ဆူးငှက် ကျပ်ကျပ်တည်းတည်း ကာလများ ———————————– ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ၁၉၉၀နောက်ပိုင်း တအိအိနှင့် အငှားလျော့နည်းလာသည်။ ယခင်က တစ်နေ့လျှင် ဦးရေ ၁၀၀ကျော် စာအုပ်ရေ ၂၀၀နီးပါး ငှားနှုန်းရှိခဲ့ရာမှ ဦးရေ က ၅၀ပင် မကျော်တော့၊ တစ်ခါတရံ ဦးရေ ၂၀ နှင့် ၃၀ကြားပင် ကျဆင်းသွားတော့သည်။ ငှားနှုန်းနည်းလို့ ဝင်ငွေနည်း၊ ဝင်ငွေနည်းလို့ စာအုပ်သစ်မတင်နိုင်၊ စာအုပ်သစ် မတင်နိုင်လို့ ငှားနှုန်းကျ၊ ငှားနှုန်ကျလို့ ဝင်ငွေနည်း သံသရာက ပုံမှန်သာမက ပို၍ပင် မြန်ကာ နည်းကာ လည်ပတ်တော့ ဆိုင်မပြုတ်ရုံသာ ကျန်တော့၏။ မနည်း တောင့်ခံထားရသည်။ မိခင်ကြီးကလည်း အသက်၈၀ကျော် ၉၀ ဝန်းကျင်မို့ ဆေးဝါး နှင့် အာဟာရ လိုအပ်သည်။ ဒါတောင် မိခင်ကြီးက ရောဂါအခံမရှိ။ ကျွန်တော့် ကလေး၂ယောက်ကလည်း အိမ်အနီးက ၁၂…
Read MoreDay: August 2, 2026
လက်နက်ကိုင်အဖွဲ့စုံက အလင်းဝင်လာတဲ့သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုပြီး မိဘတွေဆီပြန်လည်အပ်နှံ
မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက အလင်း ဝင်လာသူ ၃၀၃ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့သြဂုတ်လ ၁ ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ AA၊ KNU၊ ရတနာပုံတော် လှန်ရေးတပ်ဖွဲ့၊ ABSDF၊ PDFs၊ PLAစတဲ့အဖွဲ့မျိုးစုံ စုစုပေါင်း ၄၅ ဖွဲ့က ၃၀၃ ယောက်ဟာ ဥပဒေဘောင်အတွင်းကိုဝင်ခဲ့တာဖြစ်ပါတယ်။ အလင်းဝင်လာသူတွေနဲ့အတူ ရိုင်ဖယ်အုပ်စုဝင် သေနတ် ၉ လက်၊ လက်လုပ်သေနတ် ၉ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ ခု ပါဝင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မေလ ၁၉…
Read Moreလေးမျက်နှာမြို့တခုလုံးရေလွှမ်းနေလို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလိုအပ်နေ
ဩဂုတ် ၁ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဆက်တိုးနေတဲ့အတွက် တချို့နေရာတွေမှာ လူတွေထောင်နဲ့ချီပိတ်မိနေလို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် လေးမျက်နှာမြို့နယ် ရေကြီးမှုမှာ အိမ်တွေ ရေနဲ့မျောပါတဲ့အထိ ရှိလာတဲ့အပြင် နှစ်ထပ်အိမ်တွေပါ ရေမြုပ်နေတယ်လို့ သိရပါတယ်။ ” ကျမတို့ အကူအညီတွေလိုအပ်နေပါတယ်။ အခု ကုန်းမြင့်တနေရာမှာ အကုန်စုနေရပါတယ်။ ကျမတို့က အခု ရေကာတာကျိုးတဲ့ မြစ်ကျိုးအင်းဘုန်းကြီးကျောင်းအရှေ့တည့်တည့် အမှတ် ၅ ရပ်ကွက်ကပါ။ အိမ်တွေတော်တော်များများလည်း မြုပ်ကုန်ပါပြီ။ ကျမတို့အိမ်ဆိုရေမြုပ်သွားပါပြီ။ နှစ်ထပ်တိုက်တွေတောင်တချို့မြုပ်ကုန်ပါပြီ။ ၁၂ တောင်လောက်မြင့်တဲ့အိမ်တွေလည်းမြုပ်နေပါပြီ။ အိမ်တွေမှာနေလို့မရတော့ပါဘူး ။ အခုကျမတို့မှာ ဘုန်းကြီး ၊ ဆရာလေးသီလရှင်တွေ ၊ လူတွေအကုန်ပေါင်းရင် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ အကူအညီတွေမရောက်သေးပါဘူး ။ ရွှေ့ပြောင်းပေးဖို့လိုအပ်နေပါတယ်။အစားအစာတွေလည်းလိုပါတယ်။ ရေကာတာကျိုးတဲ့နားဆိုတော့ အခြေအနေပိုဆိုးပါတယ်။ 09425609794…
Read Moreဆင်းရဲခြင်းလွတ်ကင်းအောင် (၁)
MT(VOM) ဆင်းရဲနွမ်းပါးမှု ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်တော့ ရောဂါဆိုးကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရောဂါဟာ ကုသလို့မရတဲ့ အရာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ (UN) က သတ်မှတ်ထားတဲ့ LDC (Least Developed Countries – ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ) စာရင်းထဲ ရောက်သွားခဲ့ပေမဲ့ အောက်ခြေကနေ ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် စာရင်းကနေ ရာထူးတိုး (Graduated) သွားနိုင်ခဲ့တဲ့ နိုင်ငံတချို့ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ LDC ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်ပါမယ်။ပြီးမှ LDC စာရင်းထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို အသေးစိတ် သုံးသပ် တင်ပြသွားပါမယ်။ LDC (ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ) ဆိုတာ ဘာလဲ။ LDC ဆိုတာ Least Developed Countries ရဲ့ အတိုကောက်ဖြစ်ပြီး…
Read Moreသံတွဲမှာ လေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့် တပတ်အတွင်း ရှစ်ယောက်သေပြီး ၃၁ ယောက်ထက်မနည်းဒဏ်ရာရ
ဇူလိုင် ၃၁ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရာ ဇူလိုင် ၃၁ ရက်နေ့ ၊ ညနေပိုင်းကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး လူလေးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်မှုဟာ မနေ့ ညနေ ၃ နာရီလောက်ကဖြစ်ပြီး ရွှေလှေကျေးရွာနားကိုကျရောက်ပေါက်ကွဲကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် နေအိမ်သုံးလုံး ၊ကားနှစ်စီးလည်း ပျက်စီးမှုရှိခဲ့ပါတယ်။ ” လေးယောက်သေတယ် ။နှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်လို့သိရတယ် ။ ကျန်တဲ့ အခြေအနေတော့မသိရသေးဘူး။ သံတွဲကတော့ အရင်ရက်တွေကတည်းက လေကြောင်းကြဲခံနေရတာ ။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး AA ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး ။ သံတွဲမြို့နယ်ကတော့ AA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။…
Read Moreဝက်လက်မြို့ကို ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီး ပိတ်ဆို့ထားလို့ ဒေသခံတွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရ
စစ်ကိုင်း၊ သြဂုတ်- ၁ – ၂၀၂၆ SA(VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီးတော့ ဝက်လက်မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို မိုင်းထောင်ပိတ်ဆို့ထားကာ အသွားအလာကန့်သတ်ထားလို့ ဒေသခံတွေအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဝက်လက်မြို့ရဲ့ အဝင်အထွက် လမ်းတွေကို တိုက်ပွဲဖြစ်ပွါးတာမရှိပဲ ဒေသတွင်းလက်နက်ကိုင်တွေက မိုင်းထောင်ပိတ်ဆို့ထားတာ 4-5-2026 ကနေ ဒီနေ့အချိန်ထိ ၃ လခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတဦးက VOM ကို ပေးပို့ အကြောင်းကြားထားပါတယ်။ ” ပြောရမယ်ဆိုရင် ဝက်လက်မြို့မှာ သူဋ္ဌေးတွေရှိတယ် သူတို့နဲ့ ဒေသတွင်းလက် နက်ကိုင်တွေ ပူးပေါင်းပြီး အသွားအလာကန့်သတ်ပြီး နှစ်ရက်ခြားတခါ၊ ဒါမှမဟုတ် တခါတလေမှ လှတော ကို စျေးလာဝယ်ကြတယ်၊ သူဋ္ဌေးတွေပေါ့၊ သူဋ္ဌေးတွေက ကုန်ပစ္စည်းတွေဝယ်လှောင်ပြီး ရောင်းကြတော့ စျေးကြီးနေတာ၊ ဒါက ကြာပါပြီ ၂၀၂၃ လောက်ကတည်းကပါ” လို့…
Read Moreဓနုဖြူနဲ့ မြန်အောင်မှာ ရေကြီးလို့ စေတီနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပြိုကျတာရှိသလို စပါးခင်းတွေ ရေမြုပ်
ဩဂုတ် ၁ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်းအတွင်းက ဓနုဖြူနဲ့ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတက်လာကာ တောင်ကျရေတွေ ကျဆင်းမှုကြောင့် အောင်ဗောဓိကပ်ကျော်စေတီ ကမ်းပါးပြိုကျ ပျက်စီးခဲ့သလို စပါးခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ရေပေါက်သောင်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မနေ့ ဇူလိုင်လ ၃၁ ရက်၊ မနက် ၆ နာရီဝန်းကျင်က မြစ်ကမ်းပါးပြိုကျခဲ့ပြီး အောင်ဗောဓိကပ်ကျော်ဘုရားက စေတီ နှစ်ဆူနဲ့ ဗုဒ္ဓရုပ်ပွားတော် တဆူ မြစ်အတွင်းကို ပြိုကျခဲ့တယ်လို့ သိရပါတယ်။ “မြစ်ရေက တော်တော်ကို ကြမ်းခဲ့တာ။ ကမ်းပါးပြိုကျတာက အလျား ပေ ၈၀၊ အနံ ပေ ၄၀ လောက်အထိ ရှိတယ်။ ရေထဲ ပြိုကျသွားတဲ့ ဘုရားနှစ်ဆူက ဉာဏ်တော် ၉…
Read Moreတောင်ကုတ်မြို့နယ် စက်လှေတိမ်းမှောက်မှု ပျောက်ဆုံးနေသူ ရှစ်ယောက်ကို ရှာမတွေ့သေး
ဩဂုတ် ၁ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စက်လှေ တိမ်းမှောက်လို့ ပျောက်ဆုံးနေသူ ရှစ်ယောက်ကို လက်ရှိအချိန်အထိ ရှာဖွေတွေ့သေးဘူးလို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုမှာ မနေ့ ဇူလိုင် ၃၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကဖြစ်ပြီး ဖောင်းခါးကျေးရွာမှ ပန်းတင်ကျွန်းကို မောင်းနှင်လာစဉ် လမ်းခုလပ်မှာ လှိုင်းလေပြင်းထန်မှုကြောင့် စက်လှေ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။ “ဖောင်းခါးနဲ့ ကလိန်တောင်ကို ပြေးဆွဲနေတဲ့ စက်လှေ မှောက်တာပါ။ တောင်ကုတ်နယ် ပန်းတင်ကျွန်းကနေ ဖောင်ခါးကျွန်းကို ကလိန်တောင်မြစ်အတိုင်းဖြတ်ပြီး မောင်းနေတဲ့အချိန် ငမုန်းတိုင်ရွာနား အရောက်မှာ လေပြင်းတိုက်လို့ မှောက်တာ။ စက်လှေပေါ်မှာ ဆရာ၊ ဆရာမတွေရော၊ ဒေသခံတွေရော ပါလာတယ်။ ဆရာ၊ ဆရာမတွေကတော့ လပတ်အစည်းအဝေးတက်ပြီး ပြန်လာတာလို့ သိရတယ်။ လှေမှောက်တော့ လေးယောက်ကို…
Read Moreမီလျှံနာရွှေဆိုင် ဓါးပြတိုက်တဲ့ ၆ ယောက်ထဲက ၃ ယောက်ဟာ ပေါ်ဦးရွှေဆိုင်နှင့် မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ခဲ့သူတွေဖြစ်နေ၊ ဓားပြတွေနဲ့ ပူးပေါင်းပေးတဲ့သူတွေပါ ဖမ်းဆီးရမိ
မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆ SA(VOM) ဖမ်းဆီးရမိထားတဲ့ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုကျုးလွန်သူ ၆ ယောက်ထဲက သုံးယောက်ဟာ ပေါ်ဦးရွှေဆိုင်နဲ့ မိုးမန္တလေး ရွှေဆိုင်တွေကို ဓါးပြတိုက်တာမှာ ပါဝင်ခဲ့သူတွေဖြစ်နေကြောင်းစစ် ဆေးပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်ကို ဇူလိုင် ၂၀ ရက်နေ့က ဓားပြတိုက်သွားတဲ့ ဓားပြတိုက်သူ ၅ ယောက်နဲ့ စီစဥ်ညွှန်ကြားတဲ့ ခေါင်းဆောင် ၁ ယောက် အပါအဝင် ၆ ယောက်စလုံးကို ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မီလျှံနာရွှေဆိုင်ကို ဓါးပြတိုက်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ရှာဖွေတာမှာ ဓါးပြတိုက်မှုကျုးလွန်ချိန်က စီးလာတဲ့ ကလစ်ဆိုင်ကယ်ဆိုင်ကယ် နံပါတ်ကနေ တဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူတွေကို မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ဘက်ခြမ်းက အာလောင်ကျေးရွာများတွေကတဆင့်…
Read More