ဓာတ်မှန်စက် ကို KIA လုယူတဲ့ကိစ္စ ဒေသခံ တိုင်းရင်းသား စာပေနဲ့ယဥ်ကျးမှု ကော်မတီတွေက သဘောထား ထုတ်ပြန်ဖို့လိုတယ်လို့ ဆို

နေပြည်တော် ဇွန် ၁၉ – ၂၀၂၆
KKL(VOM)
ဒေသခံတွေရဲ့ ကျန်းမာရေးအတွက်အရေးပါတဲ့ ပူတာအိုဆေးရုံကို ပို့ဆောင်မယ့် ဓာတ်မှန်စက်ကို ဇွန်လ ၁၈ ရက်နေ့က ကချင် ပြည်နယ်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ် လုယူခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ဒေသခံတွေအပါ အဝင် တိုင်းရင်းသား စာပေနဲ့ယဥ်ကျးမှု ကော်မတီတွေက သဘောထား ထုတ်ပြန်ဖို့ လိုအပ်တဲ့အကြောင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရားနီ က ပြောပါတယ်။
ပူတာအိုကို ပို့ဆောင်မယ့် ဓာတ်မှန်စက်အပါအဝင် ဆေးဝါးပစ္စည်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က လုယူခဲ့တဲ့အပေါ် ပူတာအို က ကိုယ်စားလှယ် ဦးရားနီ အပါ အဝင် ဟုမ္မလင်းမြို့နယ် ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်နဲ့ တောင်တွင်းကြီး မြို့နယ် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ စတဲ့ ကိုယ်စားလှယ်သုံးယောက်ကို VOM က သဘောထားသုံးသပ်ချက်တွေမေးမြန်းခဲ့တာပါ။
ဆက်ပြီးတော့ ကျန်းမာရေးကိစ္စလည်းဖြစ်တဲ့အတွက် ပြည်သူတွေအတွက် ဓာတ်မှန်စက်ကို ရောက်ရှိအောင် KIA အနေနဲ့ပြန်ပြီး ကူညီပေးသင့်တဲ့အကြောင်း ဦးရားနီက ပြောပါတယ်။
ဟုမ္မလင်း ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်ကတော့ ဝေးလံတဲ့ဒေသလည်းဖြစ် ဒေသခံ တိုင်းရင်းသားပေါင်းစုံရဲ့ ကျန်းမာရေးဆောင်ရွက်မယ့်ကိစ္စအပေါ် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မလုပ်ဆောင်သင့်တဲ့အကြောင်းနဲ့ ပူတာအို ဒေသခံတွေရဲ့ ကုသရေးအပိုင်းကို အကြီးအကျယ် နှောက်ယှက်လိုက် သလိုဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုပဲ တောင်တွင်းကြီးက ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာကျော်ဆွေ ကလည်း ဒေသခံတွေအပေါ်မှာ တော်တော့ကို မညှာတာတဲ့လုပ်ရပ် ဖြစ်တဲ့အပြင် ဒေသခံတွေရဲ့ ကျန်းမာ ရေးကဏ္ဍကို လျစ်လျှူရှုတဲ့ လုပ်ရပ်လို့ ဆိုပြီးတော့ ဒေသခံပြည်သူတွေအကျိုးကို ဆောင်ရွက်နေပါတဲ့ အဖွဲ့အစည်းက လုပ် ဆောင်ခဲ့တာဖြစ်လို့ ဒေသခံတွေအတွက် စိုးရိမ်မိတဲ့အကြောင်းနဲ့စစ်ရေးနဲ့ မသက်ဆိုင်တဲ့အပြင် အများပြည်သူ ကျန်းမာရေးသုံးပစ္စည်းဖြစ်လို့ KIAအနေနဲ့ဂျီနီဗာ ကွန်ဗင်းရှင်းကို တိတိကျကျ လိုက်နာဖို့ ဝိုင်းပြီး တိုက်တွန်းဖို့လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW