ပထမပိုင်း ရွေးကောက်ပွဲရဲ့ အားနည်းချက် အားသာချက်တွေကို တစည ပါတီထောက်ပြ
မန္တလေး-ဒီဇင်ဘာ ၂၈-၂၀၂၅
Voice Of Myanmar
ဒီကနေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တလေး ချမ်းအေးသာစံမြိုနယ်ထဲက မဲရုံ ၇၀ရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်နေပါတယ်။
ဒုတိယအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ရရှိပေမယ့် ရလဒ်က အတော်ကွာဟနေတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေကပြောကြပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်တွေက မဲရလဒ်မကြေငြာသေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့ မဲရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ရွေးကောက်ပွဲဝင်ပါတီတွေက သိပြီးဖြစ်ပါတယ်။
မဲရုံတွေပိတ်ပြီးချိန်မှာ မဲရလဒ်တွေလိုက်ကြည့်စစ်ဆေးထားတဲ့ မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ရဲ့အတွင်းရေးမှူး တိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာ တင်ပြလိုက်ပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
