ဆူးငှက် မိန်းမတောင်းဖို့ အဘကိုပူဆာ ——————————– ထို့ကြောင့် မန်းသီတာဥယျာဉ်က ကျားခေါင်းကားနှင့် ပြန်လာပြီးနောက် အိမ်တော်ရာတော်ရာမြောက်ပေါက် ဆင်းကာ ဘုရားထဲက ဖြတ်ပြီး အိမ်သို့ ဒရောသောပါးပြန်ပြီးနောက် အဘကို ကျွန်တော့်အခန်းထဲ ခေါ်ကာ ချွေးသန်တရွှဲရွှဲနှင့် “အဘ ကျွန်တော့်ကို မိန်းမလိုက်တောင်းပေးတော့” ဟု အပူကပ်တော့သည်။ ကျွန်ုပ်၏ ချစ်လှစွာသော အဘကလည်း ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘယ်သူ့သမီးလဲ၊ ဘယ်တုန်းကတွေ့တာလဲ၊ ဘာလုပ်တာလဲ ဟူသော မေးခွန်းများကို အလျဉ်းမျှမမေးဘဲ “အေး တောင်းရုံပဲ၊ ဘယ်သွားတောင်းပေးရမလဲ” ဟု သာမေးပါ၏။ ထို့ကြောင့် ကျွန်တော်က “ကျွန်တော်တို့ လုပ်သားဆိုင် မြောက်ဘက် သစ်စက်က” ဟုပဲ ပြောသည်။ ဘယ်သူဘယ်ဝါဟုပင် မပြောမိ။ “သစ်စက်ကဆိုရင် ကိုလှသောင်တော့ သိမှာ၊ သူ့ခေါ်ရမှာပဲ” ဟု အဘက ပြောပြောဆိုဆိုနှင့် အိမ်ရှေ့မှာ ဖြတ်လာသော ဝင်းပိုင်ရှင် ဦးလေးသောင်ကို…
Read MoreDay: June 11, 2026
စစ်တပ်နဲ့ လက်တွဲမှုမရှိပဲ မန္တလေးမြို့အတွင်းမှာ ပြည်သူ့စစ်အမည်ခံ ဆောင်ရွက်နေမှုတွေကို ကြီးကြပ်ကွပ်ကဲ စစ်ဆေးဖို့ အစီအစဥ် ရှိ/ မရှိ လွှတ်တော်မှာ မေးမြန်း
မန္တလေး၊ ဇွန်- ၁၀- ၂၀၂၆ SA(VOM) စစ်တပ်နဲ့ လက်တွဲမှုမရှိပဲ မန္တလေးမြို့အတွင်းက ပြည်သူ့စစ်အမည်ခံ ဆောင်ရွက်နေမှုတွေကို ကြီးကြပ်ကွပ်ကဲ စစ်ဆေးဖို့ အစီအစဥ် ရှိ/ မရှိ ကို ချမ်းအေးသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့ အခမ်း အနား) မှာ လွှတ်တော်က တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ” ကျနော်တို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ထားတယ်၊ အဲ့ဒီမှာ ကလေးတွေ အကူအညီလာတောင်းတယ်၊ ကျနော်တို့ကလည်း အချိန်နဲ့တပြေးညီ သိရှိအောင်လုပ်ပြီး သူတို့ကို ကူညီဖို့လုပ်ပါတယ်၊ ကျနော် ဘာတွေကူညီပေးခဲ့လည်းဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ပါသွားရင် လိုက်ထုတ်ပေးတာ နှစ်ယောက်ရှိပါပြီ၊ နောက်တခုက ညပိုင်းမှာ လုပ်ငန်းခွင်ဝင်နေတဲ့ကလေးတွေ ရပ်ရွာမှာနေတဲ့ ကလေးတွေက ညဆိုရင် ဘယ်လိုလူက…
Read Moreမေးမြန်းတဲ့ကိုယ်စားလှယ်နဲ့ အသီးအပွင့်ကိုခံစားမယ့်ပြည်သူအတွက် တိကျတဲ့ဖြေကြားမှုဖြစ်ဖို့ ဒေါက်တာ နန္ဒာလှမြင့်ထောက်ပြ
နေပြည်တော်၊ ဇွန်- ၁၀ – ၂၀၂၆ KKL(VOM) မေးမြန်းတဲ့ကိုယ်စားလှယ်အတွက်ရော အသီးအပွင့်ကိုခံစားရမယ့် ပြည်သူတွေအတွက် ဝန်ကြီးဌာနတွေရဲ့ ဖြေကြားမှုက တိကျတဲ့ဖြေကြားမှုဖြစ်ဖို့လိုတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ထောက်ပြပြောဆိုခဲ့ပါတယ်။ အခုပြန်လည်စတင်တဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေအပေါ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ဖြေဆိုမှုတွေကို ဒေါက်တာနန္ဒာလှမြင့် က စုစည်းသုံးသပ်ပြီး ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ထောက်ပြမှုနဲ့အတူ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ အစိုးရဖက်က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခု တတိယအကြိမ် လွှတ်တော်သက်တမ်းအထိ မောက်မယ် မဲဆန္ဒနယ်က ကိုယ်စားလှယ်က ပြန်လည်သယ် ဆောင်လာပြီး ထပ်မံမေးမြန်းဖို့ဆောင်ရွက်နေတာ တွေရှိခဲ့တယ် လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။ အဲ့ဒီနောက် ပြည်သူ့လွှတ်တော်မှာ ကော်မတီ ၁၈ ခု အထိ ဖွဲ့စည်းဖို့ရှိတဲ့အကြောင်းနဲ့ ကော်မတီတွေကနေ အစိုးရ ဝန်ကြီး ဌာနတွေမှာရှိတဲ့…
Read Moreမန္တလေးမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ
မန္တလေး၊ ဇွန်- ၁၀- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း နဲ့ ၁၂၃ လမ်း အနီးမှာ အမျိုးသားတဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အုပ်စုဖွဲ့ပြီး လုယက်သွားခဲ့တဲ့ CCTV မှတ်တမ်းတခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။ အဲ့ဒီရုပ်သံမှတ်တမ်းမှာ အမျိုးသားတဦးက ဆိုင်ကယ်မောင်းလာချိန် အနောက်ကနေ ဆိုင်ကယ်တစီးနဲ့ လုယက်သူနှစ်ဦးက ကပ် လိုက်လာပြီးတော့ ဆိုင်ကယ်စီးသူကို လုယက်မယ့်ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တာကြောင့် အဲ့ဒီဆိုင်ကယ်နဲ့ အမျိုးသားလဲကျသွားချိန်မှာ နောက်ကကပ်ပြီးပါလာတဲ့ နောက်ထပ် လုယက်သူနှစ်ယောက်က လဲကျသွားတဲ့ အမျိုးသားကို လက်နက်နဲ့ ခေါင်းကို ရိုက်နှက်နေတာ တွေရပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ အမျိုးသား တဦးထွက်ပြေးချိန်မှာ မျက်နှာချင်းဆိုင်ကနေ ရှေ့က ဆိုင်ကယ်ကို ကန်သွားတဲ့လုယက်သူ နှစ်ယောက်က…
Read Moreနမ့်အွမ်ရွာမှာ SSPP နဲ့ KIA တို့အကြား ပွတ်တိုက်မှုဖြစ်ပွား
ဇွန် ၁၀-၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ ဇွန်လ ၉ ရက်က SSPP နဲ့ KIA တို့အကြား ပွတ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လယ်ကွက်မှာ ရွှေတူးတဲ့ကိစ္စကြောင့် ဖြစ်တာလို့ သိရတယ်။ အဲဒီလယ်ကွက်မှာ ရွှေတကြိမ် တူးဖော်ပြီးနောက် လယ်ပိုင်ရှင်ကို ပြန်အပ်ထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် ပြန်ပြီး ခိုးတူးနေတာကြောင့် ရွှေတူးအလုပ်သမား ၃ ယောက်ကို KIA ဘက်က ဖမ်းဆီးထားရာကနေ စကားများခဲ့ကြတာ” လို့ ဒေသခံ အမျိုးသားတစ်ယောက်က VOM ကို ပြောပါတယ်။ KIA ဘက်က ဖမ်းဆီးထားတဲ့ ရွှေတူးအလုပ်သမားတွေဟာ ရှမ်းလုပ်ငန်းရှင်တွေရဲ့ အလုပ်သမားတွေ ဖြစ်တာကြောင့် SSPP/SSA နဲ့ ညှိနှိုင်းဖြေရှင်းရာကနေ အငြင်းပွားမှု ဖြစ်ပွားလာတာလို့ သူက ဆိုပါတယ်။…
Read More