မလေးရှားမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ကို အစိုးရချင်းချိတ်ပြီး ပြန်ပို့မယ်၊ တဖက်မှာလည်း ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်ပြီး ငွေဒဏ်နဲ့ ထောင်ဒဏ်ချခံရသူတွေ ရှိနေ

ဇူလိုင် ၂၈ ၊ ၂၀၂၆ GG (VOM ) မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မလေးရှားအစိုးရက စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား အယောက် ၅၀၀၀ ဟာ မလေးရှားနိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်နေကြသူတွေ ဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံကို ပြန် ပို့ဖို့အတွက်မြန်မာအစိုးရက သဘောတူတဲ့အတွက် လိုအပ်တဲ့ ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ပြီးပါက သင်္ဘောနဲ့ပြန်ပို့ဖို့ စီစဥ်ထားတယ်လို့ မလေးရှားအစိုးရဘက်က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေထဲက တချို့က အမည်ပျက်စာရင်းသွင်းပြီး မလေးရှားကို နောက်တကြိမ်ဝင်ရောက်ခွင့်ကန့်သတ်ခံရနိုင်ပြီး တချို့ကတော့ နေရပ်ပြန်ရောက်တဲ့အခါ တရားဝင်နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးနောက် ပြန်လာပြီး အလုပ်လုပ်ခွင့်ရနိုင်တယ်လို့ ကနဦးသတင်းအရသိရပါတယ်။ ” မလေးရှားက နိုင်ငံခြားရေး ဒုဝန်ကြီးပြောသွားတဲ့အဆိုအရဆိုရင် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀ ကို ပြန်ပို့ဖို့…

Read More

အမှိုက်စွန့်ပစ်မှုနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဥ် နိုင်ငံကျော်အဆိုတော်၊ အနုပညာရှင်တွေနဲ့အတူ မန္တလေးမှာ ကျင်းပ

မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း ၆၆ လမ်း ထောင့်မှာ ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့နေပြည်သူလူထုကို အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်တရပ်အဖြစ် နိုင်ငံကျော်အနုပညာရှင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သရုပ် ဖော်ပြသ စီစဥ်တင်ဆက်ခဲ့ပါတယ်။ ” အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို ပြည်သူလူထုကို အသိ ပညာပေးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ၊ အဆိုတော်တွေကို ဖိတ်တယ်ဆိုတာကလည်း ပြည်သူလူထုက ပိုပြီးတော့ စိတ်ဝင်တစားရှိလာအောင်လို့ စီစဥ်တာပါ၊ အစီအစဥ်လေးကတော့ ကျနော်တို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတွေကနေ LED ကားပြီးအပြင် ပါဖော့မန့် တခုလုပ်မယ် ပြီးရင် အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးပြီး အလှည့်ကျဆောင် ရွက်သွားမှာပါ ” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ…

Read More

ကမ္ဘာ့ အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အနေနဲ့ “B” ပိုးအခမဲ့သွေးစစ်ခြင်း၊ အသည်းရောင် “B” ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေး

မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆ SA(VOM) ကမ္ဘာ့အသည်းရောင်ရောဂါနေ့(World Hepatitis Day 2026) အထိမ်းအမှတ်အနေနဲ့ အသည်းရောဂါဆေးပညာဌာန မန္တလေးပြည်သူ့ဆေးရုံကြီးက ကြီးမှူးပြီးတော့ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မန္တလေးခန်းမမှာ အသည်းရောင် “B” ပိုး အခမဲ့သွေးစစ်ခြင်း၊ အသည်းရောင် “B” ပိုး ကာကွယ်ဆေးအခမဲ့ထိုးပေးတာတွေကို ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီအခမ်းအနားမှာ အသည်းရောင်ရောဂါကို ကုသခြင်းထက် ကာကွယ်ခြင်းကလည်း ပိုပြီးထိရောက်ကြောင်းနဲ့ ဒီကနေ့ကျင်းပတဲ့ ပွဲအကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာနရဲ့လုပ်ဆောင်ချက်တွေအကြောင်း ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်လိုကုသမလဲဆိုတာ မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသန္တာထွန်း ကို VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Read More

ကျောင်းပြင်ပရောက်နေတဲ့ အသက်လွန် ကလေးတွေထဲက အသက် ၁၀ နှစ်မှ ၁၆ နှစ်ကို ကျောင်းပြင်ပမူလတန်းပညာရေး ၊ ၁၃ နှစ်မှ ၂၁ နှစ်အတွင်းကို ကျောင်းပြင်ပအလယ်တန်းပညာရေး Placement Test အထူးအစီအစဉ်ပြုလုပ်ပေးမယ်

ဇူလိုင်၂၈ ၊ ၂၀၂၆ CC (VOM) အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ခွင့်မရဘဲ ကျောင်းပြင်ပရောက်ခဲ့ရတဲ့ အသက်လွန်ကျောင်းသားကျောင်းသူတွေကို ကျောင်းပြင်ပမူလတန်းပညာရေး -NFPE ၊ ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME အတန်းနေရာချထားစစ်ဆေးမှု Placement Test ကို အထူးအစီအစဉ်အဖြစ် ပြုလုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ ကျောင်းပြင်ပမူလတန်းပညာရေး -NFPE အတွက် Placement Testမှာ ဆိုရင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း ရှိသူတွေ ဝင်ရောက်ဖြေဆိုနိုင်ပြီး ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME မှာတော့ အသက် ၁၃ နှစ်မှ ၂၁ နှစ်အရွယ်ထိ ဝင်ရောက်ဖြေဆိုခွင့်ပြုလိုက်ပါတယ်။ Placement Test ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပညာရေး ဆိုင်ရာထောက်ခံချက် လိုအပ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့မြို့နယ်တွေကနေ အမှန်တကယ်ပြောင်းရွှေ့ နေထိုင်သူဖြစ်ပါက မှန်ကန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နဲ့ အတူ မြို့နယ်ပညာရေးမှူးရုံးမှာ…

Read More

သူတို့အိမ် အခန်း (၁၇၉)

ဆူးငှက်   အယ်ဒီတာဘဝ ပထမဆုံးစာမေးပွဲ —————————————- ဆရာမောင်သစ်လွင်(လူထု) က မဂ္ဂဇင်းစာအုပ်ကို အဖုံးမှစ၍ တစ်မျက်နှာချင်း လှန်ကာ သေချာကြည့်သည်။ ဆရာကိုယ်တိုင် ရေးသားသော ပြောပါရစေ ခေါင်းစည်းတပ်သည့် အယ်ဒီတာ့ အာဘော်ကိုလည်း သေချာပြန်ဖတ်သည်။ ထို့နောက် ကဗျာများကို တစ်မျက်နှာချင်း လှန်ဖတ်သည်။ ဆရာက အယ်ဒီတာအဖွဲ့တွင် ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်း ရောက်လာတော့ ကဗျာအယ်ဒီတာများဖြစ်သည့် ဆရာမောင်သင်းပန် နှင့် ဆရာကိုငြိမ်း(မန္တလေး) အပြီးသတ် ရွေးပေး ထားသော ကဗျာများနှင့် ဆရာကိုယ်တိုင် ရွေးချယ်ထားသော ဆောင်းပါး ဘာသာပြန်နှင့် ဝတ္ထုစာမူများကို ချထားပေးသည်။ ကျန်သည့်ကဏ္ဍများအတွက် ကျွန်တော်တို့ စိတ်ကြိုက်ဖန်တီးခွင့် ပေးထားသည်။ ဖလင်မရိုက်မီ ဒီဇိုင်း ကိုပင် မကြည့်တော့။ မင်းတို့ကို စိတ်ချပြီးသား ဟု ဆိုသည်။ အခုလည်း ကျွန်တော်တို့ လက်ရာ မဂ္ဂဇင်းစာအုပ်ကို တစ်မျက်နှာချင်း စိမ်ပြေနပြေကြည့်နေတော့…

Read More

ဗုံးကွဲမှု​တွေ​ကြောင့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို အချိန်စောပိတ်လိုက်လို့ ငရုတ်သီးကားတွေ တင်ပို့နိုင်ခြင်းမရှိဘဲ မြဝတီမှာပိတ်မိပြီး ဆုံးရှုံးမှုတွေရှိ

ဇူလိုင် ၂၈ ၊ ၂၀၂၆ CC (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ ထိုင်း – မြန်မာနယ်စပ်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပုံမှန်ပိတ်ချိန်ထက် ၂ နာရီခွဲစောပြီး ပိတ်လိုက်တာကြောင့် ငရုတ်သီးကားတွေ မြဝတီကုန်သွယ်ရေးဇုန်မှာ ပိတ်မိပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်း တာဝန်ရှိသူတွေက ပုံမှန်ပိတ်တဲ့ ညနေ ၅ နာရီခွဲထက်စောပြီး နေ့လယ် ၃ နာရီကတည်းက တံတားကို သွားလာခွင့်ပိတ်လိုက်တာ ဖြစ်ကြောင်း ၊ အဲဒီအတွက် မြဝတီနယ်စပ် အမှတ် ၂ တံတားကနေ ထိုင်းကို တင်ပို့မယ့် ငရုတ်သီးကုန်ကားတွေ အချိန်မီတင်ပို့နိုင်ခြင်း မရှိတော့ဘဲ မြဝတီဇုန်ထဲမှာပဲ ကုန်တွေ ချထားရတဲ့အတွက် အလေ့အလွင့်ရှိပြီး ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW