နေပြည်တော်၊ ဇွန်- ၂၆ – ၂၀၂၆
KKL(VOM)
အာဆီယံ ထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) က မြန်မာနိုင်ငံရဲ့ တန်းတူမှုကို ထိခိုက်နေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရ ဆိုတဲ့ အာဆီယံ အခြခံမူများနဲ့ ကွဲလွဲနေတဲ့အတွက် လိုအပ်သလိုဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို အောင်မြင်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးသွားဖို့ရှိပါတယ်။
အဲ့ဒီအဆိုကိုတော့ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည် ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ကလောမဲဆန္ဒနယ်က ဒေါက်တာနန္ဒာလှမြင့် ကတင်သွင်းခဲ့ပြီးတော့ ပင်လောင်းမဲဆန္ဒနယ်က အဆိုပြုထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အာဆီယံရဲ့ အခြေခံမူတွေနဲ့ သွေဖယ်နေတဲ့အကြောင်းကိုတော့ နိုင်ငံအားလုံးရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူ ရည်တူရှိမှု၊ ပိုင်နက်နယ်မြေနဲ့ အမျိုးသားရေးလက္ခဏာများကို အပြန်အလှန်လေးစားရမယ့်ကိစ္စ နိုင်ငံတိုင်းရဲ့ ပြင်ပစွက်ဖက်မှု၊ အဖျက်အမှောက်ပြုလုပ်မှုနဲ့ အကြပ်ကိုင်ဖိအားပေးမှု များကင်းရှင်းလျက် မိမိနိုင်ငံရဲ့ဖြစ်တည်မှုကို ဦးဆောင်နိုင်ခွင့်ရှိရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ ဆိုတဲ့အချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အကြောင်း ဒေါက်တာနန္ဒာလှမြင့် က ထောက်ပြဆွေးနွေးမှုအပြင် အာဆီယံ အခြခံမူ ၅ ရပ်အကောင်အထည်ဖောတဲ့နေရာမှာ အနောက်နိုင်ငံတွေအလိုကျ လိုသလိုအသုံးချနေတယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ASEAN အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ဖိအားပေးမှုတွေရှိခဲ့ပြီး တူညီတဲ့အခွင့်အရေးမရရှိဘူးလို့ဆိုတဲ့အပြင် အမျိုးသားအကျိုးစီးပွားကိုကြည့်ပြီး ASEAN Five-Point Statement) ကို ပြန်လည်ညှိနှိုင်းဆောင်ရွက်သုံးသပ်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဆိုကို ပင်လောင်းမဲဆန္ဒနယ်က ဒေါ်နန်းရီရီဝင်းက အာဆီယံနိုင်ငံအချင်း ချင်း ကူညီရိုင်းပင်းချင်တဲ့စိတ်နဲ့ ဆောင်ရွက်လာတဲ့ အပြုသဘောမဆောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်းနဲ့ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေးစွတ်ဖက်မှုတွေကြောင့် အာဆီယံနိုင်ငံတွေနဲ့ တန်းတူဖြစ်တည်မှုကို ထိခိုက်စေတဲ့အတွက်အစိုးရကိုတိုက်တွန်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။
အဆိုနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် နာယက က လက်ခံဆွေးနွေးဖို့သင့်မသင့် မဲခွဲဆုံးဖြတ်ချက်အရ ထောက်ခံမဲ ၅၁၈ မဲ ကန့်ကွက် ၅ မဲ ကြားနေ ၁၀ မဲ မှာ ထောက်ခံဆန္ဒမဲများတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့တာပါ ဆွးနွေးမယ့်ကိုယ်စားလှယ်တွေကိုတော့ ဇွန်လ ၃၀ ရက်နေ့ ညနေ နောက်ဆုံးစာရင်းပေးဖို့ တောင်းခံခဲ့ပါတယ်။
