အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်အဖွဲ့အသီးသီးက တပ်ဖွဲ့ဝင် ၁၉၅ ယောက်အလင်းဝင်

မန္တလေး၊ နိုဝင်ဘာ- ၁၈- ၂၀၂၆ SA(VOM) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်ရာ ဧရိယာအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကနေ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရင်နေ့မနက်ပိုင်းက ၁၉၅ ယောက် အလင်းဝင်အခမ်းတဲ့အခမ်းအနား ကျင်းပခဲ့ပါတယ်။ ကျား ၁၇၆ ယောက်၊ မ ၁၉ ယောက်၊ (လက်နက်ပါ ၃၃ လက် နက်မပါ ၁၆၂ ယောက်) စုစုပေါင်း ၁၉၅ ယောက်အပါအဝင် လနက်နက်အမျိုးမျိုး၊ စကားပြောစက်တွေအပါအဝင် လက်ပစ်ဗုံးတချို့ ပါဝင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ အလင်းဝင်အခမ်းအနား ကျင်းပခဲ့တာ ၅၈ ကြိမ်ရှိခဲ့ပြီဖြစ်တာမှာ လက်နက် ကိုင်အဖွဲ့အသီးသီးက အလင်းဝင့လာသူ စုစုပေါင်း ၃၂၉၅ ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Read More

မြန်မာတနိုင်ငံလုံးမှာ ဒုတိယအမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသားနဲ့ ဘာသာစုံ ဂုဏ်ထူးရရှိသူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ပညာရည်ချွန်ဆုတွေချီးမြှင့်

မန္တလေး၊ နိုဝင်ဘာ- ၁၈- ၂၀၂၆ SA(VOM) စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းကနေ မြန်မာတနိုင်ငံလုံးမှာ ဒုတိယ အမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသား မောင်စည်သူဗိုလ် အပါအဝင် ဘာသာစုံ ဂုဏ်ထူးရရှိသူတွေနဲ့ ဂုဏ်ထူးတွေ အသီးသီးရရှိခဲ့တဲ့ ကျောင်းသား/သူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက မန္တလေးက ရတနာပုံခန်းမမှာ ပညာရည်ချွန်ဆုအသီးသီး ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ စံဟိန်း ပညာရေးကိုယ်ပိုင်အထင်တန်းကျောင်းကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ခြောက်ဘာသာဂုဏ်ထူးရှင် (၈)ဦးအပါအဝင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၅၆)ယောက်၊ ရိုးရိုးအောင် မြင်တဲ့ ကျောင်းသား/သူ (၄၆) ယောက်၊ ပညာသင်ဆုရရှိတဲ့ကျောင်းသား/သူ (၂၃) ယောက်၊ မန္တလေးခရိုင် ဘက်စုံပညာထူးချွန် (လူရည်ချွန်) ဆုရရှိသူ (၁)ယောက်၊ မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး…

Read More

တိုင်းပြည်ဝင်ငွေ တိုးမြင့်လာရင် ဝန်ထမ်းတွေကို လစာတိုးပေးမယ်လို့ သမ္မတပြော

နိုဝင်ဘာ ၁၈ – ၂၀၂၆ SS (VOM) တိုင်းပြည်ရဲ့ဘဏ္ဍာဝင်ငွေ ပိုမိုတိုးတက် ရရှိလာပါက လာမယ့် ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လစာ တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းက နေပြည်‌တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လစာ တိုးမြှင့်ပေးနိုင်ဖို့အတွက် လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ကာ တွက်ချက်မှုတွေ ပြုလုပ်နေပြီး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးနဲ့ အခွန်ကောက်ခံမှု ကြပ်မတ်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောပါတယ်။ “လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာ တိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိက ကတော့ တိုင်းပြည်ဝင်ငွေ ရဖို့ကတော့…

Read More

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငါးရက်အတွင်း ၂၃ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရ

နိုဝင်ဘာ ၁၈ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက ဒေသတချို့မှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ ငါးရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၂၃ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံကျောင်း (GTI) နဲ့ အခြေခံပညာ အထက်တန်းကျောင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “လေယာဉ်နှစ်စီး လာသွားတာ။ အမှတ် (၈) ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်တယ်။ ကျောင်းတွေပေါ်…

Read More

အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ ကျိုးကြောင်းမဆီလျော်ဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ သမ္မတပြော

နိုဝင်ဘာ ၁၈ – ၂၀၂၆ SS (VOM) မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောထားကို ကိုယ်စားမပြုဘဲ အဖွဲ့ဝင်သုံးနိုင်ငံရဲ့ ဘက်လိုက်မှုနဲ့ အစွဲအလမ်းတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး အာဆီယံဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတို့ကို ထည့်သွင်းကာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သမ္မတက ပြောပါတယ်။ “လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ် ၃၊ ၄ ဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင် ဆွေးနွေးနေတယ်လို့ သုံးသပ်လို့ရပါတယ်။…

Read More

သူတို့အိမ် အခန်း (၂၆၆)

    ဆူးငှက်   ဆူးငှက်ဂရန်လျှောက်လွှာ ရောက်မလာသေး —————————————————- သရက်ကုန်းက ကျွန်တော့်မြေကွက်လေး ဂရန်လျှောက်ထားရေး ကိစ္စအတွက် တရားရုံးကျမ်းကြိမ်လွှာမှ စ၍ ကျန် စာရွက် စာတမ်းများ ပြည့်စုံပါပြီ။ တရားရုံးကျမ်းကျိန်လွှာမှ လွဲ၍ ကျန်စာရွက်စာတမ်းများအတွက် အကုန်အကျ မရှိတော့ဘဲ လွယ်လင့်တကူ ရရှိခဲ့ပါသည်။ ဂရန်လျှောက်လွှာ တင်ရုံပဲ ရှိတော့သည်။ သည်ကြားထဲ အပတ်စဉ် ကြာသပတေး နေ့နှင့် သောကြာနေ့တိုင်း ဂရန်ချထားရေးအဖွဲ့က ရပ်ကွက်အတွင်း ကွင်းဆင်းသည်။ ထိုသို့ကွင်းဆင်းတိုင်း ကျွန်တော်တို့က လိုက်၍ စစ်ဆေးသောမြေကွက်မှာ အရှုပ်အရှင်း ကင်းရှင်းကြောင်း ထောက်ခံ လက်မှတ်ထိုးပေးရသည်။ ဤသို့ဖြင့် မြေကွက်ပိုင်ရှင်များက အဆင်ပြေချောမွေ့စွာ ဂရန်လျှောက်နိုင်ခဲ့ကြသည်။   အပတ်စဉ် စည်ပင်ကော်မတီအစည်းအဝေးတွင် ဂရန်ကိစ္စဆွေးနွေးတိုင်း သရက်ကုန်းရပ်ကွက် ခေါင်းစဉ် ရောက်လျှင် ဆရာဆူးတို့ သရက်ကုန်းဟု ဝိသေသပြု ပြောကြ ဆွေးနွေးကြသည်ဟုလည်း ပြန်လည်…

Read More

သူတို့အိမ် အခန်း (၂၆၅)

ဆူးငှက်   ရှုပ်လိုက်တဲ့ မြေ ——————- ၂၀၁၀ခုနှစ် အစိုးရမှ ၂၀၁၅ခုနှစ် အစိုးရအကူးအပြောင်းတွင် မန္တလေးမြေကိစ္စက အတော်ဂယက် ထခဲ့သည်။ ထိုဂယက်က အတော်နှင့် အရှိန်မသေ။ အစိုးရသစ်ထံ လွှဲပြောင်းမည့် ရက်မတိုင်ခင်ညအထိ မြေဂရန်ထုတ်ယူမှုများကို ပြန်လည် စိစစ် နေရသည်ဟူသော သတင်းတွေလည်း ရှိသည်။ ထိုဂယက် ထိုသတင်းများကြောင့် မန္တလေးမြို့တော် စည်ပင်က မြေဂရန် ထုတ်ပေးခြင်း ကိစ္စအဝအဝကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုပြဿနာကြား ကျွန်တော်တို့ သရက်ကုန်းက ကြားညပ်သွားခြင်း ဖြစ်သည်။ မဆီလေးရယ်တဲ့ အိုမဆိုင်ဟု ပြောရပေမည်။ ထိုသတင်းကို ကျွန်တော့် မိတ်ဆွေများရှိသည့် စည်ပင်ကော်မတီမှတဆင့် ကြားရပြီး “ဂရန်ပိတ်တာ ကြာနိုင်တယ်ဗျ၊ ကိုဆူးတို့ သရက်ကုန်းကိစ္စ ဝန်ကြီးချုပ်ဆီ စာတင်ပါလား” ဟုလည်း အကြံပေးသည်။ ထို့ကြောင့် ကျွန်တော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က…

Read More

သမိုင်းတစ်ပတ်လည်နေသလား

(၁၉၃၈ မြူးနစ်စာချုပ်နဲ့ ၂၀၂၆ ယူကရိန်းအရေး) MT(VOM) နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်းစကီးရဲ့ မှတ်ချက်စကားတွေဟာ နိုင်ငံတကာ နိုင်ငံရေးလေ့လာသူတွေကြားမှာ ကြီးမားတဲ့ လှုပ်ခတ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ အဘူဒါဘီမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ယူကရိန်း-ရုရှား ဆွေးနွေးပွဲအတွင်း “ယူကရိန်းအနေနဲ့ နေတိုး (NATO) မဟာမိတ်အဖွဲ့ထဲ ဝင်ခွင့်ရဖို့အတွက် ဒွန်းဘက်စ် (Donbas) ဒေသကနေ ဆုတ်ခွာပေးမလား” ဆိုတဲ့ မေးခွန်းကို အမေရိကန်ဘက်က ပထမဆုံးအကြိမ် မေးမြန်းအကြံပြုခဲ့တယ်လို့ ဇယ်လန်းစကီးက ထုတ်ဖော်ပြောကြားလိုက်တာပါ။ ဒီသတင်းထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် သမိုင်းပညာရှင်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ စိတ်ထဲမှာ တန်းပြီးပေါ်လာတဲ့ ပုံရိပ်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နာမည်ကျော် မြူးနစ်စာချုပ် (Munich Agreement) ပဲ ဖြစ်ပါတယ်။ ၁၉၃၈ မြူးနစ်စာချုပ်ရဲ့…

Read More

ပြည်တွင်းက စက်သုံးဆီအများစု အရည်အသွေး ပြည့်မီမှုအားနည်း

နိုဝင်ဘာ ၁၆ – ၂၀၂၆ SS (VOM) လက်ရှိကာလအတွင်း စက်သုံးဆီဆိုင် အများစုမှာ အရည်အသွေး ပြည့်မီခြင်းမရှိတဲ့ စက်သုံးဆီတွေကို ရောင်းချနေတာကြောင့် မော်တော်ကား အင်ဂျင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ပြည်တွင်းထုတ်ချက်ဆီတွေကို ဆိုင်တွေက ခွဲတမ်းစနစ်နဲ့ ယူဆောင်ကာ ရောနှော ရောင်းချနေမှုတွေကြောင့် စက်သုံးဆီ အရည်အသွေး မပြည့်တာ၊ အချိန်အတွယ် မှန်ကန်မှု မရှိတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ “ဆီဖြည့်ပြီးရင် ကားစက်က ချက်ချင်း နှိုးမရဘူး။ ကားမောင်းနေတဲ့ အချိန်မှာလည်း အင်ဂျင်တုန်ခါပြီး အင်ဂျင်အား ကျသွားတာတွေလည်း ဖြစ်တယ်။ ဒီလို ဆီညံ့နေတာက ကားအင်ဂျင်ပိုင်းရဲ့ ဆီပန့်နဲ့ အင်ဂျက်တာတွေ နာတယ်။ ပစ္စည်း ခဏခဏ လဲနေရတယ်။ ကုန်ကျစရိတ်တွေ ပိုကြီးလာတယ်။ အရင်က ငါးရက်လောက် မောင်းလို့ရတဲ့ဆီက အခု သုံးရက်လောက်နဲ့ ကုန်သွားတာ…

Read More

အမြန်လမ်းပေါ် မောင်းနှင်းတဲ့ လိုက်ထရပ်နဲ့ပစ်ကပ်ကားတွေ လူအများအပြား စီးနှင်းခြင်း တားမြစ်

ရန်ကုန်-နိုဝင်ဘာ-၁၆ EP(VOM) ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေ ရှိတာကြောင့် လိုက်ထရပ်ကား နဲ့ ပစ်ကပ်ကားနောက်တွင် လူ‌အများလိုက်ပါ စီးနှင်းမှု မပြုလုပ်ကြရန် အမြန်လမ်းမကြီး ထိန်း သိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့က တားမြစ်လိုက်ပါတယ်။ ကားအနောက် လူလိုက်ပါ စီးနှင်းခြင်းကို နိုဝင်ဘာ ၁၄ ရက်နေ့က စာထုတ်ပြန်ကာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ပွဲတော်ရာသီ သီတင်းကျွတ် ၊ တန်ဆောင်းမုန်း လနဲ့ သင်္ကြန်ပွဲတော်လတွေမှာ အမြန်လမ်းပေါ် ဖြတ်သန်း မောင်းနှင်းတဲ့ လိုက်ထရပ် ကားနဲ့ ပစ်ကပ်ကားတွေဟာ လူလိုက်ပါစီးနှင်းခြင်းတွေရှိပါတယ်။ အဲ့ဒီယာဉ်‌တွေဟာ ကုန်ပစ္စည်းတင်ဆောင်ရန်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခရီးသည်‌တွေအတွက် ထိုင်ခုံ၊ ထိုင်ခုံခါးပတ်နဲ့ လေအိတ်စတဲ့ အကာအကွယ်ပစ္စည်းတွေ မပါရှိတာကြောင့် ယာဉ်တိုက်မှု ဒါမှမဟုတ် တိမ်းမှောက်မှုဖြစ်ပွားပါက နောက်ခန်းက လိုက်ပါသူတွေ မြေပြင်တွင် လွင့်စင်ကျကာ ပြင်းထန်ဒဏ်ရာရရှိခြင်းနဲ့…

Read More
✕
VOM News

FREE
VIEW