မန္တလေးမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ

မန္တလေး၊ ဇွန်- ၁၀- ၂၀၂၆
SA(VOM)
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း နဲ့ ၁၂၃ လမ်း အနီးမှာ အမျိုးသားတဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အုပ်စုဖွဲ့ပြီး လုယက်သွားခဲ့တဲ့ CCTV မှတ်တမ်းတခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။
အဲ့ဒီရုပ်သံမှတ်တမ်းမှာ အမျိုးသားတဦးက ဆိုင်ကယ်မောင်းလာချိန် အနောက်ကနေ ဆိုင်ကယ်တစီးနဲ့ လုယက်သူနှစ်ဦးက ကပ် လိုက်လာပြီးတော့ ဆိုင်ကယ်စီးသူကို လုယက်မယ့်ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တာကြောင့် အဲ့ဒီဆိုင်ကယ်နဲ့ အမျိုးသားလဲကျသွားချိန်မှာ နောက်ကကပ်ပြီးပါလာတဲ့ နောက်ထပ် လုယက်သူနှစ်ယောက်က လဲကျသွားတဲ့ အမျိုးသားကို လက်နက်နဲ့ ခေါင်းကို ရိုက်နှက်နေတာ တွေရပါတယ်။
အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ အမျိုးသား တဦးထွက်ပြေးချိန်မှာ မျက်နှာချင်းဆိုင်ကနေ ရှေ့က ဆိုင်ကယ်ကို ကန်သွားတဲ့လုယက်သူ နှစ်ယောက်က လမ်းပြောင်းပြန် ပြန်မောင်းလာပြီး ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ ရေခဲမုန့်ဆိုင်သိမ်းပြီး ပြန်ဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးကိုရဲ့ ကလစ်ဆိုင်ကယ်ကို လုယက်သူ အမျိုးသားနှစ်ဦးက လုယူရင်းနဲ့ ပစ္စတိုသေနတ် နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ချမ်းမြသာစည်မြို့နယ် မှာ ၇၂ နှစ်အရွယ် အမျိုးသားတဦးကို သေဆုံးတဲ့အထိ ရိုက်နှက်ပြီး ဆိုင်ကယ်လုယူတဲ့ဖြစ်စဥ် တခုဖြစ်ခဲ့ပါတယ်။
မန္တလေးမြို့က လူပြတ်တဲ့နေရာတွေနဲ့ မြို့ပတ်လမ်းလို နေရာတွေမှာ ဆိုင်ကယ်နဲ့ မီနီအိုးဝေတွေကို အများဆုံး လုယူခံရမှုဖြစ်စဥ် ဖြစ်ပွားလေ့ရှိပါတယ်။
ရုပ်သံ – orginal uploder

Related posts

Leave a Comment

VOM News

FREE
VIEW