မန္တလေးမှာ ” ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်” ကျင်းပမယ်

မန္တလေး၊ ဇူလိုင်- ၂၁- ၂၀၂၆
SA(VOM)
မန္တလေးမြို့မှာ ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ၃ ရက်နေ့အထိ Mandalay Convention Center မှာ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး) က ကြီးမှူးကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကျင်ပဖို့အတွက် အကြိုသတင်းစာရှင်းလင်းပွဲကို ဒီက နေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁(ဘီ) ကမ်းနားလမ်း မှာရှိတဲ့ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတော်ကို မြန်မာ- တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင်းအလမ်းများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာကုမ္ပဏီများ၊ အသင်း အဖွဲ့များပါဝင်တဲ့ B2B Matching၊ စီးပွားရေးပညာရှင်များနဲ့ Panel Discussion များ၊ MOU လက်မှတ်ရေးထိုးခြင်းအခမ်း အနားများအပြင် မြန်မာ့ရိုးရာယဥ်ကျေးမှုသနပ်ခါး၊ လက်ဖက်နှင့် ချိတ်လုံချည်ပြိုင်ပွဲများ၊ တရုတ်ရိုးရာ တရုတ်စာလုံးအလှရေးနည်း၊ ရိုးရာစက္ကူညှပ်ခြင်းပညာနဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် အပြင် စီပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြသလို မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်းများအသင်း(MRYEA)၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး) နဲ့ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး) တို့အကြား နှစ်ဦးသဘောတူညီမှုနဲ့ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကိုလည်း ထည့်သွင်းကျင်းပခဲ့ကြပါတယ်။
ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကျင်းပပြုလုပ်မယ့် အစီအစဥ်တွေနဲ့ပတ်သက်ပြီး မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးကျော်မင်း နဲ့ အတွင်းရေးမှူး ဒေါ်သင်းပျံ့ကြူ က ဒီအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW