ဆူးငှက် တတိယအရွယ်ရောက် အဘနှင့် အမေ့အစီအစဉ် ——————————————————- အဘနှင့် အမေက အသက်ကြီးလာတော့ အိမ်မှာပဲ ဆိုင်ကလေးဖွင့်ပြီး အေးအေးလူလူ နေချင်ပြီ။ ဆိုင်ကလေး ဖွင့်ဖို့ ဆိုတာက ကိုယ့်အိမ် ကိုယ့်ဝင်းလေးနှင့် မှ ဖြစ်မည်။ နဂိုက ကိုယ့်အိမ်လေးနှင့် ကိုယ် နေချင်တာက ကျွန်တော်သာလျှင် ဖြစ်သော်လည်း အခုတော့ စကားစပ်မိလေတိုင်း အမေက ဆိုင်လေးဖွင့်ချင်တာ တဖွဖွပြောသည်။ အဘကတော့ နှုတ်က ဖွင့်မပြောသော်ငြား သွားရင်းလာရင်းဖြစ်စေ၊ မိတ်ဆွေများနှင့် ကြုံကြိုက်၍ ဖြစ်စေ အိမ်လေးတစ်လုံး အတွက် စနည်းနာ လေ့ရှိသည်။ တစ်ခါတရံ ဖဲထီးကြီး ပုခုံးချိတ်ပြီး ဘာမပြော ညာမပြော ထွက်သွားပါက မိတ်ဆွေများထံက ကြားခဲ့ရသော အိမ်ကလေးတစ်လုံးကို သွားကြည့်ခြင်း ဖြစ်သည်။ တကယ်တော့ ဆန္ဒအရသာ ထိုသို့ သွားကြည့်နေသော်လည်း အဘ တတ်နိုင်သည့် အနေအထားက လက်လှမ်းမမှီတာပဲ…
Read MoreDay: June 12, 2026
နန့်စီးအောင်မှာ လိုင်စင်မဲ့ကားတွေ တင်းတင်းကျပ်ကျပ် ဖမ်းဆီး
ဇွန် ၁၁၊၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ (W) ကားတွေနဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးနေတာကြောင့် အဲဒီယာဉ်တွေနဲ့ အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ယာဉ်လုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းထံက သိရပါတယ်။ နန့်စီးအောင်ဂိတ်ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အစပ်၊ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အဓိက ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်အဝင်အထွက် ကုန်စည်စီးဆင်းမှုနဲ့ ခရီးသည်ပို့ဆောင်ရေးအတွက် အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ “ဒီလိုပါ၊ တိုင်းမှာ တိုင်း Pass ပေးထားတဲ့ကားတွေက တရားဝင် ဖြတ်သန်းခွင့်ရှိပါတယ်။ ဒါပေမယ့် Pass တစီးတင်ပြီး ကားဆယ်စီး၊ ဆယ့်ငါးစီးလောက် အတူသွားနေကြတာတွေ ရှိတယ်။” လို့ ကုန်တင်ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။ အဲဒီလမ်းပြေးနေတဲ့ကားတွေထဲမှာ…
Read Moreမန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့တဲ့ တရားခံလေးယောက် ဖမ်းဆီးရမိ
မန္တလေး၊ ဇွန်- ၁၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းအနီးမှာ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ဆိုင်ကယ်မောင်နှင်လာသူ အမျိုးသားတဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ပြီးထွက်ပြေးသွားတဲ့ တရားခံလေးဦးကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး (ပ)၈၄/၂၀၂၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီးနောက် တရားခံတွေကိုဖမ်းရမိရေးအတွက် မဟာအောင်မြေခရိုင်မူခင်းနှိမ်နင်းရေးအဖွဲ့က ဒုရဲမှူး လွင်အောင် ဦးစီးပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းခဲ့ရာက ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲမှာ ဆိုင်ကယ်လုယူသွားသူတွေထဲက ချမ်းမြသာစည်မြို့နယ် ၄၉ လမ်း နဲ့ ၁၁၆ လမ်းထောင့်က ပုဂံ ဘီယာ ဆိုင်မှာ စားသောက်နေကြောင်း သိရှိခဲ့လို့သွားရောက်ဖမ်းဆီးရာက တရားခံ မျိုးသန့်ဇော်(ခ)သီဟဇော်(ခ) ဒီဒိုင်း၊၂၀နှစ် ကို စတင်…
Read Moreရန်ကုန် – ပဲခူးလမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသားနှစ်ယောက်သေဆုံး
ဇွန် ၁၁ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ရန်ကုန် – ပဲခူးလမ်းပေါ် မှာ ဒီကနေ့ ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းက ၂၂ ဘီးကားနဲ့ ကုန်ကား တိုက်မိပြီး အမျိုးသားနှစ်ယောက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မနက် ၇ နာရီ မိနစ် ၄၀ ဝန်းကျင် ၊ ပဲခူးမြို့နယ်၊ (၁၀)မိုင်ဂုံးအကျော်မှာ ၂၂ ဘီးတွဲကားကို Canter (၆)ဘီးကားက နောက်ကနေ ဝင်တိုက်မိပြီး ခြောက်ဘီးကားပေါ်လိုက်ပါတဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ” တွဲကားကလည်း ကုန်တွေနဲ့ပဲ မောင်းနေတာ။ အဲဒါကို နောက်ကနေ Canter ကားကဝင်တိုက်တာ ။ အိပ်ငိုက်ပြီးတိုက်သလား.တခုခုရှောင်ရင်းကနေ အရှိန်မထိန်းနိုင်ဘဲ တိုက်မိလားတော့ သေချာမပြောနိုင်ဘူး ။ Canter ကားက…
Read Moreမန္တလေးက ပြည်သူ့ဟစ်တိုင်ကွင်း(မနော်ရမ္မံ ညစျေး)ကို ပြည်သူတွေလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရေး နေရာအတွက် ပြန်လည်အသုံးပြုဖို့ လွှတ်တော်မှာမေး
မန္တလေး၊ ဇွန်- ၁၁- ၂၀၂၆ SA(VOM) ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့ အခမ်း အနား) မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စား လှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် က ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နေရာ ရရှိရေးဆောင် ရွက်ပေးနိုင်ဖို့ အစီအစဥ် ရှိ မရှိ မေးမြန်းခဲ့တာဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်လို့ သိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနဲ့ ၆၂ A လမ်း ၃၉ လမ်းနဲ့ ၄၁ လမ်းကြားမှာရှိတဲ့ မနော်ရမ္မံကစားကွင်းမြောက်ဘက်ဘေးက ပြည်သူ့ဟစ်တိုင်ကွင်းကို မနက်ပိုင်းကစပြီး ညနေ ၃ နာရီအတွင်း ပြစ်သူ့ဟစ်တိုင်ကွင်းအဖြစ် ပြန်လည်အသုံးပြုဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရကို…
Read Moreဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားဟာ သူ့ချစ်သူမိန်းကလေးကို -တ်ပြီးမှ ဟိုတယ် ၂၉ လွှာကနေ ခုန်ချခဲ့ခြင်းဖြစ်
ဇွန် ၁၁ ၊၂၀၂၆ GG (VOM) ရန်ကုန် ၊ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားဟာ လှိုင်သာယာက သူရဲ့ချစ်သူမိန်းကလေးကို သတ်ဖြတ်ခဲ့ပြီးနောက်မှာမှ ဆီဒိုးနားဟိုတယ်ရဲ့ အမြင့်ဆုံး ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ် ။ မနေ့က ဇွန် ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အမျိုးသားက ဆီဒိုးနားဟိုတယ်ရဲ့ ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်ပြီး ၊ ခုန်ချခဲ့တဲ့ ၂၉ လွှာ ကို တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာကနေ ၂၉ လွှာအရေးပေါ်ထွက်ပေါက်ရဲ့ တံခါးဘောင်ပေါ်မှာ ဖုန်းနှစ်လုံး၊ စာတစောင်နဲ့ ကားမောင်းလိုင်စင်တခုကို တွေ့ရှိရတယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာရေးသားထားတဲ့ အချက်အလက်တွေအရ အဆိုပါ အမျိုးသားဟာ အမျိုးသမီးတယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရတာဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးကတော့…
Read Moreပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် ထပ်ကျလို့ ဝယ်ချင်သူတွေစိတ်ဝင်စားလာ
ဇွန် ၁၁ – ၂၀၂၆ SN (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းလာတဲ့အတွက် ပြည်တွင်းက အခေါက်ရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် အကျရှိခဲ့တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ ဒေါ်လာ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဇွန် ၉ ရက်နေ့ကနေ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းအထိ တအောင်စ ဒေါ်လာ ၂၀၀ ကျော် ကျဆင်းခဲ့တာဖြစ်ကာ လက်ရှိမှာတော့ တအောင်စ ဒေါ်လာ ၄၁၀၃ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ “ကမ္ဘာ့ရွှေကျတော့ ပြည်တွင်းဈေးပါ လိုက်ကျတယ်။ အခု အခေါက်ရွှေ တကျပ်သားဈေးက ၉၅ သိန်းဝန်းကျင်ကို ရောက်နေပြီ။ ဈေးကွက်ထဲမှာ…
Read Moreတင်ဒါစည်းကမ်း အားနည်းချက်ကို ပြန်စီစစ်ပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ တင်ဒါညွန်ကြားချက် ထုတ်ပြန်ပေးဖို့ ဧရာဝတီ လွှတ်တော်ကိုယ်စားလှယ် ထပ်ဆင့်မေးခွန်းထုတ်
နေပြည်တော်၊ ဇွန် – ၁၁ – ၂၀၂၆ KKL(VOM) တင်ဒါခေါ်ယူမှုနဲ့ပတ်သက်လို့ စည်းမျဥ်း စည်းကမ်း အားနည်း ချက်အပေါ် ပြန်စီစစ်ပြီး ခေတ်စနစ်နဲ့ကိုက်ညီတဲ့ တင်ဒါညွှန် ကြားချက်တွေ ထုတ်ပြန်ပေးဖို့ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ထပ်ဆင့်မေးခွန်းအနေနဲ့မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမေးမြန်းချက်ကိုတော့ ဒီကနေ့ ပြုလုပ်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့က ဦးအောင်ကျော်မင်းကမေးမြန်းမှုနဲ့အတူ ဝေဖန် ထောက်ပြခဲ့တာပါ။ တင်ဒါစည်းမျဥ်းစည်းကမ်းအားနည်းချက်ကြောင့် မသမာတဲ့တင်ဒါတွေ ပါဝင်လာနိုင်တယ်လို့ ထောက်ပြမှုနဲ့အတူ တင်ဒါ ညွှန်ကြားချက် ၁/၂၀၂၂ မှာ ဖောင်ရောင်းရမယ့်ရက် ဖောင်ပိတ်ရက် တင်ဒါတင်ရမယ့်ရက် အချိန်ပေးဖို့ မပါဝင်တဲ့အတွက် မသမာတဲ့တင်ဒါ တင်သွင်းမှုဖြစ်ပေါ်နိုင်တယ်လို့ ဦးအောင်ကျော်မင်းက ထောက်ပြပါတယ်။ တင်ဒါ ညွှန်ကြားချက် ၁/၂၀၂၂ ရဲ့တင်ဒါ ခေါ်ယူမှုက ကြိုတင်သိထားနိုင်တဲ့သူတွေသာ…
Read MoreMNDAA က သိမ်းယူထားတဲ့ နမ့်တောင်းဒေသခံတွေရဲ့ မြေယာကို တရုတ်လုပ်ငန်းရှင်တွေက ၁၂ နှစ်ကြာ အသုံးပြုမယ်
ဇွန် ၁၁၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာက ဒေသခံတောင်သူ ၆ ဦးရဲ့ စိုက်ခင်းမြေဧက ၂၀ ခန့်ကို MNDAA တပ်ဖွဲ့က သိမ်းယူထားပြီး တရုတ်လုပ်ငန်းရှင်တဦးကို အသုံးပြုခွင့်ပေးထားကာ နောက်ထပ် ၁၂ နှစ်ကြာ ဆက်လက်အသုံးပြုသွားမယ်လို့ ပြောဆိုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ အဲဒီမြေယာတွေဟာ နဝတလက်ထက် ၂၀၀၆ ခုနှစ်ဝန်းကျင်က ပန်ဆိုင်း (ကြူကုတ်) မြို့ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဦး လက်ထက်မှာ နိုင်ငံတော်စီမံကိန်းအဖြစ် ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ဖို့ဆိုပြီး တောင်သူတွေဆီက သိမ်းယူထားခဲ့တဲ့ မြေယာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အဲဒီတုန်းက ဓာတ်မြေဩဇာစက်ရုံ လုပ်မယ်ဆိုပြီး သိမ်းသွားတာ။ ဒါပေမယ့် နိုင်ငံတော်ဘက်ကလည်း စက်ရုံမလုပ်ဘူး။ နောက်ပိုင်း မုံးကိုးပြည်သူ့စစ်မှာ ပါဝင်တဲ့ ဦးလောင်းဝ်းဟော့ကို ပေးပြီး နှစ်နှစ်သုံးနှစ်လောက်…
Read Moreရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေ ပေ ၂၀ ကျော်အထိ မြင့်တက်နိုင်
ဇွန် ၁၁ – ၂၀၂၆ SS (VOM) လာမယ့် ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ခန့်မှ ၂၀ ဒသမ ၀၄ ခန့်အထိ သာမန်ထက် ထူးကဲဒီရေ အမြင့်ပေ တက်လာဖို့ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် မြစ်နားကမ်းနား နေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ဖို့ အခုလို သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အခြေခံရေစစ်မျဉ်းအထက် ၂၂ ပေခန့်အထိ တက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကြောင့် အခုအခြေအနေမှာ စိုးရိမ်ဖွယ်မရှိဘူးလို့လည်း အသိပေးထားပါတယ်။ ထူးကဲဒီရေတက်ချိန်မှာ ရေစီးအလွန်ကြမ်းတမ်းတတ်တာကြောင့် ဒလ – ရန်ကုန် ကူးတို့အပါအဝင်…
Read More