မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်

 

အောက်တိုဘာ ၃၀၊ ၃၀၂၃

Shy V

အရှေ့မြောက် ကုန်သွယ်ရာလမ်းဖြစ်တဲ့ မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးတက်၊ တချို့ ဆိုင်တွေပိတ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“ဆိုင်ပိတ်တော့မယ်။ ပစ္စည်းက ပြတ်နေပြီ။ လမ်းပိတ်ထားတော့ မှာတာတွေလဲ ပြန်မရောက်နိုင်ဘူး။ ၂ ရက် ပိတ်မယ်။” လို့ မူတယ်က ကုန်စုံဆိုင် ဝန်ထမ်းတယောက်က ပြောပါတယ်။

ခါတိုင်းတွေမှာတော့ တလ မှ တရက် ပိတ်တာ ဖြစ်ပေမယ့် လတ်တလော အောက်ဘက်ပိုင်းက ကုန်တွေ မရောက်နိုင်တာကြောင့် မြန်မာဘက်က ကုန်တွေ ပြတ်ကုန်တာလို့ ဆိုပါတယ်။

“ကွန်မတို့ဘမှာတဲ့ ပစ္စည်း တင်လာတဲ့ ကားတွေက လမ်းမှာ ပိတ်နေတာရှိတယ်။ တချို့က ပြန်လှည် ရတယ်။ မုန့် အစ်ုတွေဆို မှိုတက် ကုန်ရောပေါ့။” လို့ မူဆယ် ဈေးမှာ ဈေးရောင်းနေတဲ့ ဆိုင်ရှင်တယောက်ကပြောပါတယ်။

လက်ရှိ ရှိထားတဲ့ မြန်မာထွက် ကုန်ပစ္စည်းတွေက တရက်လောက် ရောင်းရင် ကုန်ပြီ၊ ရောင်းစရာ မရှိတော့ဘူး လို့ သူက ပြောပါတယ်။

မူဆယ်ဒေသခံ အမျိုး သမီးကတော့ “ဆန်လည်း တလောက ဈေးနည်းနည်း ထပ်ကျဝာ ခုတော့ ပြန်တက်ပြီ။ ကြက်ဥ ကလည်း တလုံး ၅၀၀ ဖြစ်သွားပြီ။ ဆီ ၁ ဗူး ၄၅၀၀ ရာတန် မနေ့ ၆၀၀၀ကျော်ပေးရတယ်။ အောက်ဘက်က တက်တဲ့ ပစ္စည်းတွေက ခု ပစ္စည်းပြတ်ပြီ။ ဝယ်လို့မရတော့ဘူး” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ကြက်ဥကအစ တရုတ်ဘက်က ထွက်ကုန်တွေကိုပဲ ဝယ်ရတယ်လို့ သူကပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမ ပေါ်မှာ ရှိတဲ့ သိန္နီနဲ့ ကောင်းဟော်ရွာကြားက နမ္မတူ ချောင်းတံတားလည်း မိုင်းခွဲ ခံရလို့ ကျိုးကျသွားခဲ့ ပါတယ်။

သိန္နီမြို့ကနေ မူဆယ်ဘက်အထွက်ဘက်မှာလည်း ကားတွေ ကန့်လန့်ရပ် လမ်းပိတ်ထားသလို မြေကော်စက်နဲ့ မြေဖို့ လမ်းပိတ်ထားတာလည်း ရှိပြီး ပြည်ထောင်စုလမ်းမှတလျှောက် ဘယ်သူမှ သွားလာခွင့် မရတာကြောင့် ကုန်ပစ္စည်း ဘယ်လိုမှ သယ်ယူပို့ဆောင်လို့ မရကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ကစ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် တရုတ် – မြန်မာ ကုန်သွယ်ရာ လမ်းမတွေ သွားလာလို့ မရတာကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော် ကုန်သွယ်ကေးစခန်းတွေကို ရပ်ဆိုင်းထား ရကြောင်း နယ်စပ် ကုန်သည် လုပ်ငန်း ရှင်တွေဆီက သိရပါတယ်။

“တရုတ်ဘက်က ထွက်လာရင်လည်း အောက်ဘက် ဆင်းလို့ မရတော့ ပစ္စည်းတွေ ဘယ်သူမှ မထုတ်တော့ဘူးလေ” လို့ နယ်စပ် ပစ္စည်း သယ်ယူပို့ဆောင်နေသူ အမျိုးသမီး တယောက်က ပြောပါတယ်။

ရုတ်တရက် တိုက်ပွဲ ဖြစ်ပေါ်လာတာကြောင့် ခရီးသွားကားတွေ၊ ကုန်ကားတွေ ရောက်တဲ့နေရာ ရပ်ထားရတာ ငါးရက်လောက် ရှိပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူတယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းကနေ ခုအတွင်း တစ်ရက်ကို ပျမ်းမျှ ဒအမေရိကန်ဒေါ်လာ သုံးသန်း နီးပါ ကုန်သွယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းတွေရဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မူဆယ်မှာ ငွေလှဲလှယ် နှုန်းက ယွမ်ဈေး တယွမ်ကို ၄၄၀ ကျပ် ဝန်းကျင်ရှိပါတယ်။

Photo: Shy V

 

Related posts

Leave a Comment

VOM News

FREE
VIEW