ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှု အစ္စရေးဝန်ကြီးချုပ် ပယ်ချ

 

တဲလ်အဗစ်၊ အောက်တိုဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးတောင်းဆိုတာဟာ ဟားမတ်စ်တွေကို လက်နက်ချဖို့၊ အကြမ်းဖက်ဝါဒကို အရှုံးပေးဖို့၊ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို လက်မြှောက်ဖို့ အစ္စရေးကို တောင်းဆိုတာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

ဂါဇာရဲ့ အခြေအနေဟာ နာရီနဲ့အမျှ ဆိုးရွားလာနေကြောင်း ယူနီဆက်ဖ်က သတိပေးထားပြီး တချိန်တည်းမှာတော့ ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီတွေဟာ ဂါဇာမှာအပစ်အခတ်ရပ်စဲရေးအတွက် လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာ ကြိမ်ဖန်များစွာ တောင်းဆိုနေကြပါတယ်။

ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကို ခြေလျင်တပ်တွေ၊ တင့်ကားတွေနဲ့အတူ မြေပြင်ထိုးစစ်ဆင်နေပါတယ်။

ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးပြီး ဂါဇာမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၈၃၀၀ ထိသေဆုံးခဲ့ပါတယ်။

Ref:NHK

 

Related posts

✕
VOM News

FREE
VIEW