ISP-Myanmar တည်ထောင်သူ ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံရ

ဇွန် ၆၊ ၂၀၂၆။
NN(VOM)
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အစိုးရက အခုလဆန်းပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက မနေ့က ဖော်ပြပါတယ်။
ဦးမင်းဇင်ဟာ အခုလ ၃ ရက်နေ့က မြန်မာနဲ့ နယ်စပ်ဖြစ်တဲ့ ယူနန်ပြည်နယ် ကူမင်းမြို့ကို သွားရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးခံရတဲ့ကိစ္စကို အမေရိကန်သံတမန်တွေကလည်း သိရှိထားတယ် လို့ နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက ဖော်ပြပါ တယ်။
အမည်မဖော်လိုတဲ့ ဦးမင်းဇင်နဲ့ နီးစပ်သူတချို့ကလည်း သူပျောက်ဆုံးနေတာ ဟုတ်တယ်လို့ ပြောပါတယ်။
“တရုတ်ကို သွားတာဟုတ်တယ်။ အခုလဆန်းထဲက အဆက်အသွယ် မရတာ” လို့ ကိုမင်းဇင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံလုံခြုံရေးအပေါ် ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမင်းဇင်ကို ဖမ်းဆီးထားတာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား တစ်ဦး ကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုနဲ့ ဖမ်းဆီးတာဟာ ဖြစ်ခဲတဲ့ ကိစ္စတစ်ခုလို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းမြို့ (Kunming) တွင် ဦးမင်းဇင် ပျောက်ဆုံးသွားခဲ့ကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) က ဖမ်းဆီးထားမှုကို အတည်ပြု ဖြေကြားခဲ့တာပါ။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က ရန်ကုန်မြို့မှာ အခြေစိုက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်းမှာတော့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်ပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စရပ်တွေ ကို ဆက်လက်လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေတဲ့ သုတေသနအဖွဲ့ တစ်ခု ဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW