တရုတ်နဲ့ တင်းမာနေစဉ် ဂျပန် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅၈ ဘီလီယံအထိ စံချိန်တင် တိုးမြှင့်

တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်အစိုးရဟာ လာမယ့်နှစ်အတွင်း ဒေါ်လာ ၅၈ ဘီလီယံအထိ အသုံးပြုမယ့် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။
ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ခရုဇ်ဒုံးကျည်တွေ၊ မောင်းသူမဲ့စစ်ဘက်ယာဉ်တွေတိုးမြှင့်ရေးအပါအဝင် တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကမ်းရိုးတန်းကာကွယ်ရေး ခိုင်မာစေဖို့ရည်ပါတယ်။
ဧပြီလမှာ စတင်မယ့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်မူကြမ်းသည် ၂၀၂၅ ခုနှစ်ထက် ၉ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်လာပြီး နှစ်စဉ်လက်နက်သုံးစွဲမှုကို ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ရေး ငါးနှစ်စီမံကိန်းရဲ့ စတုတ္ထနှစ်လည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာတာပါ။ တရုတ်အနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန်ကလည်း စစ်ရေးအရ ဝင်စွက်နိုင်တ်ယလို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာလမှာ ပြောကြားပြီးနောက် နှစ်နိုင်ငံသံတမန်ရေး တင်းမာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက စစ်ရေးတိုးမြှင့်ဖို့ ဖိအားပေးမှုအောက်မှာ တာကာအိချီရဲ့ အစိုးရဟာ စီစဉ်ထားတာထက် နှစ်နှစ်စောပြီး ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ခဲ့တာပါ။ ဒါအပြင် ဂျပန်နိုင်ငံဟာ စစ်တပ်ကို ပိုမိုအားကောင်းစေဖို့အတွက် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ လက်ရှိလုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်ရန်ဖို့လည်း စီစဉ်ထားပါတယ်။
ကာကွယ်ရေးအသုံးစရိတ်မှာတေဆာ့ဒုံးကျည်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် ဘတ်ဂျက်အစီအစဉ်အသစ်မှာ ယန်း ၉၇၀ ဘီလီယံကျော် ခွဲဝေပေးထားပါတယ်။ ဒီထဲမှာ ပြည်တွင်းထုတ် အဆင့်မြှင့်တင်ထားသော Type-12 မြေပြင်မှကနေ သင်္ဘောတွေကို ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေအတွက် ယန်း ၁၇၇ ဘီလီယံ သုံးစွဲဖို့လည်း ပါဝင်ပါတယ်။
ဂျပန်နိုင်ငံဟာ ဒေသတွင်း ဒုံးကျည်တည်ဆောက်မှုကို အရှိန်မြှင့်တင်နေတာကြောင့် Type-12 ဒုံးကျည် ပထမအသုတ်ကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတို စီရင်စုမှ စီစဉ်ထားသည်ထက် တနှစ်စောပြီး မတ်လမှာ စတင်ဖြန့်ကြက်မှာ ဖြစ်ပါတယ်။
လက်ရှိလုံခြုံရေးဗျူဟာမှာ တရုတ်နိုင်ငံကို နိုင်ငံရဲ့ အကြီးမားဆုံး မဟာဗျူဟာမြောက်စိန်ခေါ်မှုအဖြစ် သတ်မှတ်ပြီး အမေရိကန်နဲ့ လုံခြုံရေးမဟာမိတ်အဖွဲ့အောက်မှာ ဂျပန်၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အတွက် ထိုးစစ်ဆင်မှုအခန်းကဏ္ဍတွေ ပိုမိုမြှင့်တင်ဖို့လည်းစီစဉ်နေပါတယ်။
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုမြင့်တက်လာပြီး လူဦးရေကျဆင်လာတာနဲ့ တပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုတို့ကြောင့် အစိုးရဟာ အလိုအလျောက်အသုံးပြုနိုင်တဲ့ လူမဲ့ လက်နက်တွေ မရှိမဖြစ် လိုအပ်လာတယ်လို့ ယုံကြည်နေပါတယ်။
Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW