ဒလမှာ ကုန်စုံဆိုင်ပိုင်ရှင် လင်မယား နေအိမ်မှာ ဓားဒဏ်ရာအများအပြားနဲ့အသတ်ခံရပြီး ကျူးလွန်သူကို ဖမ်းဆီးရမိ

ဇွန် ၂၆ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်လုံး နေအိမ်ထဲမှာ ဓားဒဏ်ရာ အများအပြားနဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီက သိရပါတယ်။ ဇွန် ၂၅ ရက်နေ့ ညပိုင်းမှာ နေအိမ်ရဲ့ ဧည့်ခန်းအတွင်းမှာ လင်မယားနှစ်ယောက်လုံးကို ဓားဒဏ်ရာတွေ သေဆုံးနေတာ တွေ့ရှိရတာဖြစ်ကြောင်း ၊ သတ်ဖြတ်သွားတဲ့ ကျူးလွန်သူက အဆိုပါကုန်စုံဆိုင်ရဲ့ အလုပ်သမားဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ ” အန်တီကြီးတို့ လင်မယားကို သတ်သွားတာက သူတို့ဆိုင်မှာ အလုပ်လုပ်တဲ့ကောင်လေးက သတ်သွားတာလို့ သိရတယ်။ ပစ္စည်းတခုမှမယူဘဲ လူကိုဘဲသတ်သွားတာလို့ သိရတယ်။ သူက ပိုက်ဆံချေးချင်လို့ဆိုပြီး ညက လာသတ်သွားတာလို့ ပြောတယ်။ သတ်တဲ့သူလည်း မိသွားပြီလို့ သိရတယ်။ ” လို့ ရပ်ကွက်နေထိုင်သူ တယောက်က ပြောပါတယ်။ အသတ်ခံရတဲ့…

Read More

၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား မုံရွာမှာပြုလုပ်

မုံရွာ ဇွန် -၂၆ -၂၀၂၆ MW(VOM ) မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်ထုဟာ စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်လျက်ရှိတဲ့အပေါ် အခွင့်ကောင်းယူပြီးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုတွေ ကျူးလွန်လာတာကို ဖော်ထုတ်ဖမ်းဆီးရမိမှုတွေကတဆင့် သိရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးဝင်းတင်စိုးကပြောပါတယ်။ မုံရွာမြို့၊မြို့တော်ခန်းမမှာ ဒီကနေ့ ဇွန်လ၂၆ရက်နေ့နံနက်ကကျင်းပတဲ့ ၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာ ဝန်ကြီးကပြောကြားတာပါ။ “မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံကြီးငယ်မရွေး ဆင်းရဲချမ်းသာမရွေး လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ပြဿနာဖြစ်တဲ့အပြင် မူးယစ်မှုခင်းတွေနဲ့ ဆက်စပ်နေတဲ့အကြမ်းဖက်မှု ငွေကြေးခဝါချမှူ နိုင်ငံဖြတ်ကျော်မှုခင်း ကျူးလွန်မှုများနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ မှုခင်းတွေနဲ့ဆက်စပ်နေပြီး နိုင်ငံတကာမူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်တဲ့ ဂိုဏ်းအဖွဲ့တွေဟာ ကြီးမားကျယ်ပြန့်တဲ့ ကွန်ရက်တွေအဖြစ် တည်ရှိပြီး မူးယစ်ဆေးဝါးသုံးတဲ့ လူငယ်ထုဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်နေတာကို အခွင့်ကောင်းယူပြီး ထုတ်လုပ်၊သယ်ဆောင်၊ရောင်းဝယ်တာတွေ ကျူးလွန်လာတာကို ဖော်ထုတ်ဖမ်းဆီးနိုင်မှုတွေအရ တွေ့ရပါတယ်”လို့ ဝန်ကြီးဗိုလ်မှုးကြီးဝင်းတင်စိုးကပြောပါတယ်။ မန္တလေးမြို့မှာဒီကနေ့ ဇွန်လ၂၆ရက်နေ့ကျင်းပနေတဲ့ ၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာ…

Read More

မြန်မာ့နိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီတဲ့ ASEAN ထုတ်ပြန်ချက် ပြန်သုံးသပ်ဖို့ အစိုးရကိုတိုက်တွန်းတဲ့အဆို အောင်မြင်

နေပြည်တော်၊ ဇွန်- ၂၆ – ၂၀၂၆ KKL(VOM) အာဆီယံ ထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) က မြန်မာနိုင်ငံရဲ့ တန်းတူမှုကို ထိခိုက်နေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရ ဆိုတဲ့ အာဆီယံ အခြခံမူများနဲ့ ကွဲလွဲနေတဲ့အတွက် လိုအပ်သလိုဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို အောင်မြင်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးသွားဖို့ရှိပါတယ်။ အဲ့ဒီအဆိုကိုတော့ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည် ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ကလောမဲဆန္ဒနယ်က ဒေါက်တာနန္ဒာလှမြင့် ကတင်သွင်းခဲ့ပြီးတော့ ပင်လောင်းမဲဆန္ဒနယ်က အဆိုပြုထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အာဆီယံရဲ့ အခြေခံမူတွေနဲ့ သွေဖယ်နေတဲ့အကြောင်းကိုတော့ နိုင်ငံအားလုံးရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူ ရည်တူရှိမှု၊ ပိုင်နက်နယ်မြေနဲ့ အမျိုးသားရေးလက္ခဏာများကို အပြန်အလှန်လေးစားရမယ့်ကိစ္စ နိုင်ငံတိုင်းရဲ့ ပြင်ပစွက်ဖက်မှု၊ အဖျက်အမှောက်ပြုလုပ်မှုနဲ့…

Read More

ထားဝယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲလို့ ဆေးရုံကိုပို့ဆောင်ထား

ဇွန် ၂၇၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၆ ရက်နေ့မနက် ၁၁ နာရီလောက်က ကျောင်းကောင်စီအခမ်းအနား ပြုလုပ်နေစဉ် ကျောင်းသားကျောင်းသူ ၂၁ ယောက် မူးလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မူးလဲတဲ့ ကျောင်းသားကျောင်းသူတွေထဲမှာ ကျောင်းသူက ၂၀ ၊ ကျောင်းသားက တယောက်ဖြစ်ပြီး အဲဒီထဲကမှ ကျောင်းသူနှစ်​ယောက်က အကေခအနေကောင်းမွန်ပြီး သက်သာတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ရရှိကာ ကျန်တဲ့ ၁၉ ယောက်ကတော့ ဆေးဝါး ကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းသားနှစ်ယောက်ကအရင်မူးလဲကျတယ်။ ကျောင်းကောင်စီအခမ်းအနားပြီးချိန်မှာ နောက်ထပ်ကလေးတွေမူးလဲတယ်။ အသက်ရှုကြပ်တယ်၊မူးဝေတယ်၊အန်ချင်တာတွေဖြစ်ပြီး ဟိုနားတယောက်လဲကျလိုက် ဒီနားတယောက်လဲကျလိုက်နဲ့ အကုန်လုံးဆိုရင် ပထမဖြစ်တာ ၁၉ ယောက်ဖြစ်သွားတယ်။ သူတို့ကို အရေးပေါ်…

Read More

သူတို့အိမ်  အခန်း (၁၅၂)

ဆူးငှက်   စိတ်ဝင်စားလာသည့် ဘာသာရပ်တွေ ————————————– ကျွန်တော်က သင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့ ညနေအထိ သင်တန်းတက်ရင်း အဝေးက သင်တန်းသားတွေကို ဓာတ်ပုံရိုက်ပေးသည်။ သောကြာနေ့ညနေ အိမ်ပြန်ရင်း ဖလင်ဆေးကူး အပ်သည်။ တနင်္ဂနွေနေ့ ညနေကျ ဓာတ်ပုံတွေ ယူသွားပြီး အပ်သည်။ သင်တန်းမှာ ပို့ချသည့် ဘာသာရပ်များကို ရောက်စက စိတ်မဝင်စားသော်လည်း သင်တန်းချိန် တစ်ပတ်အတွင်း စိတ်ပါဝင်စားသည့် ဘာသာရပ်များလည်း ရှိလာသည်။ ထိုဘာသာရပ်များအနက် ကျောင်းအုပ်ကြီး ပို့ချသော စီမံခန့်ခွဲရေးဘာသာရပ်က ကျောင်းအုပ်ကြီး၏ အသင်အပြကောင်းခြင်းကြောင့် စိတ်ဝင်စားလာသည်။ ကျောင်းအုပ်ကြီးက သင်ခန်းစာတစ်ခုကို ပို့ချလျှင် စာသင်တာနှင့် မတူဘဲ အတွေ့အကြုံများကို ပြောပြနေရာမှ သုံးသပ်အဖြေထုတ်ပြသည်။ သူ့အချိန်ဆိုလျှင် ပျော်စရာကောင်းသည်။ ကျွန်တော့်ထက် အတန်းငယ်ခဲ့ဖူးသော ဆရာမလေးတွေကတော့ စာရင်းကိုင်ဘာသာ၊ သချာၤဘာသာနှင့် ပထဝီဘာသာတွေ သင်သည်။ သူတို့ သင်ခန်းစာတွေက စာရင်းကိုင်ကလွဲလို့…

Read More

ဆန္ဒပြ​နေတဲ့ Myanmar Chaofa Leather Ware စက်ရုံအလုပ်သမား​တွေနဲ့ အလုပ်ရှင်တို့ ပြေလည်မှုရ

ဇွန် ၂၅ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် ၊ ဝါးတရာစက်မှုဇုန်က Myanmar Chaofa Leather Ware Limited အိတ်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားတွေကို ဒေးကြေး ၊ရက်မှန်ကြေး ၊အချိန်ပိုကြေး တိုးပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုအပေါ် အလုပ်ရှင် နဲ့အလုပ်သမားကြား သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ ဒေးကြေး ၊ ရက်မှန်​ကြေး နဲ့ အချိန်ပိုကြေး တိုးပေးဖို့အချက်သုံးချက်ထဲကမှ ဒေးကြေး နဲ့ ရက်မှန်​ကြေးကို တိုးပေးလိုက်တာကြောင့် အလုပ်ရှင် အလုပ်သမားအကြား ပြေလည်မှုရရှိပြီး နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့တာလို့ သိရပါတယ် ။ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်အရ စက်မြင့် ၊ စက်နိမ့် အလုပ်သမားအားလုံးကို တန်းတူ ဒေးကြေး ၁၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး ရက်မှန်ကြေးကိုလည်း.၄၀၀၀၀…

Read More

ဧရာဝတီဘဏ်ရဲ့ ဆိုက်ဘာ တိုက်ခိုက်ခံပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ခိုးယူခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ဇွန် ၂၅ – ၂၀၂၆ SN (VOM) ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကွန်ပျူတာစနစ်ထဲကို ဟက်ကာတွေ ဝင်ရောက်ပြီး ဘဏ်အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတခု ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်း LAPSUS$ က ဧရာဝတီဘဏ် (AYA Bank) ရဲ့ System တွေကို ဖောက်နိုင်ခဲ့ပြီးတော့ အချက်အလက်တွေ ရယူထားနိုင်ခဲ့တယ်လို့ Hacker တွေဘက်ဘက်က အခိုင်အမာ ကြေညာထားတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေတာပေါက်ကြားမှုနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ Dark Web Informer ရဲ့ အရင်က ‘တွစ်တာ’ လို့ လူသိများခဲ့တဲ့ လူမှုမီဒီယာ ‘ X ’ မှာ မနေ့…

Read More

ကသာခရိုင် MSD စက်ရုံက ကြံဖိုးငွေ သိန်းက်ိုးသောင်း​ကျော် မပေးသေးလို့ တောင်သူတွေ ဒုက္ခရောက်နေ

ဇွန် ၂၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံဟာ ကြံရာသီကုန်လို့ စက်ရုံပိတ်သွားတာ တလခွဲရှိပေမယ့် ခုချိန်ထိ တောင်သူတွေကို ကြံဖိုးငွေ ပေးချေခြင်း မရှိသေးတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။ တောင်သူ ၈၀၀ လောက်ဟာ MSD စက်ရုံဆီကနေကြံဖိုးငွေ သိန်းပေါင်း ၉၀၀၀၀ ကနေ သိန်းပေါင်း ၁ သိန်း အကြား ရဖို့ရှိနေတာလို့ သိရပါတယ် ။ စက်ရုံနဲ့ ကြံတောင်သူတွေအကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှု စာချုပ်ရဆိုပါက စက်ရုံပိတ်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ တောင်သူတွေကို ပေးဖို့ကျန်ရှိတဲ့ ကြံဖိုးငွေအားလုံးကို ပေးချေရမှာဖြစ်ပေမယ့် ခုချိန်ထိ MSD စက်ရုံကနေရဖို့ရှိတဲ့ ကြံဖိုးငွေကို တောင်သူအားလုံး မရရှိသေးတာကြောင့် ခက်ခဲနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။…

Read More

ရက် ၁၀၀ ကျော်ထိအဖြေမရတဲ့ ရှမ်းမြောက်စက်သုံးဆီကိစ္စ လုံခြုံရေးကို အကြောင်းပြလို့မရဘူးလို့ လွှတ်တော်မှာထောက်ပြ

နေပြည်တော်၊ ဇွန်- ၂၅ – ၂၀၂၆ KKL(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို ကျောက်မဲ သီပေါ အတွက် စက်သုံးဆီ ရရှိအောင် ပထမအကြိမ်လွှတ်တော်မှာ ညှိနှိုင်းခဲ့ပြီး အခု မေးမြန်းတဲ့အချိန်အထိ ရက်ပေါင်း ၁၀၀ ကျော်ကာလအထိ တိကျတဲ့အဖြမရရှိခဲ့ပဲ လုံခြုံရေးကို အကြောင်းပြနေလို့မရဘူးလို့ နောင်ချိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ထောက်ပြပြောဆိုပါတယ်။ ဒီကနေ့ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့က နောင်ချို ကျောက်မဲ သီပေါ လားရှိုးမှာ အစိုးရ စက်သုံးဆီ မရရှိတဲ့အတွက်မြို့နယ်တွေကို ခွဲတမ်းချထားတဲ့အခြေအနေ သိလိုတဲ့မေးမြန်းမှုကို လျှပ်စစ်စွမ်းအင် ဒုဝန်ကြီး ဦးကျော်နိုင်ဦးရဲ့ဖြေကြားမှုနဲ့ပတ်သက်ပြီး နောင်ချို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒုဝန်ကြီးကတော့ နယ်မြေလုံခြုံရေးကိစ္စနဲ့ မသမာသူတွေလက်ထဲကို စက်သုံးဆီ မရောက်ရှိဖို့ အဓိကထားပြီးဖြေကြားခဲ့တာဖြစ်ပြီး ဦးကျော်မြင့်နိုင်ကတော့ နယ်မြေလုံခြုံရေးနဲ့ မသမာသူတွေရဲ့လက်ထဲ…

Read More

မြန်မာသင်္ဘောသား သမဝါယမအသင်းကို မကြာခင် ထူထောင်မည်ဖြစ်ပြီး ပင်စင်စနစ်ကိုလည်း ဆောင်ရွက်သွားရန်ရှိ

ဇွန် ၂၅ ၊၂၀၂၆ NW(VOM) ပင်လယ်ကူးသင်္ဘောသားတွေရဲ့ အကျိုးစီးပွားအတွက် မြန်မာသင်္ဘောသား သမဝါယမအသင်းကို မကြာခင် ထူထောင်သွားမှာဖြစ်ပြီးသင်္ဘောသား ပင်စင်စနစ်ကိုလည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဥက္ကဌ ကပ္ပတိန်ဦးစိုးမင်းအောင်က ယနေ့ပြုလုပ်တဲ့ Day of The Seafare 2026ပွဲမှာ မီဒီယာများနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံပင်လယ်ကူးသဘ်ောသားများအဖွဲ့ချုပ်အနေနဲ့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို ကာကွယ်ပေးဖို့အတွက်အဓိကထားလုပ်ဆောင်နေတာဖြစ်တာမို့ သင်္ဘောသား‌တွေ အလုပ်ရပ်နားချိန်မှာ ဝင်ငွေရှိစေဖို့ မြန်မာသင်္ဘောသား သမဝါယမအသင်းကို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကပ္ပတိန်ဦးစိုးမင်းအောင်က သင်္ဘောသားသမဝါယမအသင်း ထူထောင်တာနဲ့ပတ်သက်ပြီး “မကြာခင်မှာ ကျ​နော်တို့အဖွဲ့ချုပ်က သမဝါယမအသင်းတစ်ခုကို ဖွဲ့ပါမယ်။ သင်္ဘောသားတွေ သင်္ဘောလိုက်တယ်ဆိုတာက အလုပ်ရတဲ့အချိန်ပဲ ဝင်ငွေရှိသလို အလုပ်မရတဲ့အချိန်ဆို ဝင်ငွေမရှိတဲ့ အလုပ်သမားလူတန်းစားဖြစ်ပါတယ်။ သူတို့ပြည်ပမှာသွားအလုပ်လုပ်ပြီးစုဆောင်းရလာတဲ့ငွေနဲ့ သမဝါယမအသင်းကနေပြီးတော့ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးတွေ လုပ်ပေးဖို့အတွက် သူတို့ကို ဘယ်လိုလုပ်ရကိုင်ရတယ်။စီးပွားရေးဘယ်လိုထူထောင်ပေးမယ်ဆိုတဲ့ဟာ လုပ်ဖို့ကိုင်ဖို့အတွက်အသင်းတခုကိုမကြာခင်စတင်ပါ့မယ်။ ဒီလိုလုပ်ချင်းအားဖြင့်သဘ်ောသားတွေရဲ့ ဘဏ္ဍာရေးရေရှည်…

Read More
VOM News

FREE
VIEW