လင်းခေးနယ်မှာ မီးရှူး မီးပန်းတွေ ပေါက်ကွဲလို့ လူ နှစ်ဦး သေဆုံး

အောက်တိုဘာ ၁၉ ၊ ၂၀၂၃
SP ( VOM)
ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ် ၊ ဝမ်ဟတ်ကျေးရွာအုပ်စု ၊ ဝမ်ဟတ်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက သီးတင်းကျွတ် မီးရှူး မီးပန်းတွေပေါက်ကွဲတာကြောင့် လူနှစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနက်က ၉ နာရီလောက်မှာ ဖြစ်တာပါ ၊ သီတင်းကျွတ်ပွဲအတွက် မီးရှူး မီးပန်းတွေရောင်းတဲ့ ဆိုင်မှာ ဖြစ်တယ် ၊ ဘာကနေ စဖြစ်တာလည်းတော့ မသိရသေးဘူး ၊ မီးရှူး မီးပန်းတွေ ပေါက်ကွဲပြီး ဆိုင်ရှင် ဦးစိုင်းဆိုင်လင်း ဆိုသူက ဝဲခြေကျိုးပြတ်၊ လည်ပင်းပြတ်ရှ ၊ ဦးခေါင်းဘယ်ခြမ်းပွင့်ထွက် ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးတယ် ၊ နောက်ပြီး အဲ့ဒီ စျေးဆိုင်ရှေ့မျက်နှာချငဆိုင်နေတဲ့ အိမ်ရှေ့မှာ ထိုင်နေတဲ့ ဒေါ်မယ်ထောက်လံက လည်ပင်းပြတ်ရှ၊ ဘယ်ရင်အုံပေါက်ထွက် ဒဏ်ရာတွေရကာ သူလည်းပဲ သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လင်းခေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့ သူတယောက်က ” သီတင်းကျွတ်ပွဲအတွက် လုပ်ထားတဲ့ မီးရှူး မီးပန်းတွေ ပေါက်ကွဲတာဖြစ်တယ် ၊ မီးရှူး မီးပန်းတွေ အခုလို ပေါက်ကွဲရသလဲဆိုတော့ ဆေးလိပ်မီးကျရင်လဲဖစ်နိုင်တယ် ၊ နေရောင်ခြည်ကျရောက်ရင်လည်း ပေါက်ကွဲစေနိုင်တယ် ၊ အခုတော့ စီစစ်နေတုန်း ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက ရှမ်းပြည်နယ်မှာ သီးတင်းကျွတ်နဲ့ တန်ဆောင်တိုင်တွေမှာ မီးရှူး မီးပန်း ဗြောက်အိုး ၊ ရှူးဒိုင်းစတာတွေ ပေါက်ကွဲတာကြောင့် လူ ၁၅ ယောက်ထက်မနည်း ထိခိုက်သေဆုံး ၊ ဒဏ်ရာရတာတွေရှိဖူးတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲ့ဒါကြောင့် သီးတင်းကျွတ် ၊ တန်ဆောင်တိုင်ကာလမှာ မီးရှူး မီးပန်း ၊ ဗြောက်အိုး ၊ ရှူးဒိုင်းစတာတွေကို သိုလှောင်တာ ၊ ရောင်းချတာ ၊ဆော့ကစားတာ တွေကို အထူးသတိရှိကြဖို့ အကြံပြုထားပါသေးတယ်။
ဓာတ်ပုံ ၊ ဒေသခံ ပရဟိတ တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW