ရွေး​ကောက်ပွဲမဲဆွယ်စည်းရုံး​ရေး ​နောက်ဆုံး​နေ့အဖြစ် မန္တလေး ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်​တွေ မဲဆွယ်

မန္တ​လေး၊ ဇန်နဝါရီ-၂၂-၂၀၂၆
Voice Of Myanmar
တတိယပိုင်း​ရွေး​ကောက်ပွဲအတွက် ချမ်းမြသာစည်မြို့နယ်က ပြိုင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီလွှတ်​တော်ကိုယ်စားလှယ်​တွေဟာ မြရည်နန္ဒာရပ် ၁၁၅လမ်းနဲ့ ၅၂ လမ်းက ဖူဆယ်ကွင်းမှာ လူထု​​တွေ့ဆုံပွဲလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ချမ်းမြသာစည်မြို့နယ်က​နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှကြွယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(PR)အတွက် ​ဦးတင်ထွန်းနဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦးဝင်း​ဖေ​မောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီမဲဆွယ်ပွဲမှာ လွှတ်​​တော်ကိုယ်စားလှယ်​လောင်း​တွေ ဘာ​တွေကတိ​ပေး ​​ပြောဆိုသွားကြသလဲဆိုတာ VOMက ရိုက်ကူးတင်ပြ​ပေးလိုက်ပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင်

Related posts

Leave a Comment

VOM News

FREE
VIEW