မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ဖို့ Voice Of Myanmar (VOM) သတင်းဌာနရဲ့တရားဝင် သတင်းစာမျက်နှာတွေမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ၂၀၂၆ ခုနှစ် နောက်ဆုံးရသတင်းတွေကို အောက်ပါ လင့်ခ်များမှာ ဖတ်ရှုနိုင်ပါတယ် – VOM Website: voiceofmyanmarnews.com မှာ နိုင်ငံ ရေး၊ စီးပွားရေးနဲ့ ဒေသတွင်းသတင်းတွေကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပါတယ်။ VOM Facebook Page: https://www.facebook.com/share/1GH8DTRJXJ/တွင် ဗီဒီယိုသတင်းတွေနဲ့ ရုပ်သံသတင်းတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ VOM Telegram Channel: https://t.me/VOMNEWS2023/18707 မှာလည်း သတင်းတွေကို အမြန်ဆုံး ကြည့်ရှုနိုင်ပါတယ်။ VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g မှာလည်း ရုပ်သံ သတင်းတွေကို ကြည့်ရှုနားဆင် နိုင်ပါတယ်။ VOM Viber Channel: https://invite.viber.com/… မှာလည်း သတင်းတွေကို ကြည့်ရှုနိုင်မှာပါ။ #voiceofmyanmar…
Read MoreDay: January 19, 2026
တောင်တက်၊ ဘုရားဖူး
ဆူးငှက် သန်းခေါင်လေ မြူးပါလို့ စမ်းရောင် နူးကြည်လို့လင်၊ မန်းတောင်ပေါ်ရိုးဆီက၊ ဖိုးခေါင် ကျူးသာလှထင်.. (မြို့မငြိမ်း) တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုံ့စ့ုံတက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။ တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး ကန့်သတ်အံ့ငြား၊ ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာဝတီကို မမှိတ်မသုန် ရေကသိုဏ်းရှုနေပြန်သည်။ တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်း ဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်း ဖြစ်သည်။…
Read Moreတရုတ်မှာ စက်ရုံတရုံ ပေါက်ကွဲမှုကြောင့် လူ ၈၄ ယောက်ဒဏ်ရာရပြီး ငါးယောက် ပျောက်ဆုံးနေ
ပေကျင်း၊ ဇန်နဝါရီ-၁၉-၂၀၂၆ မျိုးဆက်(VOM) တရုတ်နိုင်ငံမြောက်ပိုင်းရှိ စက်ရုံတရုံမှာ ကြီးမားသောပေါက်ကွဲမှုတခုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၈၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ငါးယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့မှာ ပြောပါတယ်။ ပေါက်ကွဲမှုသည် ဇန်နဝါရီ ၁၈ ရက် ဒေသစံတော်ချိန် နေ့လယ် သုံးနာရီခန့်က အတွင်းမွန်ဂိုးလီးယားရှိ Baogang United Steel စက်ရုံမှာ ဖြစ်ပွားခဲ့ပြီး အဲဒီဒေသမှာ သိသာထင်ရှားတဲ့ တုန်ခါမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုမှာတော့ ပေါက်ကွဲမှုကြောင့် မီးခိုးလုံးကြီးတွေ ကောင်းကင်မှာ မြင်တွေ့ခဲ့ရပြီး မြေပြင်မှာတော့ ပြိုကျနေတဲ့ မျက်နှာကြက်တွေနဲ့ ပိုက်တွေအပါအဝင် အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ ဆေးရုံတက်နေရသူ ဒါဇင်ပေါင်းများစွာအနက် ငါးယောက်ဟာ ပြင်းထန်သောဒဏ်ရာတွေ ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဆိုပါတယ်။ အာဏာပိုင်တွေဟာ ပေါက်ကွဲမှုရဲ့ အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်။ အဲဒီစက်ရုံဟာ နိုင်ငံပိုင်သံနဲ့…
Read Moreတရုတ်နဲ့ မြောက်ကိုရီးယားအကြား ကုန်သွယ်မှု ၂၅ ရာခိုင်နှုန်းတိုးလာ
ပေကျင်း၊ ဇန်နဝါရီ-၁၉-၂၀၂၆ ရတီ (VOM) ၂၀၂၅ ခုနှစ်အတွင် တရုတ်နံ့ မြောက်ကိုရီးယားအကြား ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့မှာ တရုတ်အကောက်ခွန်အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ စာရင်းအင်းတွေအရ အိမ်နီးချင်းနှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၃ ဘီလီယံကျော် ရှိနေပါတယ်။ ကို ဒီတိုးတက်မှုဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုကို ထင်ဟပ်နေပြီး ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အဆင့် ကို ပြန်လည်ရောက်ရှိလာတာပါ။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လျောင်နင်ပြည်နယ်၊ ဒန်တုန်းမြို့ တရုတ်-မြောက်ကိုရီးယားနယ်စပ်ရှိ တံတားတစင်းပေါ်ကနေ ကုန်တင်ရထားတွေ၊ ထရပ်ကားတွေနဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နေပြီး ဆယ်စုနှစ်တခုကျော် ပိတ်ထားခဲ့တဲ့ အခြားတံတားတစင်းရဲ့ မြောက်ကိုရီးယားဘက်ခြမ်းမှာလည်း အကောက်ခွန်ရုံးအတွက် အဆောက်အအုံသစ်တခု တည်ဆောက်နေပါတယ်။ မြောက်ကိုရီးယားဟာ…
Read Moreစပိန် မြန်နှုန်းမြင့်ရထား မတော်တဆမှု လူ ၂၁ ယောက်သေဆုံး
မက်ဒရစ်၊ ဇန်နဝါရီ ၁၉-၂၀၂၆ ရတီ(VOM) စပိန်နိုင်ငံတောင်ပိုင်းတွင် မြန်နှုန်းမြင့်ရထားတွေ မတော်တဆမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မာလာဂါမှ မက်ဒရစ်ကို မောင်းနှင်လာတဲ့ မြန်နှုန်းမြင့်ရထားတစင်းဟာ ကော်ဒိုဘာမြို့အနီး အဒမ်မူဇ်မြို့မှာ လမ်းချော်ပြီး ဘေးရထားကြောင်းပေါ် ဝင်တိုက်ခဲ့တာလို့ ရထားလမ်းကွန်ရက်အော်ပရေတာ အဒစ်ဖ်က ပြောပါတယ်။ မက်ဒရစ်မှ ဟွေလ်ဗာကို ဦးတည်သွားတဲ့ ဒုတိယရထားတစင်းဟာလည်း လမ်းချော်ခဲ့ပါတယ်။ ရထားမတော်ဆမှုတွေကြောင့် လူ ၃၀ ကျော်ဟာ ဒဏ်ရာရအပြင်းအထန်ရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်တီက ပြောပါတယ်။ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေမယ့် ထူးဆန်းတယ်လို့ ဆိုပါတယ်။ ရထား အပျက်အစီးတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေဖို့ ခက်ခဲကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အသက်ရှင်နေသူတယောက်ဆီကို…
Read Moreအလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ ပတ်စ်ပို့၊ OWIC ကတ်နဲ့ ပြည်ပထွက်ခွာခွင့် မပြု
ဇန်နဝါရီ ၁၈ – ၂၀၂၆ SN (VOM) အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ (အလုပ်နိုင်ငံကူးလက်မှတ်)၊ OWIC (အလုပ်သမား သက်သေခံကတ်) နဲ့ ပြည်ပထွက်ခွာခွင့် မပြုတော့ဘူးလို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထားပါတယ်။ ဒါကြောင့် အလည်၊ ဘုရားဖူး၊ ဆေးကုသဖို့အတွက် ပြည်ပ ထွက်ခွာမယ့်သူတွေ အနေနဲ့ PJ (အလုပ်နိုင်ငံကူးလက်မှတ်) အစား PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ ကိုင်ဆောင်ကြဖို့ ဌာနဆိုင်ရာက အကြံပြုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူ တယောက်က “ညွှန်ကြားချက်တွေ တမျိုးပြီးတမျိုး ထုတ်တာတော့ ထုတ်နေတာပဲ။ ဘာ့ကြောင့်လဲလို့ မေးရင် ဌာနကလူတွေက တိကျရေရာတဲ့ အဖြေ မပေးနိုင်ကြဘူး။ ထိုက်သင့်တဲ့မှန်ကန်တဲ့ ပတ်စ်ပို့၊ OWIC ကတ်၊ အလုပ်ဗီဇာရှိရင် လဝက…
Read Moreတရုတ်မှာ အအေးဆုံး အချိန်ဖြစ်နေတာကြောင့် တရုတ်ကို တင်ပို့နေတဲ့ ဖရဲ၊ သခွား အရောင်းအဝယ်အေး
ဇန်နဝါရီ ၁၈၊ ၂၀၂၆ Shy V (VOM) တရုတ်ဘက် ရာသီဥတု အအေးဆုံး အချိန်ဖြစ်နေတာကြောင့် ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား ကနေ တရုတ်နယ်စပ် တာလော့ဘက် တင်ပို့နေတဲ့ ဖရဲ၊ သခွား အရောင်းအဝယ် အေးနေပြီး ဈေးလည်း အနည်းငယ် ကျဆင်းနေကြောင်း ဖရဲ သခွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “တရုတ်နိုင်ငံရဲ့ အအေးဆုံး ရာသီဥတု အချိန်ကို ရောက်ရှိနေတယ်။ နောက် နှစ်ရက်အထိ ဒီလိုပဲ အေးနေအုံးမှာပါ။ နောက်လ ၁၀ ရက်နေ့လောက်မှ ရာသီဥတု ကောင်းမှာပါ။ အဲဒီ အချိန်မှ အရောင်းအဝယ် နည်းနည်း ကောင်းနိုင်မယ်။ ဈေးနှုန်းတွေလည်း အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ခန့်မှန်းရတယ်။” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့…
Read Moreတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဧရာမဆိုင်းဘုတ်ကြီးတွေနဲ့ မဲဆွယ်
မန္တလေး-ဇန်နဝါရီ ၁၈-၂၀၂၆ Voice Of Myanmar မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် တတိယပိုင်းရွေးကောက်ပွဲမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးအတွက် အလျားပေ၃၀ အနံ၁၂ ပေအမြင့်ရှိတဲ့ ဆိုင်းဘုတ်ကြီး ၄ခုကို လူစည်ကားတဲ့နေရာတွေမှာ ဒီကနေ့ဇန်နဝါရီ ၁၈ ရက်က စိုက်ထူပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းနဲ့ မနော်ဟရီလမ်း၊ မဟာမုနိဘုရားကြီး အရှေ့ ၄၅ တာကွင်း၊ ကန်တော်ကြီးနဲ့ စစ်ကိုင်းမန္တလေးလမ်းဆုံ၊ ဦးပွားဘုရားအရှေ့ဘက် ချမ်းတောင်ရပ်ကွက်တွေမှာ စိုက်ထူပြီး ဘင်ခရာတီဝိုင်းတွေ ပါတီဝန်းရံသူတွေနဲ့ ဖွင့်လှစ် မဲဆွယ်ခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မျိုးရွှေ(FPTP) ဦးမြင့်စန်း(PR) ၊ ပြည်သူ့လွှတ်တော်အတွက် ဒေါ်တင်မာကြိုင်၊ တိုင်းဒေသကြီးအတွက် ဒေါ်သန္တာဝင်း(FPTP) ၊ တိုင်းဒေသကြီး PR အတွက် ဦးခင်မောင်ဝင်း၊ ဦးမျိုးကျော်၊ဦးဇော်လင်းထက်၊ ဦးမိုးဝင်းထွဋ်နဲ့ ဦးဝင်းကိုကိုတို့က ယှဥ်ပြိုင်မယ်လို့…
Read Moreရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကော့ကရိတ်မြို့မှာ တိုက်ပွဲ ပြင်းထန်နေ
ဇန်နဝါရီ ၁၈ – ၂၀၂၆ SS (VOM) ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အစိုးရတပ် စစ်ကြောင်းတွေဟာ မနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ စောဟဲ၊ ကောင်းမှုနဲ့ မိပါလဲ့ စတဲ့ ကျေးရွာတွေဘက်ကို အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကျေးရွာတွေဘက် ရောက်လာတဲ့ အစိုးရစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပေါ့။ မနေ့မနက် ၇ နာရီခွဲလောက်ကစပြီး ညနေပိုင်းအထိ တိုက်ပွဲတွေ မရပ်မနား ဖြစ်ခဲ့တယ်။ တိုက်ပွဲက ဒီ…
Read Moreမယ်စဲ့ထောင်က အကျဥ်းသား ၈၀ လောက် သေနတ် ကိုးလက်ယူပြီး ထွက်ပြေး
ဇန်နဝါရီ ၁၈ ၊ ၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ် မြို့ဖြစ်တဲ့ ကယားပြည်နယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့ အကျဥ်းထောင်ကနေ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မနက်၊ အစောပိုင်း ၁ နာရီလောက်က အကျဥ်းသား ၈၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ် ။ အကျဥ်းသားတွေနဲ့အတူ သေနတ် ကိုးလက်လည်း ပါသွားပြီး လွတ်မြောက်သွားတဲ့ အကျဥ်းသားတွေကတော့ တိုက်ပွဲအကြားမှာ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရှိ ရပါတယ်။ ” လက်နက်တွေပါ ယူသွားတယ် ။ အကျဥ်းသားက ပထမ သိရတာ ၅၀ ကျော်လို့သိရတယ်။ အဲဒီနောက် ထပ်သိရတာ အခု ၈၀ လောက်လို့ သိရတယ်။ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ လက်နက်တွေ ပါသွားတော့…
Read More