ဆူးငှက် ရန်ကုန်ကို မရောက်ဖူးလို့ ဘုရားဖူးရင်း အလည်လာတာလား ——————————————————————– ရန်ကုန်ရောက်ပြီး နောက်ရက်ရောက်တော့ ဦးဇော်ဝင်းက သူ့အမျိုးများရှိသည့် မြေနီကုန်းသို့ အလည်သွားသည်။ သူ့အစ်ကိုဝမ်းကွဲဟု သိရသည်။ မြေနီကုန်းက လမ်းတော့ မမှတ်မိ။ အိမ် ၂ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ သူတို့က အပေါ်ထပ်မှာမို့ အပေါ်ထပ်တက်တော့ အိမ်ခန်းက ရှေးအိမ်ကြီး၏ သပ်ရပ်သော အပြင်အဆင်ဖြစ်သည်။ ကြမ်းခင်း ပျဉ်များကလည်း သန့်ရှင်း ပြောင်လက်လို့။ ဦးဇော်ဝင်း၏ အစ်ကိုဝမ်းကွဲ ဆိုသူက ဧည့်ခန်းက ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း သတင်းစာဖတ်နေသည်။ ခပ်လှမ်းလှမ်မှာ ကျွန်တော်နှင့် ရွယ်တူလောက် ဖြစ်ပုံရသည့် မိန်းကလေးတစ်ဦးက ကျောင်းစာလုပ်နေပုံရသည်။ သူ့နှင့် မတိမ်းမယိမ်း တစ်ယောက်ကလည်း အနားမှာ ရှိနေသည်။ ကျောင်းသူ ညီအစ်မဖြစ်လိမ့်မည်။ ဖျပ်ကနဲ မြင်လိုက်ရသည်မှာပင် သွယ်သွယ်ချောချောလေးတွေဟု ခန့်မှန်နိုင်သည်။ ဦးဇော်ဝင်းနှင့် ကျွန်တော်က သူ့အစ်ကိုဘေးရှိ ဆက်တီမှာ…
Read MoreDay: May 22, 2026
သူအိမ် အခန်း (၁၁၈)
ဆူးငှက် ရောက်ဖူးချင်သော ရန်ကုန် ——————————- ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလိုလိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင်…
Read Moreရွှေဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှု လျှော့ချပေးစေလို
မေ ၂၁ – ၂၀၂၆ SS (VOM) ရွှေစင်၊ ရွှေတုံးနဲ့ ရွှေထည်တွေ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) အဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို လျှော့ချပေးစေလိုတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။ အရင်က ရွှေအတုံးအခဲတွေအတွက် အခွန်ကောက်ခံမှု မရှိခဲ့ဘဲ ရွှေထည်တွေအတွက်သာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေနဲ့ ရွှေထည်လက်ဝတ်ရတနာ အားလုံးအတွက် ၃ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ “ရွှေအတွက် ကောက်နေတဲ့အခွန်တွေက အရမ်းများတယ်။ နိုင်ငံတကာမှာလည်း မရှိဘူးလေ။ ရွှေကို ၃ နာရခိုင်နှုန်း၊ ကျောက်မျက်ရတနာကို ၅ ရာခိုင်းနှုန်း သတ်မှတ်ထားတာ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီလို အခွန်ကောက်တာ မရှိဘူး။ ဒီ…
Read Moreချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကြောင်းထိုးနေ
မေ ၂၁ ၊ ၂၀၂၆ CC (VOM) ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက် ၊ မတူပီ မြို့နယ်နဲ့ မင်းတပ်မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတာကြောင်း စစ်ရေးတင်းမာလာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာဆိုရင် အစိုးရတပ်စစ်ကြောင်းတွေက ကန်ပက်လက်မြို့အနီးအထိ ရောက်ရှိနေပြီး ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါအပြင် ကန်ပက်လက်မြို့နယ်ထဲကို ဒီကနေ့မနက်ပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး ။ ” ဆောကို သိမ်းတဲ့ စစ်ကြောင်းကပဲ ကန်ပက်လက်ဘက်ကို ဆက်ပြီး တက်သွားတာ ။ ကန်ပက်လက် မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဖြစ်နေတယ်သိရတယ်။ လေကြောင်းကလည်း မနက်ကနှစ်ကြိမ်ကြဲသွားတယ် ။ မင်းတပ်နဲ့ မတူပီ ဘက်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ် ။ အဲဒီဘက်မှာတော့…
Read Moreအင်းတော်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံး
မေ ၂၁ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မနေ့ မေ ၂၀ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်၊ မန်ဖာကျေးရွာဝန်းကျင်မှာ မနေ့ မနက် ၁၀ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့သိရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကျဉ်းထောင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးပေါ် ကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ “သေတာက စစ်သုံ့ပန်း ငါးယောက်နဲ့ PDF နှစ်ယောက်ပါ။ နေရာမှာပဲ ပွဲချင်းပြီး ဖြစ်သွားတာ။ အင်းတော်ကို အစိုးရတပ်က သိမ်းထားပေမယ့် တိုက်ပွဲတွေကတော့ ရှိနေသေးတယ်။ အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက မြို့နဲ့ ၂ မိုင်ပတ်လည်လောက်ပဲ ဝေးတာ။ ဒါကြောင့် ပြည်သူတွေအနေနဲ့…
Read Moreဖလမ်း နဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ ရာနဲ့ချီ ဝင်ရောက်မှုရှိလာ
မေ ၂၁ ၊ ၂၀၂၆ CC (VOM) ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်မှု အများအပြားရှိ လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖလမ်းမြို့ကို အစိုးရတပ်ကသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ဖို့အတွက် မေလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်ရောက်လာသလို စစ်ရှောင်တွေလည်း ရာနဲ့ချီပြီး နေရပ်ပြန်လည်ဝင်ရောက်မှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ကလေးမြို့ကို ရောက်နေတဲ့ ဖလမ်းဒေသစစ်ရှောင်တွေဟာ ဒီကနေ့ မေ ၂၁ ရက်အထိ ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်မှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မနေ့ကလည်း ပြန်ကြတာ တော်တော်များတယ်။ အတိကျတော့ မသိပေမယ့် ရာဂဏန်းတော့ရှိတယ်။ ဒီနေ့လည်း ကိုယ့်အစီအစဥ် နဲ့ကိုယ်ပြန်နေကြတာ တွေရှိတယ်။ ပြန်လို့ရပြီဆိုတာနဲ့ကို ချက်ခြင်းပြန်ကုန်ကျတာ ကားတွေ…
Read More