ရန်ကုန်မြို့က စွန့်ပစ်အမှိုက်တွေကို လျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းသုံးခုမှာ ရင်းနှီးမြုပ်ဖို့ တရုတ်ကုမ္မဏီတွေ စိတ်ဝင်စား

  ရန်ကုန်၊ နိုဝင်ဘာ ၄ ၊ ၂၀၂၆ EP(VOM)   ရန်ကုန် အမှိုက်ပုံကြီးနှစ်ခုက နေစဉ်ထွက်ရှိတဲ့ အမှိုက်တန်ချိန် ၂၅၀၀ ကနေ လျှပ်စစ်ဓါတ်အား ထုတ် လုပ်တဲ့ စီမံကိန်း သုံးခုမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ပြီးနောက်လလာရောက်စုံးစမ်းတဲ့ လုပ်ငန်းရှင်တွေထဲမှာ တရုတ်-မြန်မာဖက်စပ် ကုမ္မဏီတွေ ပိုများကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက စုံးစမ်းသိရှိရပါတယ်။ လာရောက်စုံးစမ်းမေးမြန်းတဲ့ကုမ္မဏီနဲ့ လေ့လာသူတွေကို ရန်ကုန်မြို့တော်စည်ပင်က အမှိုက် အများဆုံး ထွက်ရှိတဲ့ အမှိုက်ကန်နှစ်ခုကို မျက်မြင်ကိုယ်တွေ့ လေ့လာဖို့ စီစဉ်ဆောင်ရွက်မှုတွေပြုလုပ်ပေး နေ တယ်လို့ သိရပါတယ်။ အဆိုပါစီမံကိန်း သုံးခုကို အကောင်ထည်ဖော်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ၂ ရက်နေ့တွင်တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်ဒါခေါ်ယူပြီး တရက်အကြာမှာ စုံစမ်းမေးမြန်းမှု တွေ ရှိလာခြင်းဖြစ်ပါတယ်။ “လောလောဆယ်တော့ စုံစမ်းမေးမြန်းတဲ့ အဆင့်ပဲရှိပါသေးတယ်။ လုပ်ချင်တဲ့သူတွေများလို့လည်း ကျွန်တော်တို့က တင်ဒါခေါ်တာပါ။ တင်ဒါခေါ်တာလည်း မကြာသေးတော့…

Read More
✕
VOM News

FREE
VIEW