ရေစကြိုမြို့နယ်မှာ ကြံ့ခိုင် ရေး ပါတီဝင် လေးယောက် အသတ်ခံရ ၊ နှစ်နှစ်အတွင်း အသတ်ခံရသူ တရာကျော်ရှိ

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၃
SP (VOM)

 

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ငါးလန်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၇ ရက် ညက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

” မနေ့က ည ၉ နာရီ ဝန်းကျင်ကဖြစ်တာပါ ၊ အသတ်ခံရသူတွေကတော့ ကြံ့ခိုင်ရေး ရပ် / ကျေး စည်းရုံးရေးမှူး ကိုထွန်းမင်းလွင် နဲ့ သူ့မိန်းမဖြစ်သူရယ် ၊ နောက်ပြီးပါတီဝင် ကိုဖိုးနုနဲ့ ကိုဉာဏ်မြင့်တို့ဖြစ်တယ် ” လို့ ေဒသခံတယောက်က ပြောပါတယ်။

 

အဲ့ဒီ သူတွေဟာ ကိုယ့်အိမ် ကိုယ်ရှိနေတုန်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ငါးလန်ရွာ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သွားရောက် စစ်ဆေးနေဆဲဖြစ်တာမို့ ဖြစ်စဥ် အသေးစိတ် မသိရသေးဘူး ” လို့ ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ၊ ရေစကြိုမြို့နယ် ၊ ရေစကြို – ပခုက္ကူကားလမ်းမှာ ကား တစ်စီး ပစ်ခတ်ခံရပြီး ယာဥ်ပေါ်မှာလိုက်ပါတဲ့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ၊ ပေါင်း ငါးဦး ပစ်သတ်ခံရပါတယ်၊ အဲ့ဒီ အပြင် ပြီးခဲ့တဲ့လ သြဂုတ် ၂၅ ရက် မနက် ၅ နာရီ ဝန်းကျင်ကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက် ယောက် ချောင်းမြောင်း ပစ်သတ်ခံရပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။

 

” ရေစကြိုနယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ မေကနေ စလို့ အခုထိ သတ်ဖြတ်ခံရသူ ၂၀၀ ကျော်ရှိသွားရှိပြီဖြစ်တယ် ၊ အဲ့ဒီထဲက ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူ ၁၀၀ ကျော်ပါတယ် ၊ ကျန်တာတွေက ပညာရေးဝန်ထမ်းတွေ ၊ ရဟန်းသံဃာတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်တယ် ” လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။

 

ရေစကြို မြို့နယ်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်နှစ်ခု ဆုံရာဒေသဖြစ်ပြီး မန္တလေးတိုင်း မြင်းခြံ ခရိုင်နဲ့ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်း အဖွဲ့တွေကြား မကြာခဏ ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ ရေစကြိုမြို့နယ်ထဲမှာ ကြံ့ခိုင်ရေး ပါတီဝင်တွေ အသတ်ခံရတာ ၁၀၀ ကျော်ရှိပြီး တနိုင်ငံလုံး အတိုင်း အတာမှာ ကြံ့ခိုင် ရေးပါတီဝင် အသတ်ခံရတာ ၂၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

 

#voiceofmyanmar #VOM #ရေစကြို #ငါးလန်

Telegram link: https://t.me/VOMNEWS2023/3076

Related posts

Leave a Comment

VOM News

FREE
VIEW