ကောလင်းမြို့နယ်မှာ လက်နက်ကိုင်ထားသူ ၁၁ ယောက် ပစ်သတ်ခံရ သလို အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းမှာ နစကတပ်ဖွဲ့ဝင် ၂၀ ကျော်လည်း သတ်ခံရ

 

အောက်တိုဘာ ၊ ၃၁ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ၊ ကညို့အင်းကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၃၀ ရက် ၊ နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။

” မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်းမှာ ကညို့အင်းရွာနား တိုက်ပွဲဖြစ်တယ် ၊ တိုက်ပွဲက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ တိုက်ကြတာဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးတယ်လို့ ကြားရတယ် ၊ ရွာအပြင်မထွက်ရတော့ သေဆုံး ဒဏ်ရာရ အရေအတွက် အတိကျ မသိရသေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ကညို့အင်းရွာနားမှာရှိတဲ့ ရန်သူ့စခန်းသွားတိုက်တာဖြစ်တယ် ၊ အလောင်း ၁၂ လောင်းရတယ် ၊ နောက်ပြီး ၊ M 22 သေနတ် ၁၁ လက်၊ ၊ အာရ်ပီဂျေ တ လက်၊အမ်-၂၂လောင်ချာတွဲ တလက်၊ အမ်-၂၂ကျည်အိမ် ၄၅ခု၊ အမ်-၂၂ ကျည် ၅၈၂တောင့်၊ အာရ်ပီဂျေဗုံးသီး တ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၂လုံး၊ KIAကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၅ လုံး၊ ကျားလန်ဝါးစည်းရိုး(၁၃၀၀ပေ) တ ထပ်၊ တ တောက်ပစ်ကျင်း ၄၀ ကျင်း၊ မြေစိုက်သစ်လုံးဘန်ကာ ၃လုံး၊

စတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလအတွင်း စစ်ကိုင်းတိုင်းထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရလို့ သေဆုံးသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မုံရွာခရိုင် အရာတော်မြို့ ၊ ခြေရာတော်ဘုရားနားက ဂိတ် ပစ်ခံရလို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ် ၊ အဲ့ဒီနောက် အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ယင်းမာပင်မြို့နယ် ၊ အောင်ဇေယျမြို့သစ် (ရွှေတောင်ဦး)ဘက်မှာ စျေးဝယ်ထွက်တဲ့ ရဲ နှစ်ယောက် ပစ်သတ်ခံရပြီး တယောက် ဒဏ်ရာတယ် ၊ အောက်တိုဘာ ၄ ရက်နေ့မှာ ကောလင်းမြို့ ၊ မီးရထားရပ်ကွက်မှာ ရဲ နှစ်ယောက် ပစ်သတ်ခံရတယ် ၊ အောက်တိုဘာ ၁၇ ရက်နေ့မှာ ခင်ဦးမြို့ပေါ် ဆေးရုံးနားက ဗလီကွေ့မှာ လုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား (ဘုန်းကြီးတပါး အပါအဝင်)နှစ်ယောက် သေဆုံးတယ် ၊ နောက်ပြီး အောက်တိုဘာ ၁၉ ရက်မှာ ချောင်းဦးမြို့နယ် ၊ ကင်းမွန်းတော်ရွာနားမှာ ရဲနှစ် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ရက်ပိုင်းက ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲစခန်းက ကူးတို့ဆိပ် လုံခြုံရေးတာဝန်ကျ ရဲတယောက် ပစ်သတ်ခံရတယ်၊ ဒါ့အပြင် အောက်တိုဘာ ၂၀ ဝန်းကျင်က မုံရွာမြို့ အေးသာယာရပ်ကွက်ထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ပစ်သတ်ခံရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက မုံရွာမြို့ ရတာနပုံရပ်ကွက် TTC ကျောင်းနားမှာ လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ပစ်သတ်ခံရပြီး အရပ်သား နှစ်ဦးလည်းသေတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် အခု အောက်တိုဘာ ဘအတွင်း စစ်ကိုင်းတိုင်းထဲမှာ ပစ်သတ်ခံရတဲ့ နစကလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာက တစ်လအတွင်း စစ်ကိုင်းတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW