မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆
SA(VOM)
ကမ္ဘာ့အသည်းရောင်ရောဂါနေ့(World Hepatitis Day 2026) အထိမ်းအမှတ်အနေနဲ့ အသည်းရောဂါဆေးပညာဌာန မန္တလေးပြည်သူ့ဆေးရုံကြီးက ကြီးမှူးပြီးတော့ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မန္တလေးခန်းမမှာ အသည်းရောင် “B” ပိုး အခမဲ့သွေးစစ်ခြင်း၊ အသည်းရောင် “B” ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေးတာတွေကို ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒီအခမ်းအနားမှာ အသည်းရောင်ရောဂါကို ကုသခြင်းထက် ကာကွယ်ခြင်းကလည်း ပိုပြီးထိရောက်ကြောင်းနဲ့ ဒီကနေ့ကျင်းပတဲ့ ပွဲအကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာနရဲ့လုပ်ဆောင်ချက်တွေအကြောင်း ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်လိုကုသမလဲဆိုတာ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသန္တာထွန်း ကို VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
