ဖားကန့်မြို့နယ်က ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ဓားပြတိုက်ခံရ ၊ငွေသိန်း ၁၂၀၀ ကျော်ပါသွား

  အောက်တိုဘာ ၃၁ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လုံးခင်းကျေးရွာ ၊ ရပ်ကွက် ၂ မှာနေထိုင်တဲ့ ငွေလွှဲလုပ်ငန်းနဲ့ ဆေးဆိုင် လုပ်ကိုင်နေတဲ့ နေအိမ်တခုမှာ ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ခံရတာဖြစ်တယ် ၊ ဦးဂျာနူးရဲ့ နေအိမ်ဆေးဆိုင်မှာဖြစ်တယ် ၊ သူတို့က ငွေလွှဲလုပ်ငန်း ၊ လုပ်ကိုင်တယ် ” လို့ လုံးခင်း ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုးညှင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၁၀ နာရီ ၄၅…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၃၁ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ရိုဟင်ဂျာ ၃၀၀၀ ကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်

  ဒါကာ၊ အောက်တိုဘာ-၃၁-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေးအစီအစဉ်တစိတ်တပိုင်းအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ “ ဒီနေ့မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဒုက္ခသည်တွေရဲ့ အထောက်အထားတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ လက်ထောက်ကော်မရှင်နာ Shamsud Douza ကပြောပါတယ်။ ဧပြီလအတွင်းမှာ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးမှုရဲ့ သဘောတူညီချက်အရ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်အဖြစ် လာမယ့် ဒီဇင်ဘာလမှာ ဒုက္ခသည် ၃၀၀၀ ခန့်ကို မြန်မာဘက်က ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိမှာ ဒုက္ခသည် တသန်းကျော်…

Read More

ကောလင်းမြို့နယ်မှာ လက်နက်ကိုင်ထားသူ ၁၁ ယောက် ပစ်သတ်ခံရ သလို အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းမှာ နစကတပ်ဖွဲ့ဝင် ၂၀ ကျော်လည်း သတ်ခံရ

  အောက်တိုဘာ ၊ ၃၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ၊ ကညို့အင်းကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၃၀ ရက် ၊ နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်းမှာ ကညို့အင်းရွာနား တိုက်ပွဲဖြစ်တယ် ၊ တိုက်ပွဲက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ တိုက်ကြတာဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးတယ်လို့ ကြားရတယ် ၊ ရွာအပြင်မထွက်ရတော့ သေဆုံး ဒဏ်ရာရ အရေအတွက် အတိကျ မသိရသေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး…

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

  အောက်တိုဘာ ၃၁ – ၂၀၂၃ SN (VOM) အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ တပတ်တာကာလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ‌ပြည်တွင်းရွှေ‌ဈေး အနည်းငယ် မြင့်တက်လာခဲ့ပေမယ့် ငွေလဲနှုန်းတွေကတော့ တဖြည်းဖြည်း ကျဆင်းလျက်ရှိပါတယ်။ မတည်ငြိမ်တဲ့ ကမ္ဘာ့ရေးရာ‌တွေကြောင့် လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ထိုးတက်နေပြီး ပြည်တွင်းမှာလည်း အရှိန်မြင့်လာတဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ရွှေဈေးကို အတက်ဘက်ရောက်အောင် တွန်းပို့နေသယောင် အခင်းအကျင်းမျိုး ဖြစ်ပေမယ့် တဖက်မှာလည်း နစက က ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်ထားတာကြောင့် ပြည်တွင်းရွှေဈေး တက်ရိပ်ပြနေပေမယ့်လည်း ကြီးမားတဲ့အပြောင်းအလဲ ဖြစ်ပေါ်နိုင်ခြေ မရှိသေးပါဘူး။ စင်္ကာပူ MOPS ရဲ့ ဈေးနှုန်းကို တွက်ချက်ပြီး တပတ်စာထုတ်ပြန်နေတဲ့ ပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးကတော့ ဒီတပတ် သတ်မှတ်ချက်မှာ အနည်းငယ် ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်…

Read More

ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှု အစ္စရေးဝန်ကြီးချုပ် ပယ်ချ

  တဲလ်အဗစ်၊ အောက်တိုဘာ-၃၁-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတာဟာ ဟားမတ်စ်တွေကို လက်နက်ချဖို့၊ အကြမ်းဖက်ဝါဒကို အရှုံးပေးဖို့၊ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို လက်မြှောက်ဖို့ အစ္စရေးကို တောင်းဆိုတာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။ ဂါဇာရဲ့ အခြေအနေဟာ နာရီနဲ့အမျှ ဆိုးရွားလာနေကြောင်း ယူနီဆက်ဖ်က သတိပေးထားပြီး တချိန်တည်းမှာတော့ ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီတွေဟာ ဂါဇာမှာအပစ်အခတ်ရပ်စဲရေးအတွက် လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာ ကြိမ်ဖန်များစွာ တောင်းဆိုနေကြပါတယ်။ ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကို ခြေလျင်တပ်တွေ၊ တင့်ကားတွေနဲ့အတူ မြေပြင်ထိုးစစ်ဆင်နေပါတယ်။ ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးပြီး ဂါဇာမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၈၃၀၀ ထိသေဆုံးခဲ့ပါတယ်။ Ref:NHK  

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတ လင်ဒန်ဘီဂျွန်ဆင်သည် မြောက်ဗီယက်နမ်တွင် အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများကို အဆုံးသတ်ရန် ၁၉၆၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အမိန့်ပေးခဲ့သည်။

Read More

မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်

  အောက်တိုဘာ ၃၀၊ ၃၀၂၃ Shy V အရှေ့မြောက် ကုန်သွယ်ရာလမ်းဖြစ်တဲ့ မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးတက်၊ တချို့ ဆိုင်တွေပိတ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ဆိုင်ပိတ်တော့မယ်။ ပစ္စည်းက ပြတ်နေပြီ။ လမ်းပိတ်ထားတော့ မှာတာတွေလဲ ပြန်မရောက်နိုင်ဘူး။ ၂ ရက် ပိတ်မယ်။” လို့ မူတယ်က ကုန်စုံဆိုင် ဝန်ထမ်းတယောက်က ပြောပါတယ်။ ခါတိုင်းတွေမှာတော့ တလ မှ တရက် ပိတ်တာ ဖြစ်ပေမယ့် လတ်တလော အောက်ဘက်ပိုင်းက ကုန်တွေ မရောက်နိုင်တာကြောင့် မြန်မာဘက်က ကုန်တွေ ပြတ်ကုန်တာလို့ ဆိုပါတယ်။ “ကွန်မတို့ဘမှာတဲ့ ပစ္စည်း တင်လာတဲ့ ကားတွေက လမ်းမှာ ပိတ်နေတာရှိတယ်။ တချို့က ပြန်လှည် ရတယ်။ မုန့် အစ်ုတွေဆို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၃၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၄၀ ကျပ် ဝယ်ဈေး – ၃၁၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၅၀ ကျပ် ဝယ်ဈေး – ၂၃၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၀ ကျပ် ဝယ်ဈေး – ၄၄၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၃၁ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW