မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက အလင်း ဝင်လာသူ ၃၀၃ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့သြဂုတ်လ ၁ ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ AA၊ KNU၊ ရတနာပုံတော် လှန်ရေးတပ်ဖွဲ့၊ ABSDF၊ PDFs၊ PLAစတဲ့အဖွဲ့မျိုးစုံ စုစုပေါင်း ၄၅ ဖွဲ့က ၃၀၃ ယောက်ဟာ ဥပဒေဘောင်အတွင်းကိုဝင်ခဲ့တာဖြစ်ပါတယ်။
အလင်းဝင်လာသူတွေနဲ့အတူ ရိုင်ဖယ်အုပ်စုဝင် သေနတ် ၉ လက်၊ လက်လုပ်သေနတ် ၉ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ ခု ပါဝင်တယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ၃၁၂ ယောက်၊ ဧပြီ ၂၇ ရက်နေ့က ၅၁၇ ယောက်၊ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း လက်နက်ကိုင်အဖွဲ့အသီးသီးက အလင်းဝင်လာသူ ၅၀၆ ယောက်၊ ဖေဖော်ဝါရီ ၁၃ မှာ ၁၅၀ ယောက်၊ ဇွန်လ ၁၉ ရက်နေ့က ၃၇၆ ယောက်၊ ရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်အခမ်းအနားကျင်းပတာ ဒီကနေ့ကျင်းပတာနဲ့ဆို အကြိမ် ၂၂ မြောက်ရှိခဲ့ပြီဖြစ်တာမှာစုစုပေါင်း ၂၇၀၀ ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့အခမ်းအနားကို တက်ရောက်လာတဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး တို့ရဲ့မိန့်ခွန်းအပြင် AA ရခိုင့်တပ်တော်နဲ့ MDY PDF က ရဲမေတဦးတို့ရဲ့ အသံတွေကို VOM က တင်ဆက်ပေးလိုက်ပါတယ်။
