇွန်- ၁၀ – ၂၀၂၆ KKL(VOM) မေးမြန်းတဲ့ကိုယ်စားလှယ်အတွက်ရော အသီးအပွင့်ကိုခံစားရမယ့် ပြည်သူတွေအတွက် ဝန်ကြီးဌာနတွေရဲ့ ဖြေကြားမှုက တိကျတဲ့ဖြေကြားမှုဖြစ်ဖို့လိုတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ထောက်ပြပြောဆိုခဲ့ပါတယ်။ အခုပြန်လည်စတင်တဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေအပေါ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ဖြေဆိုမှုတွေကို ဒေါက်တာနန္ဒာလှမြင့် က စုစည်းသုံးသပ်ပြီး ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ထောက်ပြမှုနဲ့အတူ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ အစိုးရဖက်က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခု တတိယအကြိမ် လွှတ်တော်သက်တမ်းအထိ မောက်မယ် မဲဆန္ဒနယ်က ကိုယ်စားလှယ်က ပြန်လည်သယ် ဆောင်လာပြီး ထပ်မံမေးမြန်းဖို့ဆောင်ရွက်နေတာ တွေရှိခဲ့တယ် လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။ အဲ့ဒီနောက် ပြည်သူ့လွှတ်တော်မှာ ကော်မတီ ၁၈ ခု အထိ ဖွဲ့စည်းဖို့ရှိတဲ့အကြောင်းနဲ့ ကော်မတီတွေကနေ အစိုးရ ဝန်ကြီး ဌာနတွေမှာရှိတဲ့…

Read More

မန္တလေးမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ

မန္တလေး၊ ဇွန်- ၁၀- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း နဲ့ ၁၂၃ လမ်း အနီးမှာ အမျိုးသားတဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အုပ်စုဖွဲ့ပြီး လုယက်သွားခဲ့တဲ့ CCTV မှတ်တမ်းတခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။ အဲ့ဒီရုပ်သံမှတ်တမ်းမှာ အမျိုးသားတဦးက ဆိုင်ကယ်မောင်းလာချိန် အနောက်ကနေ ဆိုင်ကယ်တစီးနဲ့ လုယက်သူနှစ်ဦးက ကပ် လိုက်လာပြီးတော့ ဆိုင်ကယ်စီးသူကို လုယက်မယ့်ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တာကြောင့် အဲ့ဒီဆိုင်ကယ်နဲ့ အမျိုးသားလဲကျသွားချိန်မှာ နောက်ကကပ်ပြီးပါလာတဲ့ နောက်ထပ် လုယက်သူနှစ်ယောက်က လဲကျသွားတဲ့ အမျိုးသားကို လက်နက်နဲ့ ခေါင်းကို ရိုက်နှက်နေတာ တွေရပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ အမျိုးသား တဦးထွက်ပြေးချိန်မှာ မျက်နှာချင်းဆိုင်ကနေ ရှေ့က ဆိုင်ကယ်ကို ကန်သွားတဲ့လုယက်သူ နှစ်ယောက်က…

Read More

ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာ ငလျင်ကြောင့် ပြိုကျဗလီတွေပြန်ဆောက်ခွင့်မရတာတင်ပြ

မန္တလေး၊ ဇွန်- ၇- ၂၀၂၆ Voice Of Myanmar ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်ရေးအတွက် မန္တလေးတိုင်းအတွင်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က ဆရာတော် သံဃာတော်တွေ စုစည်းပြီး ချမ်းအေးသာစံမြို့နယ်၊ ၆၄ လမ်း နဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ Oriental House မှာ ဒီကနေ့မနက် ၁၀ နာရီမှာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ ဗလီတွေ ၁၈ လ ကြာတဲ့အထိ ပြန်လည်ဆောက်လုပ်ခွင့်မရသေးကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးက ထည့်သွင်းပြောကြားပါတယ်။ ဒီလိုကိစ္စ​တွေနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်အဝေးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့စုံမေးမြန်မှုတခုမှာ ” ဘာသာရေးအဆောက်အဦတွေကို သူတို့နဂိုမူရင်းရှိပြီးသား ပုံစံအကျယ်အဝန်း အတိုင်း ဆောက်လုပ်ဖို့ ခွင့်ပြုထားပေးထားပြီး…

Read More

ဂျပန်နိုင်ငံရှိ BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် မန္တလေးမှာ ဂျပန်သွားလိုသူတွေကို ရွေးချယ်

မန္တလေး၊ ဇွန်- ၅- ၂၀၂၆ VOICE OF MYANMAR ဂျပန်နိုင်ငံမှာ အလုပ်ခွင် လက်တွေ့သင်တန်းတွေ ပို့ချပြီး အလုပ်အကိုင်တွေ ဖန်တီးပေးမယ့် BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ မန္တလေးမှာ ဂျပန်ဘာသာစကားသင်ယူတတ်မြောက်ပြီးတဲ့ လူငယ်တွေကို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ပညာသင်ယူရင်း အလုပ် လုပ်ကိုင်နိုင်ဖို့ မန္တလေးက HOTEL HAZEL မှာ စာတွေ့ လူတွေ့ လက်တွေ့ စစ်ဆေးခဲ့ပါတယ်။ စာတွေ့ လူတွေ့ လက်တွေ့ အောင်မြင်တဲ့လူတွေကို ဂျပန်နိုင်ငံက သူတို့ရဲ့ BEPPU MIZOBE GAKUEN COLLAGE မှာ ပညာသင်ရင်း အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ သိရပါတယ်။ BEPPU MIZOBE GAKUEN COLLAGE ရဲ့ သမိုင်းကြောင်းနဲ့ သူတို့ ဘယ်လိုပညာတွေသင်ကြားပေးသလဲ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်သလဲဆိုတာကို…

Read More

ကာလကြာရှည် ထိန်းသိမ်းခံရတဲ့ လူကုန်ကူးခံရသူ အမျိုးသမီးတွေကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံ

မန္တလေး၊ ဇွန်- ၅- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက် ၄၁၈ မှာ ကာလကြာရှည်စွာ ထိန်းသိမ်းခံထာရသူ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို မိဘနဲ့ နေရပ်ဆီကို ပြန်လည်အပ်နှံဖို့ အစီအစဥ် ရှိ မရှိဆိုတဲ့ မေးခွန်းကို အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (တတိယနေ့အခမ်းအနား) မှာ လွှတ်တော်ဥက္ကဋ္ဌကတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း မေးမြန်းတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ” လူကုန်ကူးမှုများတွင် ပြစ်မှုကျူးလွန်သူ တရားခံ ဖမ်းဆီးရမိတဲ့ အမှုများ၌…

Read More

တိုင်းပြည်တိုးတက်ဖို့ ပြည်သူ​တွေပူး​ပေါင်းမှုအ​ရေးကြီး​ကြောင်း မန္တ​လေးတိုင်းဝန်ကြီးချုပ်ဆို

မန္တ​လေး ၊ဇွန် ၃၊၂၀၂၆ VOM မန္တ​လေးတိုင်းဟာ တိုင်းပြည်စီးပွား​ရေးအတွက်အဓိကတိုင်းထဲမှာပါတာမို့ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအ​နေနဲ့ ဘာ​တွေ​စီမံထားပါသလဲ? ဘာ​တွေကအ​ရေးတကြီးလုပ်ဖို့လို​နေလဲဆိုတာ​တွေသိနိုင်ဖို့ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုး​အောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ စိုက်ပျိုး​ရေးကိုအ​ခြေခံပြီး တိုးတက်​အောင်လုပ်မယ့်ကိစ္စ​တွေ၊ မန္တ​လေးတိုင်း​ဒေသကြီးမှာ တည်ငြိမ်​အေးချမ်းပြီး ရင်းနှီးမြုပ်နှံမှု​တွေတိုးတက်လာ​အောင် လုပ်မယ့်အစီအစဥ်​တွေနဲ့ ပတ်သက်ပြီး မန္တ​လေးတိုင်း​ဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုး​အောင်​​ဖြေဆိုထားတာကို တင်ပြ​ပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #မန္တ​လေးတိုင်း​ဒေသကြီးအစိုးရ #ဝန်ကြီးချုပ်ဦးမျိုး​အောင်

Read More

လပခမှာ ဒီတခေါက်အလင်းဝင်တဲ့အထဲ မြင်းခြံနဲ့ ပခုက္ကူက PDF တွေ ပါဝင်လာ

မန္တလေး၊ မေ- ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးကPDF တွေအပြင် ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ မြင်းခြံနဲ့ ပခုက္ကူက PDF တွေအပါဝင် အလင်းဝင်လာသူအမျိုး သား ၂၇၇၊ အမျိုးသမီး ၃၅ ယောက် စုစုပေါင်း ၃၁၂ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့ မေ လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းက အဘင်းဝင်လာသူ အောင်မြေသာစံမြို့နယ်က အမျိုးသား(၂၆) ဦး ၊ အမျိုးသမီး(၄)ဦး၊ ချမ်းအေးသာစံမြို့နယ်က အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား(၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က အမျိုး သား(၄)ဦး၊ အမရပူရမြို့နယ်က အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ပုသိမ်ကြီးမြို့နယ်က အမျိုးသား(၁) ဦး၊ ပြင်ဦးလွင်မြို့နယ်က…

Read More

ကသာမြို့ကို ပြန်ဝင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဒေသခံတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုဆို

ကသာ၊ မေ- ၁၂- ၂၀၂၆ VOICE OF MYANMAR စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့ကို အုပ်ချုပ်ရေးယန္တယားအပြည့်အဝလည်ပတ်နိုင်ဖို့ ထပ်မံအားဖြည့်ဝင်ရောက်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာမြို့ခံ ပြည်သူတွေနဲ့ ရောက်နှင့်နေပြီးဖြစ်တဲ့ နယ်မြေခံဌာနဆိုင်ရာ ဝန်ထမ်းတွေက မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မြို့အဝင်မုဒ်ဦးကနေ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ “ဌာနဆိုင်ရာဝန်းထမ်းအသစ်တွေ ဝင်ရောက်လာတာကို ကြိုဆိုပါတယ် ၊ကသာမြို့ပေါ်မှာ ကြံ့ကြံ့ခံနေသူတယောက်ချင်းစီတိုင်းကို ကူညီထောက်ပံ့တာမျိုးဆိုရင်လည်း ကြိုဆိုပါတယ် ၊နေထိုင်စားသောက်ခဲ့ရတာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ကြလို့ပါ ” လို့ ဒေသခံတဦးပြောပါတယ် ။ ကသာမြို့ကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက စစ်ကား (၃၀၀) ကျော်ဝန်းကျင်နဲ့အတူ ကသာလိုင်းကား (၉) စီး၊မှန်လုံကား (၆)စီး၊ အင်းတော်လိုင်းကား (၆)စီး၊ မော်လူးလိုင်းကား (၁)စီး၊ လူဦးရေ ၂၇၀ ကျော်ခန့် ဝင်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ ကသာမြို့အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး၊…

Read More

ရဲမွန်​တောင် ပြည်သူ့စစ်ဆိုတာဘာလဲ

မန္တ​လေး -ဧပြီ ၂၅-၂၀၂၆ ရဲမွန်​တောင်ပြည်သူ့စစ်ဌာ​နေ တည်​ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်အ​နေတဲ့ သံဃာ ၁၀ ပါး၊ သီလရှင် အပါး ၇၀၀ ကို ဆွမ်းကပ်ပြီး ဆွမ်းဆန်စိမ်း ​လောင်းလှူပွဲကို ရဲမွန်​တောင် ပြည်သူ့စစ်ရုံးမှာ ဒီ​နေ့ ဧပြီ ၂၅ ရက်​နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပြည်သူ့စစ်​တွေထဲက ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူ​တွေရဲ့ မိသားစု​တွေကို ​ထောက်ပံ့တဲ့ အစီအစဥ်လည်း​တွေ့ရပါတယ်။ ရဲမွန်​တောင်ပြည်သူ့စစ်ဆိုတာ ဘာလဲ ၊ ဘယ်သူ​​တွေလဲ ၊ ဘယ်​လောက်အင်အားရှိလဲ၊ သူတို့ဘာလုပ်​နေလဲဆိုတာ ရဲမွန်​တောင်ပြည်သူ့စစ်အဖွဲ့တည်​ထောင်သူ တရားလွှတ်​တော်​ရှေ့​နေလည်းဖြစ် မန္တ​လေးတိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမျိုး​ကျော်​ခေါ် ဦးနေမျိုး​ကျော်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ရဲမွန်​တောင်ပြည်သူ့စစ် #ဦးမျိုး​ကျော် #ဦး​နေမျိုး​ကျော်

Read More

မြန်မာ့ရိုးရာ အတာသင်္ကြန်အတွက် မန္တလေးမှာ ဘာတွေပြင်ဆင်ထားလဲ၊ ယာဥ်အပ်နှံခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံလို့ တိုင်ကြားသူရှိရင် အရေးယူမယ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၆ SA(VOM) မကြာခင် ကျရောက်မယ့် မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့က ရိုးရာယဥ်ကျေးမှုတွေနဲ့အညီ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်နေတာကို တွေ့ရပါတယ်။ လာမယ့် ဧပြီ ၁၃ ရက်နေ့ညနေ ၅ နာရီမှာ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောပါတယ်။ ၂၆ လမ်းနဲ့ ၆၆လမ်း ကိုတော့ မော်တော်ယာဥ်တွေကို လုံးဝပေးဝင်မှာ မဟုတ်ပဲ လမ်း ၈၀ နဲ့ ၁၂ လမ်းမှာ ဘေးတွေမှာ နေအိမ်တွေရှိတာကြောင့် ကျုံအတွင်းလမ်းကို အသုံးပြုခွင့်မပေးပေမယ့် အပြင်လမ်း ကိုတော့…

Read More
✕
VOM News

FREE
VIEW