နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတွေ သဘောတူ

ကရာကတ်၊ အောက်တိုဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံတွေဟာ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုအောက်မှာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ သဘောတူလိုက်ကြပါတယ်။ အတိုက်အခံတွေနဲ့ အစိုးရတို့အကြား လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ ရွေးကောက်ပွဲကျင်းပဖို့သဘောတူထားပြီး ဒီသဘောတူညီချက်ကြောင့် အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ရွှေတင်ပို့မှုအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျော့ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲဆိုင်ရာ သဘောတူညီချက်တွေ ပျက်ပြားသွားမယ်ဆိုရင်တော့ အရေးယူပိတ်ဆို့မှု ဖြေလျော့ပေးတာတွေ နောက်ပြန်ဆုတ်နိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖြိုခွင်းမှုနဲ့ ဒီမိုကရေစီ ယုတ်လျော့ခြင်းတွေအတွက်တော့ အမေရိကန်က ဗင်နီဇွဲလားအပေါ် အခြားအရေးယူပိတ်ဆို့မှုတွေကို ချမှတ်ထားဆဲဖြစ်ပါတယ်။ ၂၀၁၈ ခုနစ်သမ္မတရွေးကောက်ပွဲမှာ သမ္မတမာဒူရိုက အငြင်းပွားဖွယ်အနိုင်ရရှိခဲ့ပေမယ့် အတိုက်အခံတွေကို နှိပ်ကွပ်ပြီး မဲမသမာမှုတွေရှိတယ်ဆိုကာ ဒေါ်နယ်ထရန့်လက်ထက် အမေရိကန်အစိုးရက ဗင်နီဇွဲလားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဗင်နီဇွဲလားမှာကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိနေပြီး ရေနံလုပ်ငန်းအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပေးတာဟာ နှစ်နိုင်ငံစလုံးအတွက်…

Read More

စစ်ကိုင်းတိုင်းမှာ ဒီနေ့တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများ

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်ရဲ့ အနောက်ဖက်ခြမ်း ကင်မွန်းတော်ကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းက ရဲ နှစ်ယောက် အသတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက ကင်မွန်းတော်ရွာနာမှာ ရဲ နှစ်ယောက် အသတ်ခံရတယ် ၊ ဘာကြောင့် သတ်ခံရတာလဲဆိုရင် ရွာနားက ငှက်ပျောတောမှာ ငှက်ပျောခိုင် သွားခုတ်ရင်း သတ်ခံရတယ်လို့ ပြောကြတယ် ၊ သေဆုံးသူ ရဲ နှစ်ယောက်က ကိုထွန်းကျော်စွာနဲ့ ကိုအောင်ဆန်းမြင့်ဖြစ်တယ် ၊ သူတို့ကို ဘယ်သူတွေ သတ်သွားသလဲဆိုတာ မသိရသေးဘူး ၊ သူတို့ နှစ်ယောက်က ကင်မွန်းတော်ရွာမှာ လုံခြုံရေး တာဝန်ကျနေတဲ့သူတွေလို့ သိရတယ် ၊ အရင်ကလည်း အသတ်ခံရတာတွေရှိဖူးတယ်…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၁၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာရှိ ရာနဲ့ချီတဲ့ ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်

တဲလ်အဗစ်၊ အောက်တိုဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အုံတွေအပါအဝင် ရာနဲ့ချီတဲ့ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိမှာတော့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးဆုံးမယ့်အရိပ်အယောင်မရှိသေးပါဘူး။ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တို့ရဲ့ ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့နေရာတွေ၊ ဥမင်လှိုဏ်ခေါင်းတွေနဲ့ ဌာနချုပ်တွေကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသအတွက် လောင်စာဆီ၊ သောက်သုံးရေနဲ့ လျှပ်စစ်အပါအဝင် ထောက်ပံ့မှုလမ်းကြောင်းတွေကို အစ္စရေးက ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။ အစ္စရေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် လာရောက်တဲ့နေ့မှာပဲ ဂါဇာမှာရှိတဲ့ဆေးရုံတရုံမှာ ဒုံးကျည်တွေကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၀၀ နီးပါးသေဆုံးခဲ့ပြီး ဒါဟာ အစ္စရေးလက်ချက်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပေမယ့် ဒုံးကျည်ဟာ ဂါဇာဘက်ကလာတာသာဖြစ်တယ်လို့ အစ္စရေးက အခိုင်အမာဆိုပါတယ်။ ဂျိုးဘိုင်ဒင်လာရောက်ပြီး တရက်အကြာ အောက်တိုဘာ ၁၉ ရက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာလည်း အစ္စရေးကို ရောက်ရှိနေပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၂၅ ကျပ် ဝယ်ဈေး – ၃၂၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၃၀ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရေစကြိုမှာ တိုက်ပွဲအတွင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ခုနှစ်ယောက် အသေပစ်ဖမ်းခံရ

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ မနေ့ အောက်တိုဘာ ၁၈ ရက်က တိုက်ပွဲတွေဖြစ်ပွားပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျောမကြားရွာနားမှာ ၁၇ ရက်က. စစ်ကြောင်းဝင်လာပြီး ဒေသတွင်း လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တယ် ၊ ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က အလောင်း ခုနှစ်လောင်းတွေ့ရတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာတော့ မမြင်ရဘူး ၊ သေဆုံးသူတွေဟာ နယ်ခံတွေ မဟုတ်ကြဘူး ” လို့ ကျောမကြား ဒေသခံတယောက်က ပြောပါတယ်။…

Read More

လင်းခေးနယ်မှာ မီးရှူး မီးပန်းတွေ ပေါက်ကွဲလို့ လူ နှစ်ဦး သေဆုံး

အောက်တိုဘာ ၁၉ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ် ၊ ဝမ်ဟတ်ကျေးရွာအုပ်စု ၊ ဝမ်ဟတ်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက သီးတင်းကျွတ် မီးရှူး မီးပန်းတွေပေါက်ကွဲတာကြောင့် လူနှစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနက်က ၉ နာရီလောက်မှာ ဖြစ်တာပါ ၊ သီတင်းကျွတ်ပွဲအတွက် မီးရှူး မီးပန်းတွေရောင်းတဲ့ ဆိုင်မှာ ဖြစ်တယ် ၊ ဘာကနေ စဖြစ်တာလည်းတော့ မသိရသေးဘူး ၊ မီးရှူး မီးပန်းတွေ ပေါက်ကွဲပြီး ဆိုင်ရှင် ဦးစိုင်းဆိုင်လင်း ဆိုသူက ဝဲခြေကျိုးပြတ်၊ လည်ပင်းပြတ်ရှ ၊ ဦးခေါင်းဘယ်ခြမ်းပွင့်ထွက် ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးတယ် ၊ နောက်ပြီး အဲ့ဒီ စျေးဆိုင်ရှေ့မျက်နှာချငဆိုင်နေတဲ့…

Read More

ရေစကြိုမြို့နယ်မှာ ကြံ့ခိုင် ရေး ပါတီဝင် လေးယောက် အသတ်ခံရ ၊ နှစ်နှစ်အတွင်း အသတ်ခံရသူ တရာကျော်ရှိ

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ငါးလန်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၇ ရက် ညက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။   ” မနေ့က ည ၉ နာရီ ဝန်းကျင်ကဖြစ်တာပါ ၊ အသတ်ခံရသူတွေကတော့ ကြံ့ခိုင်ရေး ရပ် / ကျေး စည်းရုံးရေးမှူး ကိုထွန်းမင်းလွင် နဲ့ သူ့မိန်းမဖြစ်သူရယ် ၊ နောက်ပြီးပါတီဝင် ကိုဖိုးနုနဲ့ ကိုဉာဏ်မြင့်တို့ဖြစ်တယ် ” လို့ ေဒသခံတယောက်က ပြောပါတယ်။   အဲ့ဒီ သူတွေဟာ ကိုယ့်အိမ် ကိုယ်ရှိနေတုန်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။  …

Read More
VOM News

FREE
VIEW