စင်တင်များနှင့် မန္တလေး

  ဆူးငှက်   ၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက် ကျုံးအတွင်း မြို့ရိုးနှင့် ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်း အထိ ရှည်လျားတာပေါ့။ ဥယျာဉ်ထဲမှာ ကလေးများအတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ် အာဝါသရှိသည်။ မိုးပျံတံတား ဆိုတာလည်း ရှိသည်။ အခါကြီး ရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်း စင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာ ဥယျာဉ်မှာရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။ ဒါက မန်းသီတာ ဥယျာဉ် ဖြစ်သည်။…

Read More

အငြိမ့်ပြိုင်ပွဲ

  ဆူးငှက်   မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့်ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီ။ အသင့်ပါပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကား ရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယားကရောင်း ရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာအစီအစဉ်၊ နောက် ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက်တခန်းရပ်၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်။…

Read More

ရေစကြိုမှာ တိုက်ပွဲအတွင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ခုနှစ်ယောက် အသေပစ်ဖမ်းခံရ

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ မနေ့ အောက်တိုဘာ ၁၈ ရက်က တိုက်ပွဲတွေဖြစ်ပွားပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောမကြားရွာနားမှာ ၁၇ ရက်က. စစ်ကြောင်းဝင်လာပြီး ဒေသတွင်း လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တယ် ၊ ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က အလောင်း ခုနှစ်လောင်းတွေ့ရတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာတော့ မမြင်ရဘူး ၊ သေဆုံးသူတွေဟာ နယ်ခံတွေ မဟုတ်ကြဘူး ” လို့ ကျောမကြား ဒေသခံတယောက်က ပြောပါတယ်။…

Read More

လင်းခေးနယ်မှာ မီးရှူး မီးပန်းတွေ ပေါက်ကွဲလို့ လူ နှစ်ဦး သေဆုံး

အောက်တိုဘာ ၁၉ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ် ၊ ဝမ်ဟတ်ကျေးရွာအုပ်စု ၊ ဝမ်ဟတ်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက သီးတင်းကျွတ် မီးရှူး မီးပန်းတွေပေါက်ကွဲတာကြောင့် လူနှစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနက်က ၉ နာရီလောက်မှာ ဖြစ်တာပါ ၊ သီတင်းကျွတ်ပွဲအတွက် မီးရှူး မီးပန်းတွေရောင်းတဲ့ ဆိုင်မှာ ဖြစ်တယ် ၊ ဘာကနေ စဖြစ်တာလည်းတော့ မသိရသေးဘူး ၊ မီးရှူး မီးပန်းတွေ ပေါက်ကွဲပြီး ဆိုင်ရှင် ဦးစိုင်းဆိုင်လင်း ဆိုသူက ဝဲခြေကျိုးပြတ်၊ လည်ပင်းပြတ်ရှ ၊ ဦးခေါင်းဘယ်ခြမ်းပွင့်ထွက် ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးတယ် ၊ နောက်ပြီး အဲ့ဒီ စျေးဆိုင်ရှေ့မျက်နှာချငဆိုင်နေတဲ့…

Read More

ရေစကြိုမြို့နယ်မှာ ကြံ့ခိုင် ရေး ပါတီဝင် လေးယောက် အသတ်ခံရ ၊ နှစ်နှစ်အတွင်း အသတ်ခံရသူ တရာကျော်ရှိ

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ငါးလန်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၇ ရက် ညက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   ” မနေ့က ည ၉ နာရီ ဝန်းကျင်ကဖြစ်တာပါ ၊ အသတ်ခံရသူတွေကတော့ ကြံ့ခိုင်ရေး ရပ် / ကျေး စည်းရုံးရေးမှူး ကိုထွန်းမင်းလွင် နဲ့ သူ့မိန်းမဖြစ်သူရယ် ၊ နောက်ပြီးပါတီဝင် ကိုဖိုးနုနဲ့ ကိုဉာဏ်မြင့်တို့ဖြစ်တယ် ” လို့ ေဒသခံတယောက်က ပြောပါတယ်။   အဲ့ဒီ သူတွေဟာ ကိုယ့်အိမ် ကိုယ်ရှိနေတုန်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။  …

Read More

လပြည့်ည၏ လရောင်အောက်က စန္ဒာမုနိရင်ပြင်

ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲ ရောက်တော့ နေထန်းတစ်ဖျားထိလုပြီ။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံသဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရား အနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ်တက်တော့ လူသူမရှိ။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေ ကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြမပူသေး။ ဆောင်းနှောင်း နှင်းကြွင်းကို နွေးစေရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့် စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ် ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ် နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ် နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ် နေရာလည်း ဖြစ်သည်။…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၆ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3039

Read More

ငါးဇွန်နယ်မှာ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ လင်မယား ၂ ယောက် ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါးဇွန်မြို့နယ် ၊ ဆင်ဖြူကုန်းကျေးရွာ (ခ) တလင်းကုန်းကျေးရွာမှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က လင်မယား ၂ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဆင်ဖြူကုန်းရွာမှာနေတဲ့ ဦးမိုးကြည်၊ ၄၉ နှစ် ၊ ဒေါ်နုလှိုင်၊ ၅၃ နှစ်၊ ၂ ဦး ဖြစ်တယ် ၊ သေနတ်နဲ့ ပစ်သတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၉ နာရီက ဖြစ်တာပါ ၊…

Read More

လွမ်းသနော် ဘုရားပွဲတော်

  ဆူးငှက် ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီး ဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ် လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရားအရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင် မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များ က ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကိုအမှီပြု၍ လယ်ယာမြေလုပ်ကိုင်ကြသော လမိုင်း သားတို့က မိမိတို့ရွာအသီးသီးမှ လှည်းတပ်ကြီးချီကာ ဘုရားပွဲအမီ…

Read More

ပရိယာယ် မိုး

  ဆူးငှက်     လျှပ်ခြည်စေရော် ဇော်တခဲ နဘန္တရာသံဝါခြိမ့်တယ် လမ္ဗရာခြိမ့် နတ်စည်တော် ပဏဝါအိမ် ပတ်လည်ဆော်သည် ဝိုးဝင်းမိုးပြည့် ရှိန်အဝါမှာ ဝတိံသူရာစစ်ရေးမြှူကြဆဲ။ ဝန်ထောက်တော် ဝက်မစွတ်မြို့စားက ကရကဋ်ရာသီဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသအတွက် မျှော်မျှော်နိုင်လွန်းချည့် ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုကာ ဒေါသတကြီးခုန်ချ အစွမ်းပြတော့သည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟု ဆိုရိုး ရှိခဲ့လေတော့ တောင်ဆီမှာမိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို “မိုးရွာရင် နော်ဗျာ ဘာနဲ့ မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုး၊ ထီးလုပ်လို့မိုး” ဟု ကယုကယင် ချော့နွဲ့လို့မရ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီးစစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည်တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီမိုးဒဏ်က…

Read More
VOM News

FREE
VIEW