ဒီဇင်ဘာ ၂၆ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရုံးမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်တယ် ဆိုတာဟာ သတင်းအမှားသာ ဖြစ်တယ်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောပါတယ်။ “မဟုတ်ပါဘူး၊ သတင်းအမှားပါ။ အဲဒီပါတီရုံးက လူတွေတောင် ဘာမှ မပြောပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာတော့ အကုန်လုံးက ပေါက်ကရ ပြောနေကြတာပဲ။ ကျွန်တော်တို့က ဟုတ်ရင် ဟုတ်တယ် ပြောမှာပါ။ အခုဟာက ဟုတ်မှမဟုတ်တာ။ သူတို့ဘက်က ဒီလို ထုတ်ပြန်ထားတဲ့ အပေါ်မှာလည်း ဘာမှ မှတ်ချက်မပြုချင်ပါဘူး။ ကျွန်တော်တို့က ဘာမှ အဲဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါက သူ့အလုပ်သူလုပ်တာပဲ။ ကျွန်တော်တို့လည်း…
Read MoreDay: December 29, 2025
ရွေးကောက်ပွဲ ၂ရက်သာလိုတဲ့ ဟားခါးက ရုန်းတောင်ဗျူဟာကုန်းမှာ တိုက်ပွဲ ပြင်းထန်နေ
ဒီဇင်ဘာ ၂၆ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ရုန်းတောင်ဗျူဟာကုန်းကို ဒေသတွင်း လက်နက်ကိုင် တပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ မနက်ပိုင်းကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရုန်းတောင်မှာ အခြေစိုက်တဲ့ အမှတ် (၂၆၆) ခြေလျင်တပ်ရင်း အပါအဝင် အစိုးရတပ်ရဲ့ ကင်းစခန်းတွေကို လက်နက်ကိုင် တပ်တွေက ဒီကနေ့ မနက် ၆ နာရီခွဲဝန်းကျင်မှ စတင်ကာ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သိရပြီး အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တန်ပြန် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။ “လေကြောင်းကတော့ တိုက်ပွဲ စဖြစ်ကတည်းက အဆက်မပြတ် ပစ်ကူပေးနေတာ။…
Read Moreလားရှိုးမှာ မြို့နယ်မဲဆန္ဒပြင်ပရောက် ကြိုတင်မဲတွေ စတင်ရေတွက်သလို မဲဆွယ်ဆိုင်းဘုတ်တွေ ဖြုတ်သိမ်း
ဒီဇင်ဘာ ၂၆၊ ၂၀၂၅။ NN(VOM) ရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်တဲ့ လားရှိုးမြို့နယ်မှာ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ စတင် ရေတွက်နေပြီလို့ ပါဝင်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဆီကနေသိရပါတယ်။ “ဒီမဲတွေဟာ မြို့နယ်မဲဆန္ဒနယ် ပြင်ပရောက် အချုပ်ကျနေသူတွေ၊ သင်တန်းသူ၊ သင်တန်းသားတွေ၊ ဆေးရုံတက်နေရသူတွေ၊ တပ်မတော်သားနဲ့ အတူနေ မိသားစုဝင်တွေရဲ့ ကြိုတင်မဲတွေ ဖြစ်ပါတယ်” လို့ ကိုယ်စားလှယ်လောင်းတယောက်ကပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က အသစ် ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာလ ယာယီ နေရပ်စွန့်ခွာသူတွေ ရဲ့ ကြိုတင်မဲတွေကိုလည်း ဒီနေ့မှာ ရေတွက်တာ ဖြစ်ပါတယ်။ ဒီမဲလက်မှတ်တွေဟာ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ပေးထားတဲ့ မဲဆန္ဒနယ် ပြင်ပရောက် မဲလက်မှတ်တွေလည်း ဖြစ်ပါတယ်။ မြို့နယ်အတွင်း နေထိုင်ပြီး ရွေးကောက်ပွဲနေ့မှာ…
Read Moreယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ဇီလန်စကီး တွေ့မယ်
ကိယက်ဗ်၊ ဒီဇင်ဘာ-၂၇-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတတို့ ဖလော်ရီဒါမှာ တွေ့ဆုံဆွေးနွေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစည်းအဝေးကို တနင်္ဂနွေနေ့မှာ ကျင်းပသွားဖို့ မျှော်လင့်ထားပြီး အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်အပြင် အမေရိကန်လုံခြုံရေးအာမခံချက်တွေအတွက် သီးခြားအဆိုပြုချက်တွေကို ဆွေးနွေးသွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမယ့် ရုရှားအကြီးတန်းအရာရှိတယောက်ကတော့ ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတို့ ဆွေးနွေးနေတဲ့ အစီအစဉ်နဲ့ လုံး၀ကွဲပြားနေတယ်လို့ ဆိုပါတယ်။ လက်ရှိဆွေးနွေးပွဲတွေဟာ နှေးကွေးပေမယ့် တည်ငြိမ်တဲ့ တိုးတက်မှုရှိတယ်လို့ သူက ပြောဆိုပေမယ့် ရုရှားကလည်း ဆုတ်ခွာမယ်ဆိုရင် ဒွန်ဘတ်စ်ကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့ ဇီလန်စကီးရဲ့ ကမ်းလှမ်းချက်မပေါ် မှတ်ချက်မပေးပါဘူး။ ယူကရိန်းဟာ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ထံမှ အာမခံချက်တွေရယူဖို့ ကြိုးပမ်းနေပြီး ရုရှားက အတင်းအကြပ် သိမ်းပိုက်မယ်လို့…
Read Moreတိုင်းနဲ့ ပြည်နယ်တချို့မှာ ငလျင်ငယ်တွေ စိပ်စိပ်လာတာဟာ စိုးရိမ်စရာဖြစ်လာမလား
ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) အခု ဒီဇင်ဘာလအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ငလျင်ငယ်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မြေငလျင်ဌာနခွဲ) နဲ့ မြေငလျင် ပညာရှင်တွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ လတ်တလော ငလျင်လှုပ်ခတ်မှုတွေဟာ မနေ့ ဒီဇင်ဘာ ၂၆ ရက် တရက်တည်းမှာတင် လေးကြိမ်အထိ ရှိခဲ့တာကို တွေ့ရပြီး မနက် ၉ နာရီ ၃၁ မိနစ်ဝန်းကျင်မှ စတင်ကာ မန္တလေးမြို့ အရှေ့ – အရှေ့မြောက်ဘက် ၂၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ အဆင့် အင်အားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒီဇင်ဘာ…
Read Moreတရုတ်နဲ့ တင်းမာနေစဉ် ဂျပန် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၈ ဘီလီယံအထိ စံချိန်တင် တိုးမြှင့်
တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၂၅ မျိုးဆက်(VOM) ဂျပန်အစိုးရဟာ လာမယ့်နှစ်အတွင်း ဒေါ်လာ ၅၈ ဘီလီယံအထိ အသုံးပြုမယ့် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ခရုဇ်ဒုံးကျည်တွေ၊ မောင်းသူမဲ့စစ်ဘက်ယာဉ်တွေတိုးမြှင့်ရေးအပါအဝင် တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကမ်းရိုးတန်းကာကွယ်ရေး ခိုင်မာစေဖို့ရည်ပါတယ်။ ဧပြီလမှာ စတင်မယ့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်မူကြမ်းသည် ၂၀၂၅ ခုနှစ်ထက် ၉ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်စဉ်လက်နက်သုံးစွဲမှုကို ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ရေး ငါးနှစ်စီမံကိန်းရဲ့ စတုတ္ထနှစ်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာတာပါ။ တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်ကလည်း စစ်ရေးအရ ဝင်စွက်နိုင်တ်ယလို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာလမှာ ပြောကြားပြီးနောက် နှစ်နိုင်ငံသံတမန်ရေး တင်းမာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက…
Read Moreထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးပြီ
ဘန်ကောက် ၊ ဒီဇင်ဘာ-၂၇-၂၀၂၅ ရတီ (VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် မွန်းတည့် ချိန်ကစပြီး အသက်ဝင်မယ်လို့ ဆိုပါတယ်။ သဘောတူညီချက်ဟာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား သုံးရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီဇင်ဘာလမှာရရှိခဲပတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်ကစပြီး နှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အနည်းဆုံး လူ ၉၈ ယောက်သေဆုံးပြီး လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လ အပစ်အခတ်ရပ်စဲရေး ပျက်ပြားစေခဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက် အပြန်အလှန် စွပ်စွဲခဲ့ကြပြီး အောက်တိုဘာလမှာတော့ နယ်စပ်ပဋိပက္ခကို…
Read Moreဗန်းမောက်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ရေး ပြင်းထန်နေဆဲ
ဒီဇင်ဘာ ၂၇ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ရေး ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်နေတဲ့အတွက် လက်ရှိအချိန်အထိ အဲဒီမြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “SNA နဲ့ အစိုးရ ပူးပေါင်းတပ်က အင်အား ပြန်ဖြည့်ပြီး ဗန်းမောက်ကို ထိုးစစ်ဆင်နေတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က မြို့ရဲ့ အနောက်ဘက် ၁ မိုင်အကွာလောက်က နတလကုန်း (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကျောင်း) ကို…
Read Moreအစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ
အစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ MRTV ၊ မြဝတီသတင်း စာမျက်နှာ အပါအဝင် အစိုးရရဲ့ ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရတယ်လို့ Justice For Myanmar (JFM) က သတင်း ထုတ်ပြန်ထားပါတယ်။ JFM အဖွဲ့အစည်းအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီးတွေဆီ စတင် ဆက်သွယ်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ အကောင့် ၂၉ ခုအထိ ဆက်တိုက် ဖယ်ရှားခံလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့အညီ…
Read Moreအနောက်နိုင်ငံတွေက မြန်မာ့ရွေးကောက်ပွဲကို မလိုလားပေမယ့် နိုင်ငံခြားမီဒီယာတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိနေ၊ ကြိုတင်မဲရလဒ်တွေ တချို့ထုတ်ပြန်
အနောက်နိုင်ငံတွေက မြန်မာ့ရွေးကောက်ပွဲကို မလိုလားပေမယ့် နိုင်ငံခြားမီဒီယာတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ရောက်ရှိနေ၊ ကြိုတင်မဲရလဒ်တွေ တချို့ထုတ်ပြန် ဒီဇင်ဘာ ၂၇ – ၂၀၂၅ SS (VOM) မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ တရုတ် အပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ အစိုးရက ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။ အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ စသဖြင့် စိတ်ဝင်စားတဲ့နိုင်ငံကိုယ်စားပြုသူတွေဟာ ဒီဇင်ဘာ ၂၆ ရက်က ရောက်ရှိလာတာဖြစ်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ဘီလာရုဇ်နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့…
Read More