မန္တလေး-ဇန်နဝါရီ ၁၈-၂၀၂၆
Voice Of Myanmar
မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် တတိယပိုင်းရွေးကောက်ပွဲမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးအတွက် အလျားပေ၃၀ အနံ၁၂ ပေအမြင့်ရှိတဲ့ ဆိုင်းဘုတ်ကြီး ၄ခုကို လူစည်ကားတဲ့နေရာတွေမှာ ဒီကနေ့ဇန်နဝါရီ ၁၈ ရက်က စိုက်ထူပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ချမ်းမြသာစည်မြို့နယ် ၆၂လမ်းနဲ့ မနော်ဟရီလမ်း၊ မဟာမုနိဘုရားကြီး အရှေ့ ၄၅ တာကွင်း၊ ကန်တော်ကြီးနဲ့ စစ်ကိုင်းမန္တလေးလမ်းဆုံ၊ ဦးပွားဘုရားအရှေ့ဘက် ချမ်းတောင်ရပ်ကွက်တွေမှာ စိုက်ထူပြီး ဘင်ခရာတီဝိုင်းတွေ ပါတီဝန်းရံသူတွေနဲ့ ဖွင့်လှစ် မဲဆွယ်ခဲ့ပါတယ်။
ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မျိုးရွှေ(FPTP) ဦးမြင့်စန်း(PR) ၊ ပြည်သူ့လွှတ်တော်အတွက် ဒေါ်တင်မာကြိုင်၊ တိုင်းဒေသကြီးအတွက် ဒေါ်သန္တာဝင်း(FPTP) ၊ တိုင်းဒေသကြီး PR အတွက် ဦးခင်မောင်ဝင်း၊ ဦးမျိုးကျော်၊ဦးဇော်လင်းထက်၊ ဦးမိုးဝင်းထွဋ်နဲ့ ဦးဝင်းကိုကိုတို့က ယှဥ်ပြိုင်မယ်လို့ ေကြာ်ငြာထားပါတယ်။
တစည ပါတီကနေ ပါဝင်ယှဥ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
