၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား မုံရွာမှာပြုလုပ်

မုံရွာ ဇွန် -၂၆ -၂၀၂၆
MW(VOM )
မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်ထုဟာ စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်လျက်ရှိတဲ့အပေါ် အခွင့်ကောင်းယူပြီးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုတွေ ကျူးလွန်လာတာကို ဖော်ထုတ်ဖမ်းဆီးရမိမှုတွေကတဆင့် သိရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးဝင်းတင်စိုးကပြောပါတယ်။
မုံရွာမြို့၊မြို့တော်ခန်းမမှာ ဒီကနေ့ ဇွန်လ၂၆ရက်နေ့နံနက်ကကျင်းပတဲ့ ၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာ ဝန်ကြီးကပြောကြားတာပါ။
“မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံကြီးငယ်မရွေး ဆင်းရဲချမ်းသာမရွေး လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ပြဿနာဖြစ်တဲ့အပြင် မူးယစ်မှုခင်းတွေနဲ့ ဆက်စပ်နေတဲ့အကြမ်းဖက်မှု ငွေကြေးခဝါချမှူ နိုင်ငံဖြတ်ကျော်မှုခင်း ကျူးလွန်မှုများနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ မှုခင်းတွေနဲ့ဆက်စပ်နေပြီး နိုင်ငံတကာမူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်တဲ့ ဂိုဏ်းအဖွဲ့တွေဟာ ကြီးမားကျယ်ပြန့်တဲ့ ကွန်ရက်တွေအဖြစ် တည်ရှိပြီး မူးယစ်ဆေးဝါးသုံးတဲ့ လူငယ်ထုဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်နေတာကို အခွင့်ကောင်းယူပြီး ထုတ်လုပ်၊သယ်ဆောင်၊ရောင်းဝယ်တာတွေ ကျူးလွန်လာတာကို ဖော်ထုတ်ဖမ်းဆီးနိုင်မှုတွေအရ တွေ့ရပါတယ်”လို့ ဝန်ကြီးဗိုလ်မှုးကြီးဝင်းတင်စိုးကပြောပါတယ်။
မန္တလေးမြို့မှာဒီကနေ့ ဇွန်လ၂၆ရက်နေ့ကျင်းပနေတဲ့ ၃၉ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားရုံးပြီးပြတ်ပြီး မူးယစ်ဆေးဝါးအမှူပေါင်း ၁၄၃မှုက မူးယစ်ဆေးဝါးအမျိုးအစား၉ မျိုးနဲ့ ဓာတုပစ္စည်းအမျိုးအစား ၁ မျိုးတို့ကို မီးရှို့ဖျက်ဆီးဆောင်ရွက်နေပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိနေပေမယ့် ဖမ်းဆီးရမိတဲ့ အဓိကတရားခံတွေကိုထိရောက်သည့်ပစ်ဒါဏ်ချမှတ်နိုင်ဖို့နဲ့ အချို့တရားခံတွေဟာ ပြစ်ဒါဏ်က လွတ်မြောက်ပြီးတဲ့နောက်မှာ ပြစ်မှုများထပ်မံကျူးလွန်နေတာကို ဖမ်းဆီးရမိမှုဖြစ်စဥ်တွေအရ တွေ့ရတဲ့ အတွက် တရားခံတွေရဲ့ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ရာက ရရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် ထိထိရောက်ရောက်သိမ်းဆည်းအရေးယူနေတယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ၂၅-၂-၂၀၂၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၂၄/၂၀၂၅နဲ့ မူလသတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး ၁၃၂ မျိုးရှိတဲ့အနက် ၆ မျိုးကိုပယ်ဖျက်ခဲ့ပြီး ၃၅ မျိုးထပ်တိုးသတ်မှတ်ခဲ့တဲ့အတွက် မူးယစ်ဆေးအမျိုးအစားပေါင်း ၁၆၁ မျိုး၊ အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၂၅နဲ့ မူလသတ်မှတ်ထားတဲ့ စိတ်ပြောင်းဆေးဝါး၁၂၆ မျိုးရှိတဲ့ အနက် ၆ မျိုးပယ်ဖျက်ခဲ့ပြီး ၅၁ မျိုးထပ်တိုးးသတ်မှတ်ခဲ့တဲ့အတွက် စိတ်ပြောင်းဆေးဝါးအမျိုးအစား ၁၇၁ မျိုးနဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၅ နဲ့မူလသတ်မှတ်ထားတဲ့ ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးရှိတဲ့ အနက် ၄ မျိုးထပ်တိုးသတ်မှတ်ခဲ့လို့ ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစား ၄၃ မျိုးနဲ့မူးယစ်ဆေးဝါး၊စိတ်ပြောင်းဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစား​တွေကိုသတ်မှတ်ထားပါတယ်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဥ်တွေဆောင်ရွက်ရာမှာ တားဆီးနှိမ်နင်းရေး လုပ်ငန်းတစ်ခုတည်းနဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်မှာ မဟုတ်တဲ့အတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်နဲ့ အညီအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ဓာတုပစ္စည်းထိန်းချုပ်ရေး၊ မူးယစ်ဆေးစွဲသူတွေကို ဆေးကုသပေးဖို့၊ဆေးကုသပြီးတဲ့နောက် လူမှုဝန်းကျင်မှာ ဝင်ဆန့်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ဖို့၊ ကျောင်းသားလူငယ်တွေကိုထိရောက်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဖို့၊ ပြည်သူလူထုတစ်ရပ်လုံးကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလှုံဆော်ရေးတွေကို ဆောင်ရွက်ဖို့လိုအပ်နေသေးတယ်လို့ဝန်ကြီးကထည့်ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊မြို့တော်ခန်းမမှာ ဇွန်လ(၂၆)ရက်နံနက်ကကျင်းပတဲ့ (၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းးအနားမှာ မူးယစ်ဆေးဝါးကာကွယ်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်(၁၅)ဦးကို ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ကလေးဝ၊စစ်ကိုင်း၊ဟုမ္မလင်းနဲ့မုံရွာမြို့နယ်တွေမှာ ကဖင်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေး၊ ဘိန်းဖြူ၊ အိုက်စ်၊ ဟက်ပီးဝါးတား၊ ကက်တမင်းစတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါး အများအပြားကို စွမ်းစွမ်းတမံဖမ်းဆီးပေးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်၁၅ဦးကို ဂုဏ်ပြုဆုတွေပေးအပ်ချီးမြှင့်ခဲ့တာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW