တင်ဒါစည်းကမ်း အားနည်းချက်ကို ပြန်စီစစ်ပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ တင်ဒါညွန်ကြားချက် ထုတ်ပြန်ပေးဖို့ ဧရာဝတီ လွှတ်တော်ကိုယ်စားလှယ် ထပ်ဆင့်မေးခွန်းထုတ်

နေပြည်တော်၊ ဇွန် – ၁၁ – ၂၀၂၆
KKL(VOM)
တင်ဒါခေါ်ယူမှုနဲ့ပတ်သက်လို့ စည်းမျဥ်း စည်းကမ်း အားနည်း ချက်အပေါ် ပြန်စီစစ်ပြီး ခေတ်စနစ်နဲ့ကိုက်ညီတဲ့ တင်ဒါညွှန် ကြားချက်တွေ ထုတ်ပြန်ပေးဖို့ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ထပ်ဆင့်မေးခွန်းအနေနဲ့မေးမြန်းခဲ့ပါတယ်။
အဲ့ဒီမေးမြန်းချက်ကိုတော့ ဒီကနေ့ ပြုလုပ်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့က ဦးအောင်ကျော်မင်းကမေးမြန်းမှုနဲ့အတူ ဝေဖန် ထောက်ပြခဲ့တာပါ။
တင်ဒါစည်းမျဥ်းစည်းကမ်းအားနည်းချက်ကြောင့် မသမာတဲ့တင်ဒါတွေ ပါဝင်လာနိုင်တယ်လို့ ထောက်ပြမှုနဲ့အတူ တင်ဒါ ညွှန်ကြားချက် ၁/၂၀၂၂ မှာ ဖောင်ရောင်းရမယ့်ရက် ဖောင်ပိတ်ရက် တင်ဒါတင်ရမယ့်ရက် အချိန်ပေးဖို့ မပါဝင်တဲ့အတွက် မသမာတဲ့တင်ဒါ တင်သွင်းမှုဖြစ်ပေါ်နိုင်တယ်လို့ ဦးအောင်ကျော်မင်းက ထောက်ပြပါတယ်။
တင်ဒါ ညွှန်ကြားချက် ၁/၂၀၂၂ ရဲ့တင်ဒါ ခေါ်ယူမှုက ကြိုတင်သိထားနိုင်တဲ့သူတွေသာ ကြိုတင်ပြင်ဆင်ပြီး တင်နိုင်မယ့် တင်ဒါအမျိုးအစားဖြစ်ပြီးတော့ ဘယ်သူ တစ်ဦးတစ်ယောက်မှ တင်ဒါ မတင်နိုင်အောင်လုပ်ဆောင်တဲ့ တင်ဒါခေါ်ယူမှုမျိုးဖြစ်တယ်လို့လည်း ဦးအောင်ကျော်မင်း က ထပ်ဆင့်မေးခွန်းနဲ့အတူ သုံးသပ်ပြခဲ့ပါတယ်။
ကနဦး ဦးအောင်ကျော်မင်းမေးတဲ့ မူရင်းမေးခွန်းကို ဖြေကြားခဲ့တဲ့ထဲက ဆောက်လုပ်ရေး ဒုဝန်ကြီးက ” တင်ဒါနဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ် လိုက်နာဖို့ပဲ လိုပါတယ်၊ ဆိုတဲ့ဖြေကြားခဲ့တဲ့အပေါ်မှာ ဦးအောင်ကျော်စိုးကတော့..”မှန်ပါတယ် ညွှန်ကြားချက်တွေထုတ်ပြန်ထားပါတယ် လိုက်နာဖို့ပဲလိုပါတယ်ဆိုတဲ့အပေါ်မှာ oန်ကြီးဌာနတွေနဲ့ သက်ဆိုင်သူတွေကို မည်သို့သော အစီအမံမျိုးများ လုပ်ဆောင်ထားတယ်ဆိုတာကို သိချင်ပါတယ်” ဆိုတဲ့ ထပ်ဆင့် မေးမြန်းမှုတစ်ခုလည်း ပါရှိခဲ့ပါတယ်။
ထပ်မံပြီးဝန်ကြီးဌာန ပေါင်းသုံးဆယ်ကျော်ထဲမှာ တည်ဆောက်ရေးလုပ်ငန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဝန်ကြီးဌာနက အနည်းစုအဖြစ်သာပါဝင်ကြောင်း သို့သော်လည်း ဝန်ကြီးဌာနတွေက သူတို့ဌာနနဲ့မအပ်စပ်တဲ့ တင်ဒါခေါ်ယူတဲ့လုပ်ငန်းတွေလုပ်နေရတဲ့အတွက် သီးခြားလွတ်လပ်ပြီးကျွမ်းကျင်တဲ့ ကော်မတီ ကော်မ ရှင် သို့မဟုတ် အေဂျင်စီ ကဲ့သို့ဖွဲ့စည်းတာဝန်ပေးဖို့ ရှိ မရှိသိလိုတဲ့ မေးမြန်းမှုတွေဖြစ်ပါတယ်။
အဲ့ဒီမေးမြန်းမှုတွေကိုတော့ ဆောက်လုပ်ရေး ဒုဝန်ကြီးက တိုက်ရိုက်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး သို့သော်လည်း မေးခွန်းမေးမြန်းချက်တွေက ပြန်လည်မေးမြန်းတဲ့မေးခွန်းတွေဖြစ်တဲ့အပြင် မေးခွန်းက များတဲ့အတွက် စာနဲ့ရေးသားတင်ပြခြင်း ပြန်လည်ဆွေးနွေးမှုတွေလုပ်ဆောင်ပြီး ကက်ဘိနက်မှာ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။
နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ်ရာတွင် တင်ဒါ စည်းမျဉ်းစည်းကမ်းများ ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကို ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် ၄ ရဲ့ ကနဦးမေးမြန်းမှုအပေါ် ထပ်ဆင့်မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW